အလ်-အန်အာမ် · 69/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَمَا عَلَى الَّذِينَ يَتَّقُونَ مِنْ حِسَابِهِم مِّن شَيْءٍ وَلَٰكِن ذِكْرَىٰ لَعَلَّهُمْ يَتَّقُونَ ۝٦٩
Wa maa `alal lazeena yattaqoona min hisaabihim min shai`inw wa laakin zikraa la`allahum yattaqoon
📖 မြန်မာဘာသာ
၎င်းပြင် (ရှရီအတ်၏တားမြစ်ချက်များမှ) ကြဉ်ရှောင်ကြကုန်သောသူတို့အပေါ်၌ မွတ်ရှ်ရစ်က် တို့နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းသည် လုံးဝမရှိချေ။ သို့ရာတွင်ထိုသူတို့အပေါ်၌ ဆုံးမဩဝါဒ စကားပြောရန် တာဝန်ကားရှိပေသည်။ သို့မှသာလျှင် ထိုသူများသည် ရှောင်ကြဉ်ကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အလ်-အန်အာမ် စူရာဟ် (အခန်း ၆) အာယသ် ၆၉ ၏ စကားလုံးအဓိပ္ပာယ်များ
  • ယတ္တကူန (يَتَّقُونَ) — အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပြီး အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်သူများ။
  • ဟိသာဗိဟင်မ် (حِسَابِهِم) — သူတို့၏ စာရင်းရှင်းတမ်း၊ ဆိုလိုသည်မှာ သူတို့၏ ပြစ်မှုများအတွက် စစ်ဆေးမေးမြန်းခြင်း။
  • သိကရာ (ذِكْرَى) — သတိပေးနှိုးဆော်ခြင်း၊ သတိရစေခြင်း။
  1. အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော မုအ်မင်န်များသည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို ပြက်ရယ်ပြုသူများ၊ မကောင်းသော စကားများကို ပြောဆိုသူများ၏ စာရင်းရှင်းတမ်းအတွက် တာဝန်မရှိပါ။ သူတို့၏ ပြစ်မှုများအတွက် မုအ်မင်န်များ တာဝန်ခံရမည် မဟုတ်ပါ။ သို့သော် မုအ်မင်န်များအပေါ် တာဝန်ရှိသည်မှာ ထိုသူများကို သတိပေးနှိုးဆော်ခြင်း၊ မကောင်းသော စကားများနှင့် လုပ်ရပ်များမှ ရပ်တန့်ရန် အကြံပြုခြင်းဖြစ်သည်။ ဤသို့ သတိပေးခြင်းဖြင့် သူတို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ပြီး အမိန့်တော်များကို လိုက်နာ၍ တားမြစ်ချက်များကို ရှောင်ကြဉ်လာနိုင်မည် ဖြစ်သည်။

ဤအာယသ်သည် မုအ်မင်န်များအတွက် လမ်းညွှန်ချက်ဖြစ်သည်။ မယုံကြည်သူများ၊ ပြက်ရယ်ပြုသူများနှင့် ဆက်ဆံရာတွင် သူတို့၏ ပြစ်မှုများအတွက် မုအ်မင်န်များ တာဝန်ခံရမည် မဟုတ်သော်လည်း ထိုသူများကို သတိပေးရန်၊ ကောင်းသောလမ်းသို့ ခေါ်ရန် တာဝန်ရှိသည်။ ဤသို့ သတိပေးခြင်းသည် သူတို့အား အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော သူများဖြစ်လာစေရန် ရည်ရွယ်သည်။

  1. ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများ
  • အစ္စလာမ်သည် မုအ်မင်န်များအား အခြားသူများ၏ ပြစ်မှုများအတွက် တာဝန်ခံစေခြင်း မဟုတ်ဘဲ မိမိတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် သွန်သင်ပေးသည်။
  • မုအ်မင်န်များသည် မကောင်းသော လုပ်ရပ်များကို မြင်တွေ့ရာတွင် သတိပေးရန်၊ ကောင်းသောလမ်းသို့ ခေါ်ရန် တာဝန်ရှိသည်။ ဤသို့ ပြုလုပ်ခြင်းသည် အခြားသူများကို အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့သော သူများဖြစ်လာစေရန် အထောက်အကူပြုသည်။
  • အစ္စလာမ်သည် သည်းခံခြင်း၊ ခွင့်လွှတ


📜 အာယာသ် 67-71 — စူရာ အလ်-အန်အာမ်

67لِّكُلِّ نَبَإٍ مُّسْتَقَرٌّ ۚ وَسَوْفَ تَعْلَمُونَ
အကြောင်းကြားချက်၊ မှာကြားချက်သတင်းတိုင်း(ဖြစ်ပျက်ရန်) အတွက် ကန့်သတ်ထားသော အချိန်တစ်ချိန်ရှိ၏။ စင်စစ် အသင်တို့သည် မကြာမီအတွင်း သိရှိကြမည်။
68وَإِذَا رَأَيْتَ الَّذِينَ يَخُوضُونَ فِي آيَاتِنَا فَأَعْرِضْ عَنْهُمْ حَتَّىٰ يَخُوضُوا فِي حَدِيثٍ غَيْرِهِ ۚ وَإِمَّا يُنسِيَنَّكَ الشَّيْطَانُ فَلَا تَقْعُدْ بَعْدَ الذِّكْرَىٰ مَعَ الْقَوْمِ الظَّالِمِينَ
၎င်းပြင် (အို-နဗီတမန်တော်) ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို ကဲ့ရဲ့ပြစ်တင်သော သူတို့ကို အသင်တွေ့မြင်သောအခါ ၎င်းတို့သည် အခြားအကြောင်းအရာများ၌ စိတ်ဝင်စားသွားကြသည်အထိ အသင်သည် ၎င်းတို့၏ထံ (ထိုင်ခြင်း)မှ လွှဲရှောင်နေပါလေ။ ၎င်းပြင် အကယ်၍ ရှိုင်တွာန်သည် အသင့်အား မေ့လျော့စေခဲ့သော် ပြန်လည်သတိရရှိပြီးနောက်တွင်မူ အသင်သည် မတော်မတရားပြုမူသော သူတို့နှင့်အတူ မထိုင်ပါလေနှင့်။
69وَمَا عَلَى الَّذِينَ يَتَّقُونَ مِنْ حِسَابِهِم مِّن شَيْءٍ وَلَٰكِن ذِكْرَىٰ لَعَلَّهُمْ يَتَّقُونَ
၎င်းပြင် (ရှရီအတ်၏တားမြစ်ချက်များမှ) ကြဉ်ရှောင်ကြကုန်သောသူတို့အပေါ်၌ မွတ်ရှ်ရစ်က် တို့နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းသည် လုံးဝမရှိချေ။ သို့ရာတွင်ထိုသူတို့အပေါ်၌ ဆုံးမဩဝါဒ စကားပြောရန် တာဝန်ကားရှိပေသည်။ သို့မှသာလျှင် ထိုသူများသည် ရှောင်ကြဉ်ကြပေမည်။
70وَذَرِ الَّذِينَ اتَّخَذُوا دِينَهُمْ لَعِبًا وَلَهْوًا وَغَرَّتْهُمُ الْحَيَاةُ الدُّنْيَا ۚ وَذَكِّرْ بِهِ أَن تُبْسَلَ نَفْسٌ بِمَا كَسَبَتْ لَيْسَ لَهَا مِن دُونِ اللَّهِ وَلِيٌّ وَلَا شَفِيعٌ وَإِن تَعْدِلْ كُلَّ عَدْلٍ لَّا يُؤْخَذْ مِنْهَا ۗ أُولَٰئِكَ الَّذِينَ أُبْسِلُوا بِمَا كَسَبُوا ۖ لَهُمْ شَرَابٌ مِّنْ حَمِيمٍ وَعَذَابٌ أَلِيمٌ بِمَا كَانُوا يَكْفُرُونَ
၎င်းပြင် အသင်သည် အကြင်သူများကို စွန့်လွှတ်ထားပါလေ။ ထိုသူများသည် မိမိတို့၏ ‘ဒီန်’သာသနာကိုကစားခုန်စားစရာ၊ ပျော်ရွှင်မြူးထူးစရာ ပြုလုပ်ထားကြ၏။၎င်းပြင် ထိုသူတို့ကို ဤပစ္စုပ္ပန် လောကီဘဝသည် လှည့်ဖြားထား၏။ သို့ရာတွင် တဦးတယောက်သောသူသည် မိမိအပြုအမူတို့ကြောင့် ဖမ်းဆီးခြင်းကို မခံရလေအောင် အသင်သည်(၎င်းတို့အား) ဤ(ကုရ်အာန် ကျမ်းတော်မြတ်)ဖြင့် ဆုံးမလျက်လည်းရှိပါလေ။ (ယင်းသို့ဖြစ်လျှင်) ထိုသူတို့၏အဖို့မှာ အလ္လာဟ်အရှင်မြတ်အပြင် ကိစ္စအဝဝကို ဆောင်ရွက်ပေးမည့် သူဟူ၍လည်းကောင်း၊ (အပြစ်မှချမ်းသာမှုရရှိစေရန်) ကြားဝင်အသနား ခံပေးမည့်သူ ဟူ၍လည်းကောင်း၊ (မည်သူတစ်ဦးတစ်ယောက်မျှ) ရှိလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး အကယ်၍ထိုသူသည် အားလုံးသောအစားထိုးခြင်းကို အစားထိုးငြားသော်လည်း အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ထံမှ လက်ခံခြင်းရှိလိမ့်မည် မဟုတ်ချေ။ (မိမိတို့ဘာသာ သာသနာကို ကစားဖွယ်ဖွယ်ရ ပျော်ရွင်မြူးထူးဖွယရာ ပြုလုပ်ထားသော) ဤသူများပင်လျှင် အကြင်သူများတည်း။ ထိုသူတို့သည် မိမိတို့၏အပြုအမူတို့ကြောင့် ဖမ်းဆီးခြင်းကို ခံကြရလေပြီ။ ၎င်းတို့အဖို့၎င်းတို့သွေဖည်ငြင်းပယ်ခဲ့ကြသည့် အတွက်ကြောင့် သောက်ရန် အလွန်ပူလောင�သောရေနှင့် အလွန် ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် အဆင်သင့်ရှိပေသည်။(ရကူ)
71قُلْ أَنَدْعُو مِن دُونِ اللَّهِ مَا لَا يَنفَعُنَا وَلَا يَضُرُّنَا وَنُرَدُّ عَلَىٰ أَعْقَابِنَا بَعْدَ إِذْ هَدَانَا اللَّهُ كَالَّذِي اسْتَهْوَتْهُ الشَّيَاطِينُ فِي الْأَرْضِ حَيْرَانَ لَهُ أَصْحَابٌ يَدْعُونَهُ إِلَى الْهُدَى ائْتِنَا ۗ قُلْ إِنَّ هُدَى اللَّهِ هُوَ الْهُدَىٰ ۖ وَأُمِرْنَا لِنُسْلِمَ لِرَبِّ الْعَالَمِينَ
(အို-နဗီတမန်တော်) အသင်သည် (ထိုမိစ္ဆာဒိဋ္ဌိတို့အား ဤသို့)ပြောကြားပါလေ။ ငါတို့သည် အလ္လာဟ်အရှင်မြတ်အပြင် (အသင်တို့အလိုရှိသကဲ့သို့) ငါတို့အား အကျိုးဖြစ်ထွန်းစေခြင်းကိုလည်းကောင်း၊ အကျိုးယုတ်စေခြင်းကိုလည်းကောင်း၊ မပြုစွမ်းနိုင်သောအရာများကို ကိုးကွယ်ကြရမည်လော။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် ငါတို့အား တရားလမ်းမှန်သို့ ပို့ဆောင်ပြီးနောက်တွင် ငါတို့သည် အကြင်သူကဲ့သို့ပင် မိမိတို့၏ခြေဖနောင့်ဖက်သို့ ပြန်လှည့်သွားကြ ရမည်လော။ထိုသူအား ရှိုင်တွာန်သည် တောတွင်း၌ သွေးဆောင်ဖြားယောင်း၍ လမ်းမှားစေခဲ့ရာ ထိုသူသည် တွေဝေ အကြံအိုက်လျက်ရှိနေလေ၏။ ထိုသူ၌ မိတ်ဆွေ အပေါင်းအဖော်များလည်းရှိ၏။ ထိုမိတ်ဆွေ အပေါင်းအဖော်များတို့သည် ထိုသူအား တရားလမ်းမှန်ရှိရာ ငါတို့ထံလာပါလေဟု ဖိတ်ခေါ်လျက်ရှိကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား)အလ္လာဟ်အရှင်မြတ် ညွှန်ကြားပြသတော် မူသောတရားလမ်းသည်သာလျှင် ဧကန်စင်စစ် (ဖြောင့်မတ်မှန်ကန်သော)တရားလမ်းဖြစ်သည်။ ၎င်းပြင် ငါတို့သည် စကြာဝဠာခပ်သိမ်းတို့ကို မွေးမြူဖန်ဆင်းတော်မူသော အရှင်မြတ်၏ အမိန့်တော်များကို(တသဝေမတိမ်း)လိုက်နာရန် အမိန့်ပေးတော်မူခြင်းကိုလည်း ခံကြရလေပြီဟု ပြောကြားပါလေ။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
69အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 69

စူရာ အလ်-အန်အာမ် အာယာသ် 69 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (ရှရီအတ်၏တားမြစ်ချက်များမှ) ကြဉ်ရှောင်ကြကုန်သောသူတို့အပေါ်၌ မွတ်ရှ်ရစ်က် တို့နှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းသည် လုံးဝမရှိချေ။ သို့ရာတွင်ထိုသူတို့အပေါ်၌ ဆုံးမဩဝါဒ စကားပြောရန်…

စူရာ အာယာသ် 69/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 67–71. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers