وَإِن تُطِعْ أَكْثَرَ مَن فِي الْأَرْضِ يُضِلُّوكَ عَن سَبِيلِ اللَّهِ ۚ إِن يَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ ١١٦
🔤 Transliteration
Wa in tuti` aksara man fil ardi yudillooka `an sabeelil laah; iny yattabi`oona illaz zanna wa in hum illaa yakhrusoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
စင်စစ်သော်ကား အကယ်၍သာ အသင်သည်ကမ္ဘာမြေဝယ်ရှိ မြောက်မြားစွာသောသူတို့၏ စကားကို လိုက်နာခဲ့မူ၊ ထိုသူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှလွဲချော်မှောက်မှားစေကြကုန်အံ့။ ၎င်းတို့သည် ထင်မြင်ချက်မှ�ပ အခြားမည်သည်ကိုမျှ လိုက်နာကြမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုသူတို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြချေသတည်း။
🌐 Additional reference in ภาษาไทย
၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
تُطِعْ (သွား)။ တုအိသ် - နာခံခြင်း၊ လိုက်နာခြင်း။ أَكْثَرَ مَن فِي الْأَرْضِ (သွား)။ အက္ကသာရာ မန် ဖီလ် အရ်ဒ် - ကမ္ဘာမြေပေါ်ရှိ လူအများစု။ يُضِلُّوكَ (သွား)။ ယုဒ်ဒိလ်လူကာ - သင့်ကို လမ်းလွဲစေကြမည်။ سَبِيلِ اللَّهِ (သွား)။ ဆဗီလိလ္လာဟ် - အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ် (အစ္စလာမ်သာသနာ)။ الظَّنَّ (သွား)။ အဇ်ဇွန်န - ထင်မြင်ယူဆချက်၊ ခန့်မှန်းချက်။ يَخْرُصُونَ (သွား)။ ယခ်ရုဆူန - လိမ်လည်ပြောဆိုကြသည်၊ မှန်းဆပြောဆိုကြသည်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
အို တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်)၊ အကယ်၍ သင်သည် ကမ္ဘာမြေပြင်ပေါ်ရှိ လူအများစု၏ စကားကို နာခံလိုက်နာခဲ့မည်ဆိုလျှင် သူတို့သည် သင့်အား အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်မှ လမ်းလွဲစေကြမည်ဖြစ်သည်။ အကြောင်းမှာ သူတို့သည် မိမိတို့၏ ဘိုးဘွားများ လိုက်နာခဲ့သော လမ်းစဉ်သည် မှန်ကန်သည်ဟု ထင်မြင်ယူဆချက်မှလွဲ၍ အခြားမည်သည့် အခြေခံအထောက်အထားကိုမျှ မလိုက်နာကြခြင်းကြောင့် ဖြစ်သည်။ သူတို့သည် ထိုသို့သော ထင်မြင်ယူဆချက်ကိုသာ လိုက်နာကြပြီး လိမ်လည်မှန်းဆ ပြောဆိုခြင်းမှလည်း မလွတ်ကင်းကြပေ။
ဤအာယသ်တော်သည် အမှန်တရားသည် အများစုနှင့်အတူ ရှိသည်ဟု မထင်မှတ်သင့်ကြောင်း သွန်သင်ပေးသည်။ လူအများစုသည် အမှန်တရားကို မလိုက်နာဘဲ မိမိတို့၏ ဘိုးဘွားများ၏ လမ်းစဉ်ကို အကြောင်းပြချက်မရှိဘဲ လိုက်နာခြင်း၊ ထင်မြင်ယူဆချက်ဖြင့်သာ ဆုံးဖြတ်ခြင်းတို့ကြောင့် လမ်းလွဲနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် အစ္စလာမ်သာသနာသည် အမှန်တရားနှင့် အထောက်အထားအပေါ် အခြေခံသည့် လမ်းစဉ်ဖြစ်ပြီး လူအများစု၏ လုပ်ရပ်ကို မျက်စိကန်းစွာ လိုက်နာခြင်းမဟုတ်ကြောင်း နားလည်နိုင်သည်။
၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
အမှန်တရားသည် အများစုနှင့်အတူ အမြဲရှိသည်မဟုတ်ကြောင်း သိရှိခြင်းဖြင့် လူအများစု၏ လုပ်ရပ်ကို မျက်စိကန်းစွာ မလိုက်နာဘဲ ကျိုးကြောင်းဆင်ခြင်တွေးခေါ်နိုင်စေသည်။ အစ္စလာမ်သာသနာသည် ထင်မြင်ယူဆချက်နှင့် လိမ်လည်မှန်းဆပြောဆိုခြင်းအပေါ် အခြေမခံဘဲ ခိုင်မာသော အထောက
وَإِن تُطِعۡ أَكۡثَرَ مَن فِي ٱلۡأَرۡضِ يُضِلُّوكَ عَن سَبِيلِ ٱللَّهِۚ إِن يَتَّبِعُونَ إِلَّا ٱلظَّنَّ وَإِنۡ هُمۡ إِلَّا يَخۡرُصُونَ ١١٦
စင်စစ်သော်ကား အကယ်၍သာ အသင်သည်ကမ္ဘာမြေဝယ်ရှိ မြောက်မြားစွာသောသူတို့၏ စကားကို လိုက်နာခဲ့မူ၊ ထိုသူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှလွဲချော်မှောက်မှားစေကြကုန်အံ့။ ၎င်းတို့သည် ထင်မြင်ချက်မှ�ပ အခြားမည်သည်ကိုမျှ လိုက်နာကြမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုသူတို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြချေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 114-118 — စူရာ အလ်-အန်အာမ်
