အလ်-အန်အာမ် · 162/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ ۝١٦٢
Qul inna Salaatee wa nusukee wa mahyaaya wa mamaatee lillaahi Rabbil `aalameen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန်ဤသို့)ပြောကြားပါဦးလေ။ (အချင်းတို့)ငါ၏ ဆွလာတ်ဝတ်ပြုမှုသည်လည်းကောင်း၊ ငါ၏(အခြားအခြားသော) ခဝပ်ကိုးကွယ်မှု(အပေါင်း)တို့သည်လည်းကောင်း၊ ငါ၏အသက်ရှင်ခြင်းသည်လည်းကောင်း၊ ငါ၏အသက်သေခြင်းသည်လည်းကောင်း၊ စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှစ်သက်တော်မူရန် သာလျှင်ဖြစ်သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အရှင်သခင်၊ အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သည်။
  2. ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ်(ဆွ)အား မိစ္ဆာကောင်များနှင့် အခြားသူများကို ပြောကြားရန် မိန့်တော်မူခဲ့သည်။ ဆိုလိုသည်မှာ ကျွန်ုပ်၏ ဆွလာသ်ဝတ်ပြုမှု၊ ကျွန်ုပ်၏ ကုရ်ဘာနီ(သတ်ကောင်ပူဇော်မှု)၊ ကျွန်ုပ်၏ အသက်ရှင်နေထိုင်မှုနှင့် ကျွန်ုပ်၏ သေဆုံးမှုအားလုံးသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သည်။ ရုပ်တုများ၊ သေဆုံးသွားသူများ၊ ဂျင်န်များ သို့မဟုတ် အလ္လာဟ်အရှင်မြတ်၏ နာမတော်မှလွဲ၍ အခြားအမည်များဖြင့် သတ်ကောင်ပူဇော်သည့် အရာများအတွက် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား အသက်ရှင်စေပြီး သေဆုံးစေသည့်အရှင်ဖြစ်သည်။ ဤအရာအားလုံးသည် စကြဝဠာအားလုံး၏ အရှင်သခင် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သည်။
  3. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • အစ္စလာမ်သာသနာသည် လူသားတို့၏ ဘဝတစ်ခုလုံးကို အလ္လာဟ်အရှင်မြတ်အတွက် ဆက်ကပ်အပ်နှံရန် သွန်သင်ပေးသည်။ ဝတ်ပြုမှု၊ ပူဇော်မှု၊ အသက်ရှင်မှုနှင့် သေဆုံးမှုအားလုံးသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သင့်သည်။
  • ဤအာယသ်တော်သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်ခြင်း(တောင်ဟီဒ်)၏ အခြေခံအုတ်မြစ်ကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ရုပ်တုများ၊ သေဆုံးသွားသူများ သို့မဟုတ် အခြားအရာများကို ပူဇော်ခြင်းသည် အစ္စလာမ်၏ သွန်သင်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် စကြဝဠာအားလုံး၏ အရှင်သခင်ဖြစ်တော်မူသည်။ ကျွန်ုပ်တို့၏ အသက်ရှင်မှုနှင့် သေဆုံးမှုသည် ထိုအရှင်မြတ်၏ လက်တော်အတွင်း၌သာ ရှိသည်။ ဤအသိသည် လူသားတို့အား စိတ်အေးချမ်းသာမှုနှင့် ယုံကြည်မှုခိုင်မာစေသည်။
  • ဤအာယသ်တော်သည် မွတ်စ်လင်မ်တို့အား ၎င်းတို့၏ ဘဝတစ်ခုလုံးကို အလ္လာဟ်အရှင်မြတ်အတွက် ဆက်ကပ်အပ်နှံရန် အားပေးတိုက်တွန်းသည်။ ဝတ်ပြုမှုတွင်သာမက နေ့စဉ်ဘဝ၏ အပြုအမူအားလုံးတွင်ပါ အလ္လာဟ်အရှင်မြတ်ကို ရည်ရွယ်ချက်ထားရှိရမည်။
  • အစ္စလာမ်သာသနာသည် လူသားတို့အား ဤဘဝနှင့် နောင်ဘဝနှစ်ခုလုံးအတွက် လမ်းညွှန်ချက်ပေးသည်။ အလ္လာဟ်အရှင်မြတ်အတ


📜 အာယာသ် 160-164 — စူရာ အလ်-အန်အာမ်

160مَن جَاءَ بِالْحَسَنَةِ فَلَهُ عَشْرُ أَمْثَالِهَا ۖ وَمَن جَاءَ بِالسَّيِّئَةِ فَلَا يُجْزَىٰ إِلَّا مِثْلَهَا وَهُمْ لَا يُظْلَمُونَ
မည်သူမဆို ကောင်းမှုကို ယူဆောင်ခဲ့အံ့။ ထိုသူသည်(အနည်းဆုံး)ယင်းကောင်းမှု၏ ဆယ်ဆကိုရရှိပေအံ့။ ၎င်းပြင် မည်သူမဆို မကောင်းမှုဒုစရိုက်ကို ယူဆောင်ခဲ့အံ့။ ထိုသူသည် ယင်းမကောင်းမှုနှင့် ထပ်တူထပ်မျှသာ အစားပေးခြင်းခံရ လတ္တံ့။ (အပြစ်ရှိသည်ထက် ပို၍ခံရမည်မဟုတ်)။၎င်းပြင် ထိုသူတို့သည် မတရားနှိပ်စက်ခြင်းကိုခံကြရမည်မဟုတ်ပေ။
161قُلْ إِنَّنِي هَدَانِي رَبِّي إِلَىٰ صِرَاطٍ مُّسْتَقِيمٍ دِينًا قِيَمًا مِّلَّةَ إِبْرَاهِيمَ حَنِيفًا ۚ وَمَا كَانَ مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါ၏အရှင်မြတ်သည်ငါ့အားဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ပို့ဆောင်တော်မူခဲ့လေပြီ။ (ထိုတရားလမ်းမှာ)အလွန်တည်တံ့ ခိုင်ခံ့သောသာသနာပင် ဖြစ်ပေသည်။ တည်ကြည် ဖြောင့်မတ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်၏လမ်းစဉ်ပင် ဖြစ်ပေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် တစ်စုံတစ်ရာကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သောသူများတွင် ပါဝင်ခဲ့ သည်မဟုတ်။
162قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန်ဤသို့)ပြောကြားပါဦးလေ။ (အချင်းတို့)ငါ၏ ဆွလာတ်ဝတ်ပြုမှုသည်လည်းကောင်း၊ ငါ၏(အခြားအခြားသော) ခဝပ်ကိုးကွယ်မှု(အပေါင်း)တို့သည်လည်းကောင်း၊ ငါ၏အသက်ရှင်ခြင်းသည်လည်းကောင်း၊ ငါ၏အသက်သေခြင်းသည်လည်းကောင်း၊ စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှစ်သက်တော်မူရန် သာလျှင်ဖြစ်သည်။
163لَا شَرِيكَ لَهُ ۖ وَبِذَٰلِكَ أُمِرْتُ وَأَنَا أَوَّلُ الْمُسْلِمِينَ
ထိုအရှင်မြတ်၌ တွဲဖက်ဟူ၍ အလျင်းမရှိချေ။ငါသည် ဤသည်နှင့်စပ်လျဉ်း၍ပင် အမိန့်တော်ကိုရရှိခဲ့၏။၎င်းပြင် ငါသည် အမိန့်တော်ကိုလိုက်နာသူတို့တွင် ပထမဦးဆုံးပင် ဖြစ်ချေသတည်း။
164قُلْ أَغَيْرَ اللَّهِ أَبْغِي رَبًّا وَهُوَ رَبُّ كُلِّ شَيْءٍ ۚ وَلَا تَكْسِبُ كُلُّ نَفْسٍ إِلَّا عَلَيْهَا ۚ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۚ ثُمَّ إِلَىٰ رَبِّكُم مَّرْجِعُكُمْ فَيُنَبِّئُكُم بِمَا كُنتُمْ فِيهِ تَخْتَلِفُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန် ထပ်မံ၍ ဤသို့) ပြောကြားပါဦးလေ။ (အချင်းတို့)ငါသည် အလ္လာဟ်အရှင်မြတ်အပြင် အခြားကို ဖန်ဆင်းမွေးမြူသောအရှင်အဖြစ် ရှာဖွေရပါမည်လော။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကိုဖန်ဆင်း မွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်။၎င်းပြင်မည်သူမဆို (တစ်စုံတစ်ရာကို) ရှာဖွေ ဆည်းပူး ပြုလုပ်ခဲ့သော်ထိုသူ၏အပေါ်၌သာလျှင်ရှိပေအံ့။ ထို့ပြင် သယ်ပိုးသူတဦးမျှပင် သူတစ်ပါး၏ဝန်ကို သယ်ပိုးလိမ့်မည်မဟုတ်ပေ။ ထို့နောက်အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော် သို့သာလျှင်ပြန်ကြရမည်။ ထိုအခါ ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား၊ အသင်တို့ကွဲပြားလျက်ရှိခဲ့ကြသော ကိစ္စများကို သိစေတော်မူမည်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
162အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 162

စူရာ အလ်-အန်အာမ် အာယာသ် 162 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန်ဤသို့)ပြောကြားပါဦးလေ။ (အချင်းတို့)ငါ၏ ဆွလာတ်ဝတ်ပြုမှုသည်လည်းကောင်း၊ ငါ၏(အခြားအခြားသော) ခဝပ်ကိုးကွယ်မှု(အပေါင်း)တို့သည်လည်းကောင်း၊ ငါ၏အသက်ရှင်ခြင်းသည်လည်းကောင်း၊ ငါ၏အသက်သေခြင်းသည်လည်းကောင်း၊…

စူရာ အာယာသ် 162/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 160–164. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers