အလ်-အန်အာမ် · 115/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَتَمَّتْ كَلِمَتُ رَبِّكَ صِدْقًا وَعَدْلًا ۚ لَّا مُبَدِّلَ لِكَلِمَاتِهِ ۚ وَهُوَ السَّمِيعُ الْعَلِيمُ ۝١١٥
Wa tammat Kalimatu Rabbika sidqanw wa `adlaa; laa mubaddila li Kalimaatih; wa Huwas Samee`ul `Aleem
📖 မြန်မာဘာသာ
၎င်းအပြင် အသင့်အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၏ (ဤ)မုက္ခပါဌ်တော်သည် မှန်ကန်ခြင်း အရာ၌လည်းကောင်း၊ တရားမျှတခြင်းအရာ၌လည်းကောင်း၊စုံလင်ပြည့်စုံလှပေသည်။ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကို ပြောင်းလွှဲနိုင်သူဟူ၍ကား အလျင်းမရှိပြီ။ စင်စစ်မူကားထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်

  • وَنَمَّتْ (ဝသတမ်မသ်) — ပြည့်စုံသွားသည်၊ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
  • كَلِمَةُ رَبِّكَ (ကလိမသု ရဗ္ဗိက) — သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ စကားတော်၊ ဟူသည်မှာ ကုရ်အာန်ကျမ်းတော်မြတ်ကို ဆိုလိုသည်။
  • صِدْقًا (ဆိဒ်ကွန်) — မှန်ကန်ခြင်း၊ အမှန်တရားကို ဖော်ပြခြင်း။
  • عَدْلًا (အဒ်လန်) — တရားမျှတခြင်း၊ မျှတမှုရှိခြင်း။
  • لَا مُبَدِّلَ (လာ မုဗဒ္ဒိလ) — ပြောင်းလဲနိုင်သူ မရှိပါ၊ ဖျက်ဆီးနိုင်သူ မရှိပါ။
  • السَّمِيعُ (အဆ်ဆမီအူ) — အလွန်တရာ ကြားတော်မူသောအရှင်။
  • الْعَلِيمُ (အလ်အလီမု) — အလွန်တရာ သိတော်မူသောအရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ စကားတော် — ကုရ်အာန်ကျမ်းတော်မြတ်သည် — မှန်ကန်မှုနှင့် တရားမျှတမှုဖြင့် အပြည့်အဝ ပြည့်စုံသွားပြီဖြစ်သည်။ ယင်းကျမ်းတော်မြတ်သည် သတင်းအချက်အလက်များနှင့် ဖော်ပြချက်များတွင် လုံးဝမှန်ကန်သည်။ ထို့အပြင် စီရင်ဆုံးဖြတ်ချက်များနှင့် ပညတ်တော်များတွင် လုံးဝတရားမျှတသည်။ မည်သူတစ်ဦးတစ်ယောက်မျှ အရှင်မြတ်၏ စကားတော်များကို ပြောင်းလဲဖျက်ဆီးနိုင်မည် မဟုတ်ပေ။ အရှင်မြတ်၏ စီရင်ဆုံးဖြတ်ချက်ကို ပယ်ဖျက်နိုင်သူ မရှိသကဲ့သို့ ပညတ်တော်ကို ပြောင်းလဲနိုင်သူလည်း မရှိပေ။ အရှင်မြတ်သည် မိမိကျေးကျွန်များ ပြောဆိုသမျှကို အလွန်တရာ ကြားတော်မူသောအရှင်၊ သူတို့၏ လျှို့ဝှက်ထားသော အကြောင်းအရာများကိုပါ အလွန်တရာ သိတော်မူသောအရှင် ဖြစ်တော်မူသည်။ မည်သည့်အရာမျှ အရှင်မြတ်ထံမှ ကွယ်ဝှက်နိုင်မည် မဟုတ်ပေ။ အရှင်မြတ်၏ စကားတော်များကို ပြောင်းလဲရန် ကြိုးပမ်းသူများကို အရှင်မြတ်သည် အမှန်တရားနှင့်အညီ အစားပေးတော်မူမည် ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာသို့ ဖိတ်ခေါ်မှု

ကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်မှုနှင့် တရားမျှတမှုတွင် အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်သည်။ ယင်းကျမ်းတော်မြတ်တွင် ဖော်ပြထားသော သတင်းအချက်အလက်များသည် လုံးဝမှန်ကန်ပြီး ပညတ်တော်များသည် လုံးဝတရားမျှတသည်။ ဤအချက်က ကုရ်အာန်ကျမ်းတော်မြတ်သည် အရှင်မြတ်ထံတော



