وَعَلَى الَّذِينَ هَادُوا حَرَّمْنَا مَا قَصَصْنَا عَلَيْكَ مِن قَبْلُ ۖ وَمَا ظَلَمْنَاهُمْ وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ ١١٨
🔤 Transliteration
Wa `alal lazeena haadoo harramnaa ma qasasnaa `alaika min qablu wa maa zalamanaahum wa laakin kaanoo anfusahum wa laakin kaanoo anfusahum yazlimoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့အပြင် ငါအရှင်မြတ်သည် ယဟူဒီဖြစ်ခဲ့သောသူတို့အပေါ်၌ အသင့်အား ငါအရှင်မြတ် ယခင်ကထုတ်ဖော်မိန့်ကြားတော်မူခဲ့သောအရာများကို ဟရာမ်ဟူ၍ မြစ်တားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်ကလူ ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင်၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်များကို နှိပ်စက်ကလူ ပြုလျက်ရှိခဲ့ကြကုန်သတည်း။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အနက်အဓိပ္ပာယ်ရှင်းလင်းချက် အဓိပ္ပာယ်ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ هَادُوا (ဟာဒူ) — ယဟူဒီများ ဖြစ်လာကြသူများ၊ ယဟူဒ်ဘာသာဝင်များ။حَرَّمْنَا (ဟရ်ရမ်နာ) — ငါအရှင်မြတ်သည် တားမြစ်တော်မူခဲ့သည်။قَصَصْنَا (ကိုဆွတ်နာ) — ငါအရှင်မြတ်သည် ပြန်လည်ပြောပြတော်မူခဲ့သည်။ظَلَمْنَاهُمْ (ဇွာလမ်နာဟွမ်) — ငါအရှင်မြတ်သည် သူတို့အား မတရားပြုတော်မူခဲ့သည်။يَظْلِمُونَ (ယဇ်လိမూఔန်) — သူတို့သည် မိမိတို့ကိုယ်ကို မတရားပြုကြသည်။အာယသ်တော်၏ အနက်အဓိပ္ပာယ် ရှင်းလင်းချက် ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား ယဟူဒီများနှင့် ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်။ အရှင်မြတ်သည် ယဟူဒီများအပေါ်၌ အစောပိုင်းက ဆူရဟ်အန်အာမ်တွင် ဖော်ပြခဲ့သည့်အတိုင်း အချို့သော အစားအသောက်များကို တားမြစ်တော်မူခဲ့သည်။ ထိုတားမြစ်ချက်များမှာ ခြေသည်းရှိသော တိရစ္ဆာန်အားလုံး၊ နွားနှင့်သိုး၏ အဆီများ (ကျောက်ကုန်းတွင် ကပ်နေသော၊ အူလမ်းကြောင်းတွင် ရှိသော သို့မဟုတ် အရိုးနှင့် ရောနှောနေသော အဆီများမှအပ) ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် ထိုအရာများကို တားမြစ်တော်မူခြင်းဖြင့် သူတို့အား မတရားပြုတော်မူခဲ့သည် မဟုတ်ပေ။ အမှန်မှာ သူတို့ကိုယ်တိုင် မိမိတို့အား မတရားပြုခဲ့ကြခြင်း ဖြစ်သည်။ အကြောင်းမှာ သူတို့သည် ကုဖ်ရ် (မယုံကြည်မှု) နှင့် ပုန်ကန်မှုတို့ကို ကျူးလွန်ခဲ့ကြသဖြင့် ထိုပြစ်ဒဏ်ကို ခံထိုက်သူများ ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် အရှင်မြတ်သည် သူတို့၏ ပုန်ကန်မှုအတွက် ပြစ်ဒဏ်အဖြစ် ထိုအရာများကို သူတို့အပေါ် တားမြစ်တော်မူခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ အရှင်မြတ်၏ တရားမျှတမှုနှင့် ဉာဏ်ပညာတော်ကို ထင်ရှားစေသည်။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အကြောင်းအကျိုးနှင့်တကွ စီမံတော်မူကြောင်း သိရှိရသည်။ အရှင်မြတ်သည် မည်သူ့ကိုမျှ မတရားပြုတော်မူသည် မဟုတ်ပေ။ လူသားတို့သည် မိမိတို့၏ မကောင်းမှုများကြောင့် မိမိတို့ကိုယ်ကို ထိခိုက်နစ်နာစေကြသည်။ ထို့ကြောင့်
وَعَلَى ٱلَّذِينَ هَادُواْ حَرَّمۡنَا مَا قَصَصۡنَا عَلَيۡكَ مِن قَبۡلُۖ وَمَا ظَلَمۡنَٰهُمۡ وَلَٰكِن كَانُوٓاْ أَنفُسَهُمۡ يَظۡلِمُونَ ١١٨
ထို့အပြင် ငါအရှင်မြတ်သည် ယဟူဒီဖြစ်ခဲ့သောသူတို့အပေါ်၌ အသင့်အား ငါအရှင်မြတ် ယခင်ကထုတ်ဖော်မိန့်ကြားတော်မူခဲ့သောအရာများကို ဟရာမ်ဟူ၍ မြစ်တားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်ကလူ ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင်၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်များကို နှိပ်စက်ကလူ ပြုလျက်ရှိခဲ့ကြကုန်သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 116-120 — စူရာ အန်-နဟ်လ်
116 وَلَا تَقُولُوا لِمَا تَصِفُ أَلْسِنَتُكُمُ الْكَذِبَ هَٰذَا حَلَالٌ وَهَٰذَا حَرَامٌ لِّتَفْتَرُوا عَلَى اللَّهِ الْكَذِبَ ۚ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ
ထိုမှတစ်ပါး အသင်တို့သည် မိမိတု့ိ၏နှုတ်လျှာများက မုသားကိုပြောဆိုပြဋ္ဌာန်းခဲ့သောကြောင့် ဤကားဟလာလ်ခွင့်ပြုထားသောအရာဖြစ်သည်။ ဤကား ဟရာမ်တားမြစ်ထားသောအရာ ဖြစ်သည်ဟူ၍ မပြောဆိုကြကုန်လင့်။ ထိုသို့ပြောဆိုလျှင် အသင်တို့သည် အလ္လာဟ်အရှင်မြတ် အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲကြသည်သာ ဖြစ်ပေမည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲကြသောသူတို့သည် အောင်မြင်ကြမည် မဟုတ်ပေ။
117 مَتَاعٌ قَلِيلٌ وَلَهُمْ عَذَابٌ أَلِيمٌ
အနည်းငယ်မျှအကျိုးခံစားမှုပင် ဖြစ်ပေသည်။၎င်းပြင် ထိုသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော အပြစ်ဒဏ်သည် ရှိပေမည်။
118 وَعَلَى الَّذِينَ هَادُوا حَرَّمْنَا مَا قَصَصْنَا عَلَيْكَ مِن قَبْلُ ۖ وَمَا ظَلَمْنَاهُمْ وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
ထို့အပြင် ငါအရှင်မြတ်သည် ယဟူဒီဖြစ်ခဲ့သောသူတို့အပေါ်၌ အသင့်အား ငါအရှင်မြတ် ယခင်ကထုတ်ဖော်မိန့်ကြားတော်မူခဲ့သောအရာများကို ဟရာမ်ဟူ၍ မြစ်တားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့အား နှိပ်စက်ကလူ ပြုတော်မူခဲ့သည် မဟုတ်ပေ။ သို့ရာတွင်၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်များကို နှိပ်စက်ကလူ ပြုလျက်ရှိခဲ့ကြကုန်သတည်း။
119 ثُمَّ إِنَّ رَبَّكَ لِلَّذِينَ عَمِلُوا السُّوءَ بِجَهَالَةٍ ثُمَّ تَابُوا مِن بَعْدِ ذَٰلِكَ وَأَصْلَحُوا إِنَّ رَبَّكَ مِن بَعْدِهَا لَغَفُورٌ رَّحِيمٌ
ထို့နောက် ဧကန်စင်စစ် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အကြင်သူတို့အဖို့၊ ၎င်းတို့သည် အသိပညာကင်းမဲ့သောကြောင့် မကောင်းမှုကို ကျင့်မူခဲ့ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ဝန်ချတောင်းပန်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည်(မိမိတို့အခြေအနေကိုလည်း) ပြုပြင်ခဲ့ကြကုန်၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ထို(သူတို့ဝန်ချတောင်းပန်ပြီး)နောက်တွင် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
120 إِنَّ إِبْرَاهِيمَ كَانَ أُمَّةً قَانِتًا لِّلَّهِ حَنِيفًا وَلَمْ يَكُ مِنَ الْمُشْرِكِينَ
မချွတ်မလွဲ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည်အလွန်အတုယူထိုက်သောရှေ့ဆောင်ရှေ့ရပ်၊ အလ္လာဟ် အရှင်မြတ်(၏အမိန့်တော်များ)ကို (တစ်သဝေမတိမ်း) လိုက်နာသူ၊တစ်စိတ်တစ်လက်တည်း ဖြောင့်မတ်တည်ကြည်သူဖြစ်ခဲ့ လေသည်။ ထို့ပြင် ယင်း(နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မုရှ်ရစ်က် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်သူတို့အနက်မှ မဖြစ်ခဲ့ချေ။
ဘာသာပြန် — အန်-နဟ်လ် 118 စူရာ အန်-နဟ်လ် အာယာသ် 118 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့အပြင် ငါအရှင်မြတ်သည် ယဟူဒီဖြစ်ခဲ့သောသူတို့အပေါ်၌ အသင့်အား ငါအရှင်မြတ် ယခင်ကထုတ်ဖော်မိန့်ကြားတော်မူခဲ့သောအရာများကို ဟရာမ်ဟူ၍ မြစ်တားတော်မူခဲ့လေသည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည်…
စူရာ အာယာသ် 118/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 116–120. မြန်မာဘာသာ: ภาษาไทย.