114 أَفَغَيْرَ اللَّهِ أَبْتَغِي حَكَمًا وَهُوَ الَّذِي أَنزَلَ إِلَيْكُمُ الْكِتَابَ مُفَصَّلًا ۚ وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْلَمُونَ أَنَّهُ مُنَزَّلٌ مِّن رَّبِّكَ بِالْحَقِّ ۖ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
(အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောကြားပါလေ)။ ‘ငါသည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြားသူကိုစီရင်ဆုံးဖြတ်သူ တရားသူကြီး အဖြစ်ရှာဖွေရပါမည်လော။ အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့ထံ၌ (အလုံးစုံတို့ကို)လင်း၍ ပြထားပြီးဖြစ်သော(ကုရ်အာန်)ကျမ်းဂန်ဒေသနာ တော်မြတ်ကို ချပေးသနားတော်မူခဲ့လေသည်။’အမှန်သော်ကား(ယခင်က)ငါအရှင်မြတ် ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ သောသူတို့သည်လည်းယင်း(ကုရ်အာန်)ကျမ်းတော်မြတ်သည် အသင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်မှ မှန်ကန်သောအကြောင်းအရာနှင့် တကွကျရောက်လာသော ဒေသနာတော်ကျမ်းမြတ်ဖြစ်သည်ကို သိရှိကြကုန်သည်။ သို့ဖြစ်ပေရာ အသင်သည် ဒွိဟမကင်းသူတို့အနက် အပါအဝင် မဖြစ်ပါလေနှင့်။
115 وَتَمَّتْ كَلِمَتُ رَبِّكَ صِدْقًا وَعَدْلًا ۚ لَّا مُبَدِّلَ لِكَلِمَاتِهِ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
၎င်းအပြင် အသင့်အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၏ (ဤ)မုက္ခပါဌ်တော်သည် မှန်ကန်ခြင်း အရာ၌လည်းကောင်း၊ တရားမျှတခြင်းအရာ၌လည်းကောင်း၊စုံလင်ပြည့်စုံလှပေသည်။ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကို ပြောင်းလွှဲနိုင်သူဟူ၍ကား အလျင်းမရှိပြီ။ စင်စစ်မူကားထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင်တည်း။
116 وَإِن تُطِعْ أَكْثَرَ مَن فِي الْأَرْضِ يُضِلُّوكَ عَن سَبِيلِ اللَّهِ ۚ إِن يَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ
စင်စစ်သော်ကား အကယ်၍သာ အသင်သည်ကမ္ဘာမြေဝယ်ရှိ မြောက်မြားစွာသောသူတို့၏ စကားကို လိုက်နာခဲ့မူ၊ ထိုသူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှလွဲချော်မှောက်မှားစေကြကုန်အံ့။ ၎င်းတို့သည် ထင်မြင်ချက်မှ�ပ အခြားမည်သည်ကိုမျှ လိုက်နာကြမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုသူတို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြချေသတည်း။
117 إِنَّ رَبَّكَ هُوَ أَعْلَمُ مَن يَضِلُّ عَن سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်၊ ထိုအရှင်မြတ်၏ လမ်းတော်မှ မည်သူသည် လွဲချော်မှောက်မှားနေသည်ကို ကောင်းစွာသိရှိတော်မူသာအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်လမ်းမှန်ကိုရရှိသူတို့အားလည်း ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။
118 فَكُلُوا مِمَّا ذُكِرَ اسْمُ اللَّهِ عَلَيْهِ إِن كُنتُم بِآيَاتِهِ مُؤْمِنِينَ
သို့ဖြစ်ပေရာ အသင်တို့သည်အကြင် (တိရစ္ဆာန်)ကို စားသုံးကြလေကုန်။ ထို(တိရစ္ဆာန်) ၏အပေါ်၌ အလ္လာဟ်အရှင်မြတ်၏နာမံတော်သည်၊ တသ (၍လှီးဖြတ်) ပြီးဖြစ်လေသည်။ အကယ်၍ အသင်တို့သည် ထိုအရှင်မြတ်၏ အမိန့်တော်များကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြပါလျှင်။
ဘာသာပြန် — အလ်-အန်အာမ် 116 စူရာ အလ်-အန်အာမ် အာယာသ် 116 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အကယ်၍သာ အသင်သည်ကမ္ဘာမြေဝယ်ရှိ မြောက်မြားစွာသောသူတို့၏ စကားကို လိုက်နာခဲ့မူ၊ ထိုသူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှလွဲချော်မှောက်မှားစေကြကုန်အံ့။ ၎င်းတို့သည်…
စူရာ အာယာသ် 116/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 114–118. မြန်မာဘာသာ: ภาษาไทย.