لَا شَرِيكَ لَهُ ۖ وَبِذَٰلِكَ أُمِرْتُ وَأَنَا أَوَّلُ الْمُسْلِمِينَ ١٦٣
🔤 Transliteration
Laa shareeka lahoo wa bizaalika umirtu wa ana awwalul muslimeen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုအရှင်မြတ်၌ တွဲဖက်ဟူ၍ အလျင်းမရှိချေ။ငါသည် ဤသည်နှင့်စပ်လျဉ်း၍ပင် အမိန့်တော်ကိုရရှိခဲ့၏။၎င်းပြင် ငါသည် အမိန့်တော်ကိုလိုက်နာသူတို့တွင် ပထမဦးဆုံးပင် ဖြစ်ချေသတည်း။
🌐 Additional reference in ภาษาไทย
၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ لَا شَرِيكَ لَهُ (လာ ရှရီကာ လဟု) — သူ့အတွက် တွဲဖက်တစ်ဦးတစ်ယောက်မျှ မရှိပါ။أُمِرْتُ (အုမိရ်တု) — ကျွန်ုပ် မိန့်မှာခြင်းခံရသည်။أَوَّلُ الْمُسْلِمِينَ (အဝ်ဝလုလ် မုစ်လိမီန) — မွတ်စ်လင်မ်များထဲတွင် ပထမဆုံးသူ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်း (တောင်ဟီဒ်) ကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ဘုရားဖြစ်တော်မူခြင်း (အူလူဟိယျဟ်)၊ ဖန်ဆင်းအုပ်ချုပ်ခြင်း (ရုဗူဗိယျဟ်)၊ နာမတော်များနှင့် ဂုဏ်တော်များ (အစ္မာအ် ဝသိဖာသ်) အားလုံးတွင် တွဲဖက်တစ်ဦးတစ်ယောက်မျှ မရှိပါ။ ထိုသို့ စင်ကြယ်သော တောင်ဟီဒ်ဖြင့် အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်အား မိန့်မှာတော်မူခဲ့ပါသည်။ ကျွန်ုပ်သည် ဤအူမ္မသ် (မွတ်စ်လင်မ်အသိုင်းအဝိုင်း) ထဲတွင် အလ္လာဟ်အရှင်မြတ်ထံ အရှင်သခင်အဖြစ် လက်ခံအပ်နှံပြီး ကိုယ်စိတ်နှစ်ဖြာ လိုက်နာကျင့်သုံးသူများထဲတွင် ပထမဆုံးသူ ဖြစ်ပါသည်။ ဤသည်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ကိုယ်တော်တိုင် မိမိ၏ အရှင်သခင်အပေါ် သစ္စာရှိမှုနှင့် လက်အောက်ခံမှုကို ကြေညာတော်မူခြင်း ဖြစ်ပါသည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ၁။ တောင်ဟီဒ်၏ အခြေခံအုတ်မြစ် — အလ္လာဟ်အရှင်မြတ်သည် ဘုရားဖြစ်တော်မူခြင်း၊ ဖန်ဆင်းအုပ်ချုပ်ခြင်း၊ နာမတော်နှင့် ဂုဏ်တော်များအားလုံးတွင် တစ်ဆူတည်းဖြစ်တော်မူကြောင်း နားလည်သဘောပေါက်ခြင်းသည် အစ္စလာမ်၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။
၂။ ရှိရ်က် (တွဲဖက်ကိုးကွယ်မှု) မှ ကင်းဝေးခြင်း — ဤအာယသ်တော်သည် ရှိရ်က်၏ အမှောင်ထုမှ လွတ်မြောက်ပြီး စင်ကြယ်သော တောင်ဟီဒ်၏ အလင်းရောင်ထဲသို့ ဝင်ရောက်ရန် လမ်းညွှန်ပေးပါသည်။
၃။ အစ္စလာမ်သည် လက်အောက်ခံမှု၏ အမည် — "မုစ်လင်မ်" ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်ထံ အပြည့်အဝ လက်အောက်ခံသူဟု အဓိပ္ပာယ်ရပါသည်။ တမန်တော်မြတ်သည် ဤအူမ္မသ်အတွက် ပထမဆုံး မုစ်လင်မ် ဖြစ်တော်မူသကဲ့သို့ ကျွန်ုပ်တို့လည်း ထိုလမ်းစဉ်ကို
لَا شَرِيكَ لَهُۥۖ وَبِذَٰلِكَ أُمِرۡتُ وَأَنَا۠ أَوَّلُ ٱلۡمُسۡلِمِينَ ١٦٣
ထိုအရှင်မြတ်၌ တွဲဖက်ဟူ၍ အလျင်းမရှိချေ။ငါသည် ဤသည်နှင့်စပ်လျဉ်း၍ပင် အမိန့်တော်ကိုရရှိခဲ့၏။၎င်းပြင် ငါသည် အမိန့်တော်ကိုလိုက်နာသူတို့တွင် ပထမဦးဆုံးပင် ဖြစ်ချေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 161-165 — စူရာ အလ်-အန်အာမ်
161 قُلْ إِنَّنِي هَدَانِي رَبِّي إِلَىٰ صِرَاطٍ مُّسْتَقِيمٍ دِينًا قِيَمًا مِّلَّةَ إِبْرَاهِيمَ حَنِيفًا ۚ وَمَا كَانَ مِنَ الْمُشْرِكِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါ၏အရှင်မြတ်သည်ငါ့အားဖြောင့်မတ်မှန်ကန်သော တရားလမ်းသို့ ပို့ဆောင်တော်မူခဲ့လေပြီ။ (ထိုတရားလမ်းမှာ)အလွန်တည်တံ့ ခိုင်ခံ့သောသာသနာပင် ဖြစ်ပေသည်။ တည်ကြည် ဖြောင့်မတ်သော နဗီတမန်တော် အစ်ဗ်ရာဟီမ်၏လမ်းစဉ်ပင် ဖြစ်ပေသည်။ ၎င်းပြင် ထို(နဗီတမန်တော်) အစ်ဗ်ရာဟီမ်သည် တစ်စုံတစ်ရာကိုအလ္လာဟ် အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သောသူများတွင် ပါဝင်ခဲ့ သည်မဟုတ်။
162 قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန်ဤသို့)ပြောကြားပါဦးလေ။ (အချင်းတို့)ငါ၏ ဆွလာတ်ဝတ်ပြုမှုသည်လည်းကောင်း၊ ငါ၏(အခြားအခြားသော) ခဝပ်ကိုးကွယ်မှု(အပေါင်း)တို့သည်လည်းကောင်း၊ ငါ၏အသက်ရှင်ခြင်းသည်လည်းကောင်း၊ ငါ၏အသက်သေခြင်းသည်လည်းကောင်း၊ စကြဝဠာခပ်သိမ်းကို ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်နှစ်သက်တော်မူရန် သာလျှင်ဖြစ်သည်။
163 لَا شَرِيكَ لَهُ ۖ وَبِذَٰلِكَ أُمِرْتُ وَأَنَا أَوَّلُ الْمُسْلِمِينَ
ထိုအရှင်မြတ်၌ တွဲဖက်ဟူ၍ အလျင်းမရှိချေ။ငါသည် ဤသည်နှင့်စပ်လျဉ်း၍ပင် အမိန့်တော်ကိုရရှိခဲ့၏။၎င်းပြင် ငါသည် အမိန့်တော်ကိုလိုက်နာသူတို့တွင် ပထမဦးဆုံးပင် ဖြစ်ချေသတည်း။
164 قُلْ أَغَيْرَ اللَّهِ أَبْغِي رَبًّا وَهُوَ رَبُّ كُلِّ شَيْءٍ ۚ وَلَا تَكْسِبُ كُلُّ نَفْسٍ إِلَّا عَلَيْهَا ۚ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۚ ثُمَّ إِلَىٰ رَبِّكُم مَّرْجِعُكُمْ فَيُنَبِّئُكُم بِمَا كُنتُمْ فِيهِ تَخْتَلِفُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားတဖန် ထပ်မံ၍ ဤသို့) ပြောကြားပါဦးလေ။ (အချင်းတို့)ငါသည် အလ္လာဟ်အရှင်မြတ်အပြင် အခြားကို ဖန်ဆင်းမွေးမြူသောအရှင်အဖြစ် ရှာဖွေရပါမည်လော။ အမှန်စင်စစ်သော်ကား ထို(အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် အရာခပ်သိမ်းတို့ကိုဖန်ဆင်း မွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်။၎င်းပြင်မည်သူမဆို (တစ်စုံတစ်ရာကို) ရှာဖွေ ဆည်းပူး ပြုလုပ်ခဲ့သော်ထိုသူ၏အပေါ်၌သာလျှင်ရှိပေအံ့။ ထို့ပြင် သယ်ပိုးသူတဦးမျှပင် သူတစ်ပါး၏ဝန်ကို သယ်ပိုးလိမ့်မည်မဟုတ်ပေ။ ထို့နောက်အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော် သို့သာလျှင်ပြန်ကြရမည်။ ထိုအခါ ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အား၊ အသင်တို့ကွဲပြားလျက်ရှိခဲ့ကြသော ကိစ္စများကို သိစေတော်မူမည်။
165 وَهُوَ الَّذِي جَعَلَكُمْ خَلَائِفَ الْأَرْضِ وَرَفَعَ بَعْضَكُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِّيَبْلُوَكُمْ فِي مَا آتَاكُمْ ۗ إِنَّ رَبَّكَ سَرِيعُ الْعِقَابِ وَإِنَّهُ لَغَفُورٌ رَّحِيمٌ
ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားပထဝီမြေပြင်၌ ကိုယ်စားလှယ်များအဖြစ် ချီးမြှင့် တော်မူခဲ့လေသည်။ ၎င်းအပြင် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အားမိမိချီးမြှင့်ထားတော်မူသော ကျေးဇူးတော်များနှင့်စပ်လျဉ်း၍စမ်းသပ်တော်မူခြင်းငှာ အသင်တို့အနက် အချို့ကို အဆင့်အတန်းအားဖြင့် အချို့ထက် မြင့်စေတော်မူခဲ့၏။ ဧကန်စင်စစ်အသင့်အား မွေးမြူတော်မူ သောအရှင်မြတ်သည် လျှင်မြန်စွာပြစ်ဒဏ်ပေး တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။၎င်းပြင် ထိုအရှင်မြတ်သည် အလွန်လွတ်ငြိမ်း ချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။(ရကူ)
ဘာသာပြန် — အလ်-အန်အာမ် 163 စူရာ အလ်-အန်အာမ် အာယာသ် 163 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်၌ တွဲဖက်ဟူ၍ အလျင်းမရှိချေ။ငါသည် ဤသည်နှင့်စပ်လျဉ်း၍ပင် အမိန့်တော်ကိုရရှိခဲ့၏။၎င်းပြင် ငါသည် အမိန့်တော်ကိုလိုက်နာသူတို့တွင် ပထမဦးဆုံးပင် ဖြစ်ချေသတည်း။
စူရာ အာယာသ် 163/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 161–165. မြန်မာဘာသာ: ภาษาไทย.