📜 အာယာသ် 113-117 — စူရာ အလ်-အန်အာမ်

113وَلِتَصْغَىٰ إِلَيْهِ أَفْئِدَةُ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ وَلِيَرْضَوْهُ وَلِيَقْتَرِفُوا مَا هُم مُّقْتَرِفُونَ
၎င်းပြင် (ယင်းသူတို့သည် အချင်းချင်း တစ်ဦးထံတဦး အပြင်ပန်းလှသော စကားများကို ပို့လေ့ရှိကြသည်မှာ’အာခိရတ်’ နောင်တမလွန်ဘဝကို မယုံကြည် သောသူတို့၏စိတ်နှလုံးများသည် ထို(အပြင်ပန်း လှသောစကားများ)ဘက်သို့ယိမ်းယိုင် ကိုင်းညွတ်ရန်အလို့ငှာ၎င်း၊ ထိုစကားများကိုနှစ်သက်ကြရန် အလို့ငှာလည်းကောင်း၊ ထိုသူတို့သည် (ယခု)ပြုလုပ်လျက်ရှိသည်များကို ပြုလုပ်မြဲ ပြုလုပ်ကြရန်လည်းကောင်း၊ဖြစ်ချေသတည်း။
114أَفَغَيْرَ اللَّهِ أَبْتَغِي حَكَمًا وَهُوَ الَّذِي أَنزَلَ إِلَيْكُمُ الْكِتَابَ مُفَصَّلًا ۚ وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْلَمُونَ أَنَّهُ مُنَزَّلٌ مِّن رَّبِّكَ بِالْحَقِّ ۖ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
(အို-နဗီတမန်တော် အသင်သည် ဤသို့ ပြောကြားပါလေ)။ ‘ငါသည် အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြားသူကိုစီရင်ဆုံးဖြတ်သူ တရားသူကြီး အဖြစ်ရှာဖွေရပါမည်လော။ အမှန်စင်စစ် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့ထံ၌ (အလုံးစုံတို့ကို)လင်း၍ ပြထားပြီးဖြစ်သော(ကုရ်အာန်)ကျမ်းဂန်ဒေသနာ တော်မြတ်ကို ချပေးသနားတော်မူခဲ့လေသည်။’အမှန်သော်ကား(ယခင်က)ငါအရှင်မြတ် ကျမ်းဂန်ဒေသနာတော်ကို ချီးမြှင့်ပေးသနားတော်မူခဲ့ သောသူတို့သည်လည်းယင်း(ကုရ်အာန်)ကျမ်းတော်မြတ်သည် အသင့်အားမွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်ထံတော်မှ မှန်ကန်သောအကြောင်းအရာနှင့် တကွကျရောက်လာသော ဒေသနာတော်ကျမ်းမြတ်ဖြစ်သည်ကို သိရှိကြကုန်သည်။ သို့ဖြစ်ပေရာ အသင်သည် ဒွိဟမကင်းသူတို့အနက် အပါအဝင် မဖြစ်ပါလေနှင့်။
115وَتَمَّتْ كَلِمَتُ رَبِّكَ صِدْقًا وَعَدْلًا ۚ لَّا مُبَدِّلَ لِكَلِمَاتِهِ ۚ وَهُوَ السَّمِيعُ الْعَلِيمُ
၎င်းအပြင် အသင့်အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၏ (ဤ)မုက္ခပါဌ်တော်သည် မှန်ကန်ခြင်း အရာ၌လည်းကောင်း၊ တရားမျှတခြင်းအရာ၌လည်းကောင်း၊စုံလင်ပြည့်စုံလှပေသည်။ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကို ပြောင်းလွှဲနိုင်သူဟူ၍ကား အလျင်းမရှိပြီ။ စင်စစ်မူကားထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပင်တည်း။
116وَإِن تُطِعْ أَكْثَرَ مَن فِي الْأَرْضِ يُضِلُّوكَ عَن سَبِيلِ اللَّهِ ۚ إِن يَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ
စင်စစ်သော်ကား အကယ်၍သာ အသင်သည်ကမ္ဘာမြေဝယ်ရှိ မြောက်မြားစွာသောသူတို့၏ စကားကို လိုက်နာခဲ့မူ၊ ထိုသူတို့သည် အသင့်အား အလ္လာဟ်အရှင်မြတ်၏လမ်းမှလွဲချော်မှောက်မှားစေကြကုန်အံ့။ ၎င်းတို့သည် ထင်မြင်ချက်မှ�ပ အခြားမည်သည်ကိုမျှ လိုက်နာကြမည်မဟုတ်ပေ။ စင်စစ်သော်ကား ထိုသူတို့သည် ရမ်းဆပြောဆိုသူများသာ ဖြစ်ကြချေသတည်း။
117إِنَّ رَبَّكَ هُوَ أَعْلَمُ مَن يَضِلُّ عَن سَبِيلِهِ ۖ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည်၊ ထိုအရှင်မြတ်၏ လမ်းတော်မှ မည်သူသည် လွဲချော်မှောက်မှားနေသည်ကို ကောင်းစွာသိရှိတော်မူသာအရှင်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင်လမ်းမှန်ကိုရရှိသူတို့အားလည်း ကောင်းစွာ သိရှိတော်မူသောအရှင် ဖြစ်တော်မူ၏။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
115အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 115

စူရာ အလ်-အန်အာမ် အာယာသ် 115 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းအပြင် အသင့်အား မွေးမြူဖန်ဆင်းတော်မူသောအရှင်မြတ်၏ (ဤ)မုက္ခပါဌ်တော်သည် မှန်ကန်ခြင်း အရာ၌လည်းကောင်း၊ တရားမျှတခြင်းအရာ၌လည်းကောင်း၊စုံလင်ပြည့်စုံလှပေသည်။ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကို ပြောင်းလွှဲနိုင်သူဟူ၍ကား…

စူရာ အာယာသ် 115/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 113–117. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers