အလ်-ဟိဂျ် · 4/99
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟိဂျ်
وَمَا أَهْلَكْنَا مِن قَرْيَةٍ إِلَّا وَلَهَا كِتَابٌ مَّعْلُومٌ ۝٤
Wa maaa ahlaknaa min qaryatin illaa wa lahaa kitaabum ma`loom
📖 မြန်မာဘာသာ
စင်စစ်ကား ငါအရှင်မြတ်သည် မည်သည့် မြို့ရွာကိုမျှ ထိုမြို့ရွာနှင့်စပ်လျဉ်း၍ သတ်မှတ် ပြဌာန်းအပ်သောအချိန်ကာလ (ဆိုက်ရောက်ခြင်း) မရှိဘဲ ဖျက်ဆီးတော်မူခဲ့သည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 2-6 — စူရာ အလ်-ဟိဂျ်

2رُّبَمَا يَوَدُّ الَّذِينَ كَفَرُوا لَوْ كَانُوا مُسْلِمِينَ
ကာဖိရ် သွေဖည်ငြင်းပယ်သောသူများသည်အကယ်၍သာ ၎င်းတို့သည် မုစ်လင်မ်များ ဖြစ်ခဲ့ကြပါလျှင်ကောင်းလေစွတကားဟု အကြိမ်ကြိမ် အဖန်ဖန် အာသာဆန္ဒထားရှိကြကုန်အံ့။
3ذَرْهُمْ يَأْكُلُوا وَيَتَمَتَّعُوا وَيُلْهِهِمُ الْأَمَلُ ۖ فَسَوْفَ يَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် ထို(ကာဖိရ်သွေဖည်ငြင်းပယ်သော) သူတို့အား (လက်ရှိအခြေအနေအတိုင်း) စား(သောက်နေထိုင်)ကြရန်လည်းကောင်း၊ (လောကီစည်းစိမ်များ၌နစ်မွန်းကာ) အကျိုးခံစား လျက်ရှိကြရန်လည်းကောင်း၊ ထိုသူတို့၏မျှော်လင့်ချက်သည် ထိုသူတို့အား အာရုံလွှဲပြောင်းထားရှိရန်လည်းကောင်း၊ စွန့်လွှတ်၍ထားပါလေ။ မကြာမြင့်မီပင် ၎င်းတို့သည် (မိမိတို့၏ သွေဖည်ငြင်းပယ်မှု၏အကျိုးကို) သိရှိကြကုန်အံ့။
4وَمَا أَهْلَكْنَا مِن قَرْيَةٍ إِلَّا وَلَهَا كِتَابٌ مَّعْلُومٌ
စင်စစ်ကား ငါအရှင်မြတ်သည် မည်သည့် မြို့ရွာကိုမျှ ထိုမြို့ရွာနှင့်စပ်လျဉ်း၍ သတ်မှတ် ပြဌာန်းအပ်သောအချိန်ကာလ (ဆိုက်ရောက်ခြင်း) မရှိဘဲ ဖျက်ဆီးတော်မူခဲ့သည်မဟုတ်ပေ။
5مَّا تَسْبِقُ مِنْ أُمَّةٍ أَجَلَهَا وَمَا يَسْتَأْخِرُونَ
မည်သည့်လူမျိုးမျှပင် မိမိတို့၏(သတ်မှတ်ပြဌာန်းပြီးဖြစ်သော) အချိန်ကာလထက်စော၍ သွား နိုင်ကြမည်လည်းမဟုတ်ပေ။ (ယင်းသတ်မှတ်ပြဌာန်း အပ်သောအချိန်ကာလကို) နောက်ချန်၍ နေနိုင်ကြမည်လည်း မဟုတ်ချေ။
6وَقَالُوا يَا أَيُّهَا الَّذِي نُزِّلَ عَلَيْهِ الذِّكْرُ إِنَّكَ لَمَجْنُونٌ
၎င်းပြင် (အို-နဗီတမန်တော်) ထို (ကာဖိရ်သွေဖည်ငြင်းပယ်သော)သူတို့က (အသင့်အား) အို-ဆုံးမဩဝါဒ(ကုရ်အာန်ကျမ်းတော်မြတ်)ချပေးသနားတော်မူခြင်းခံရသောသူဧကန်စင်စစ် အသင်သည် အမှန်ပင် စိတ်ဖောက်ပြန်သူဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။
အလ်-ဟိဂျ်ကုရ်အာန် ညွှန်းကိန်း
99အာယာသ်
MeccanRevelation
4အာယာသ်

ဘာသာပြန် — အလ်-ဟိဂျ် 4

စူရာ အလ်-ဟိဂျ် အာယာသ် 4 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်ကား ငါအရှင်မြတ်သည် မည်သည့် မြို့ရွာကိုမျှ ထိုမြို့ရွာနှင့်စပ်လျဉ်း၍ သတ်မှတ် ပြဌာန်းအပ်သောအချိန်ကာလ (ဆိုက်ရောက်ခြင်း) မရှိဘဲ ဖျက်ဆီးတော်မူခဲ့သည်မဟုတ်ပေ။

စူရာ အာယာသ် 4/99 — စူရာ အလ်-ဟိဂျ် الحجر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟိဂျ် နားထောင်, စူရာ အလ်-ဟိဂျ် ဘာသာပြန်, စူရာ အလ်-ဟိဂျ် mp3, စူရာ အလ်-ဟိဂျ် pdf. အာယာသ် 2–6. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers