ဟူဒ် · 66/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
فَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا صَالِحًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِّنَّا وَمِنْ خِزْيِ يَوْمِئِذٍ ۗ إِنَّ رَبَّكَ هُوَ الْقَوِيُّ الْعَزِيزُ ۝٦٦
Falammaa jaaa`a amrunaa najjainaa Saalihanw wal lazeena aamanoo ma`ahoo birahmatim minnaa wa min khizyi Yawmi`iz inna Rabbaka Huwal Qawiyyul `Azeez
📖 မြန်မာဘာသာ
တစ်ဖန်(သုံးရက်ကုန်၍)ငါအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)ဆွာလိဟ်နှင့်တကွ ထို(နဗီတမန်တော်) ဆွာလိဟ်နှင့်အတူ သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့ကိုပါ မိမိကရုဏာတော်ဖြင့် ပျက်စီးခြင်း၏ပြစ်ဒဏ်မှလည်းကောင်း၊ ထိုနေ့တွင် အရှက်တကွဲအကျိုးနည်းဖြစ်ခြင်းမှလည်းကောင်း ကယ်တင်တော်မူခဲ့လေသည်။ ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် ခွန်အားကြီးမားတော် မူသောအရှင်၊လွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • ဖလမ္မာ ဂျာအာ အမ်ရုနာ (فَلَمَّا جَاءَ أَمْرُنَا) — ငါအရှင်မြတ်၏ အမိန့်တော် (ပျက်စီးစေမည့် အမိန့်) ရောက်လာသောအခါ။
  • နဂျိုင်နာ (نَجَّيْنَا) — ငါအရှင်မြတ်သည် ကယ်တင်တော်မူခဲ့သည်။
  • ဗိရဟ်မသင်မ်မင်နာ (بِرَحْمَةٍ مِّنَّا) — ငါအရှင်မြတ်ထံတော်မှ ကရုဏာတော်ဖြင့်။
  • ခိဇ်ယိ ယောမိဇင် (خِزْيِ يَوْمِئِذٍ) — ထိုနေ့၏ ဂုဏ်အသရေပျက်ခြင်း၊ အရှက်ရခြင်း၊ နှိမ့်ချခံရခြင်း။
  • အလ်ကဝီယျု (الْقَوِيُّ) — အလွန်တန်ခိုးကြီးတော်မူသောအရှင်။
  • အလ်အဇီးဇု (الْعَزِيزُ) — မည်သူမျှ မနိုင်နင်းနိုင်သော၊ အောင်မြင်တော်မူသောအရှင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ငါအရှင်မြတ်၏ ပျက်စီးစေမည့် အမိန့်တော်သည် ဆမూఒ်လူမျိုးထံ ရောက်ရှိလာသောအခါ၊ ငါအရှင်မြတ်သည် တမန်တော် ဆွာလိဟ် (အလိုင်ဟိစ်စလာမ်) နှင့် သူနှင့်အတူ အီမာန်ယုံကြည်ခဲ့ကြသော သူများကို ငါအရှင်မြတ်ထံတော်မှ ကရုဏာတော်ဖြင့် ကယ်တင်တော်မူခဲ့သည်။ ထို့အပြင် ထိုနေ့၏ ဂုဏ်အသရေပျက်ခြင်း၊ အရှက်ရခြင်း၊ နှိမ့်ချခံရခြင်းမှလည်း ကယ်ဆယ်တော်မူခဲ့သည်။ အမှန်စင်စစ် အသင် (တမန်တော်မုဟမ္မဒ်) ၏ အရှင်သခင်သည် အလွန်တန်ခိုးကြီးတော်မူသောအရှင်၊ မည်သူမျှ မနိုင်နင်းနိုင်သော အောင်မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်၏ တန်ခိုးတော်နှင့် အောင်မြင်မှုတော်ကြောင့်ပင် အမိန့်တော်ကို ငြင်းပယ်ခဲ့ကြသော လူမျိုးများကို ဖျက်ဆီးတော်မူခဲ့ပြီး၊ တမန်တော်များနှင့် သူတို့၏ နောက်လိုက်များကို ကယ်တင်တော်မူခဲ့သည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကရုဏာတော်ဖြင့် ယုံကြည်သူများကို အမြဲကယ်တင်တော်မူသည်။ ထို့ကြောင့် မည်မျှပင် ခက်ခဲသော အခြေအနေများတွင် ရှိနေပါစေ၊ အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားခြင်းသည် ကယ်တင်ခြင်း၏ လမ်းစဉ်ဖြစ်သည်။
  • တမန်တော်ဆွာလိဟ် (အလိုင်ဟိစ်စလာမ်) နှင့် သူ၏နောက်လိုက်များကဲ့သို့ အီမာန်ယုံကြည်မှုကို စွဲကိုင်ထားခြင်းသည် ဤ


📜 အာယာသ် 64-68 — စူရာ ဟူဒ်

64وَيَا قَوْمِ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ قَرِيبٌ
၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အလ္လာဟ်အရှင်မြတ်၏ကုလားအုတ်မသည် အသင်တို့အဖို့ သက်သေလက္ခဏာတရပ်ပင်။ သို့ဖြစ်ပေရာ အသင် တို့သည် ထိုကုလားအုတ်မကိုအလ္လာဟ်အရှင်မြတ်၏ ပထဝီမြေ၌ စားသောက်နေထိုင်ရန်လွှတ်ထားကြလေကုန်။ ၎င်းပြင် အသင်တို့သည် ယင်းကုလားအုတ်မအား အကျိုးယုတ်စေသော ရည်ရွယ်ချက်ဖြင့် မထိကြကုန်လင့်။ ထိုသို့ပြုခဲ့ကြလျှင် ချက်ချင်း ဆိုက်ရောက်လာမည်ဖြစ်သောပြစ်ဒဏ်သည် အသင်တို့အား ဖမ်းဆီး (ကွပ်မျက်) အံ့သတည်း။
65فَعَقَرُوهَا فَقَالَ تَمَتَّعُوا فِي دَارِكُمْ ثَلَاثَةَ أَيَّامٍ ۖ ذَٰلِكَ وَعْدٌ غَيْرُ مَكْذُوبٍ
သို့(သတိပေးခဲ့)ပါလျက် ၎င်းတို့သည် ယင်းကုလားအုတ်မ၏ခြေများကို ဖြတ်တောက်ခဲ့ကြလေသည်။ ထိုအခါထို(နဗီတမန်တော်)ဆွာလိဟ်သည် (၎င်းတို့အား ဤသို့)ပြောကြားခဲ့လေသည်။ (ဟယ်အချင်းတို့) အသင်တို့သည် သုံးရက်မျှတိုင်အောင် မိမိတို့၏နေအိမ်များတွင် စည်းစိမ်ခံ၍နေ ထိုင်ကြဦးလော့။ (ထို့နောက်တွင် ပြစ်ဒဏ်သက်ရောက်တော်မူမည်)။ဤသည်မုသားမဟုတ်၊ (ပကတိမှန်ကန်)သော ချိန်းချက်ပင်တည်း။
66فَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا صَالِحًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِّنَّا وَمِنْ خِزْيِ يَوْمِئِذٍ ۗ إِنَّ رَبَّكَ هُوَ الْقَوِيُّ الْعَزِيزُ
တစ်ဖန်(သုံးရက်ကုန်၍)ငါအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)ဆွာလိဟ်နှင့်တကွ ထို(နဗီတမန်တော်) ဆွာလိဟ်နှင့်အတူ သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့ကိုပါ မိမိကရုဏာတော်ဖြင့် ပျက်စီးခြင်း၏ပြစ်ဒဏ်မှလည်းကောင်း၊ ထိုနေ့တွင် အရှက်တကွဲအကျိုးနည်းဖြစ်ခြင်းမှလည်းကောင်း ကယ်တင်တော်မူခဲ့လေသည်။ ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် ခွန်အားကြီးမားတော် မူသောအရှင်၊လွှမ်းမိုးတော်မူသောအရှင်၊ ဖြစ်တော်မူပေတည်း။
67وَأَخَذَ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
သို့ရာတွင် မတရားပြုမူသောသူတို့အား ကျယ်လောင်သောအသံသည် ဖမ်းဆီးကွပ်မျက်ခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်းတို့သည် မိမိတို့နေအိမ်များတွင် နံနက်အချိန်၌မှောက်လျက်(သေကြေပျက်စီးသွားခဲ့ကြလေသည်။)
68كَأَن لَّمْ يَغْنَوْا فِيهَا ۗ أَلَا إِنَّ ثَمُودَ كَفَرُوا رَبَّهُمْ ۗ أَلَا بُعْدًا لِّثَمُودَ
၎င်းတို့သည် ထိုအိမ်များတွင် မနေခဲ့ဘူးကြသကဲ့သို့ပင် ဖြစ်သွားခဲ့ကြလေသည်။ သတိပြုကြလေကုန်။ဧကန်အမှန်ဆမူဒ် အမျိုးသားတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏အမိန့်တော်)ကို သွေဖည်ငြင်းဆန်ခဲ့ကြကုန်သည်။ သတိပြုကြလေကုန်။ ဆမူဒ်အမျိုးသားတို့၌ (ကရုဏာတော်မှ)ကင်းဝေးခြင်းသည်ရှိစေသတည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
66အာယာသ်

ဘာသာပြန် — ဟူဒ် 66

စူရာ ဟူဒ် အာယာသ် 66 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန်(သုံးရက်ကုန်၍)ငါအရှင်မြတ်၏ အမိန့်တော်ရောက်ရှိလာသောအခါ ငါအရှင်မြတ်သည် (နဗီတမန်တော်)ဆွာလိဟ်နှင့်တကွ ထို(နဗီတမန်တော်) ဆွာလိဟ်နှင့်အတူ သက်ဝင်ယုံကြည်ခဲ့ကြသောသူတို့ကိုပါ မိမိကရုဏာတော်ဖြင့် ပျက်စီးခြင်း၏ပြစ်ဒဏ်မှလည်းကောင်း၊ ထိုနေ့တွင်…

စူရာ အာယာသ် 66/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 64–68. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers