ယူနူစ် · 84/109
ဘာသာပြန် အသံနိုင်ငံ — ယူနူစ်
وَقَالَ مُوسَىٰ يَا قَوْمِ إِن كُنتُمْ آمَنتُم بِاللَّهِ فَعَلَيْهِ تَوَكَّلُوا إِن كُنتُم مُّسْلِمِينَ ۝٨٤
Wa qaala Moosaa yaa qawmi in kuntum aamantum billaahi fa`alaihi tawakkalooo in kuntum muslimeen
📖 မြန်မာဘာသာ
ထို့ပြင် (နဗီတမန်တော်)မူစာသည် (မိမိအမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြပြီး အမှန်ပင် မုစ်လင်မ် အမိန့်တော်ကို နာခံသူများ ဖြစ်ကြပါလျှင် အသင်တို့သည် (မိမိတို့၏အရေးကိစ္စအဝဝတွင်) ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည် အားထားကြလေကုန်။

🎧 နားထောင်


📜 အာယာသ် 82-86 — ယူနူစ်

82وَيُحِقُّ اللَّهُ الْحَقَّ بِكَلِمَاتِهِ وَلَوْ كَرِهَ الْمُجْرِمُونَ
စင်စစ်သော်ကား ပြစ်မှု ကျူးလွန်သူများသည်(မည်မျှပင်)မကျေနပ်မနှစ်သက်ကြလင့်ကစား အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိမိပြဋ္ဌာန်းချက်များနှင့်အညီ အမှန်ပင်ဖြစ်စေတော်မူပေသည်တကား။
83فَمَا آمَنَ لِمُوسَىٰ إِلَّا ذُرِّيَّةٌ مِّن قَوْمِهِ عَلَىٰ خَوْفٍ مِّن فِرْعَوْنَ وَمَلَئِهِمْ أَن يَفْتِنَهُمْ ۚ وَإِنَّ فِرْعَوْنَ لَعَالٍ فِي الْأَرْضِ وَإِنَّهُ لَمِنَ الْمُسْرِفِينَ
ထို့နောက် နဗီတမန်တော်မူစာအား ထို(နဗီတမန်တော်မူစာ)၏ အမျိုးသားတို့အနက်မှ ဖစ်ရ်အောင်န်နှင့်မိမိတို့၏အနက်မှ အကြီးအကဲတို့သည် မိမိတို့အား အန္တရာယ်ပြုကြမည်ဟု စိုးရိမ်ကြီးစွာရှိနေကြသဖြင့် လူတစ်စုသာလျှင်ယုံစား (ယုံကြည်ထောက်ခံ) ခဲ့ကြလေသည်။ စင်စစ်မှာမူကားဖစ်ရ်အောင်န်သည်(ထိုစဉ်အခါက)တိုင်းပြည်တွင် လွှမ်းမိုးကြီးစိုးနေသူဖြစ်ခဲ့သည့်ပြင်၊ ဧကန်စင်စစ် ၎င်း သည် ကျူးကျော်လွန်ကဲသူတစ်ဦးလည်း ဖြစ်ခဲ့ပေသတည်း။
84وَقَالَ مُوسَىٰ يَا قَوْمِ إِن كُنتُمْ آمَنتُم بِاللَّهِ فَعَلَيْهِ تَوَكَّلُوا إِن كُنتُم مُّسْلِمِينَ
ထို့ပြင် (နဗီတမန်တော်)မူစာသည် (မိမိအမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြပြီး အမှန်ပင် မုစ်လင်မ် အမိန့်တော်ကို နာခံသူများ ဖြစ်ကြပါလျှင် အသင်တို့သည် (မိမိတို့၏အရေးကိစ္စအဝဝတွင်) ထိုအရှင်မြတ်အပေါ်၌သာလျှင် ယုံကြည် အားထားကြလေကုန်။
85فَقَالُوا عَلَى اللَّهِ تَوَكَّلْنَا رَبَّنَا لَا تَجْعَلْنَا فِتْنَةً لِّلْقَوْمِ الظَّالِمِينَ
ထိုအခါ နဗီတမန်တော်မူစာ၏ အမျိုးသားတို့က (အို-နဗီတမန်တော်မူစာ၊) ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်အားထားကြပါပြီ ဟုပြောဆိုပြန်ကြားခဲ့ပြီး (အလ္လာဟ်အရှင်မြတ်အထံတော်၌) အိုကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေမြူးတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား နှိပ်စက်ကလူပြုမူကြကုန်သောသူတို့၏ အနှိပ်စက်ခံကြရသူများအဖြစ် ပြုတော်မမူပါနှင့်(ဟုပန်ကြားခဲ့ကြလေသည်။)
86وَنَجِّنَا بِرَحْمَتِكَ مِنَ الْقَوْمِ الْكَافِرِينَ
ထိုမှတစ်ပါး အရှင်မြတ်သည် မိမိ၏ကရုဏာတော်နှင့် ကျွန်တော်မျိုးတို့အား ကာဖိရ်မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့(၏အန္တရာယ်များ)မှ ကယ်တင်တော်မူပါ(ဟူ၍ဆုပန်ခဲ့ကြလေသတည်း။)
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
84အာယာသ်

ဘာသာပြန် — ယူနူစ် 84

စူရာ ယူနူစ် အာယာသ် 84 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် (နဗီတမန်တော်)မူစာသည် (မိမိအမျိုးသားတို့အားဤသို့)ပြောကြားခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သက်ဝင်ယုံကြည်ကြပြီး အမှန်ပင် မုစ်လင်မ်…

စူရာ အာယာသ် 84/109 — ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: ယူနူစ် နားထောင်, ယူနူစ် ဘာသာပြန်, ယူနူစ် mp3, ယူနူစ် pdf. အာယာသ် 82–86. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers