အလ်-အစ်ရာ · 103/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
فَأَرَادَ أَن يَسْتَفِزَّهُم مِّنَ الْأَرْضِ فَأَغْرَقْنَاهُ وَمَن مَّعَهُ جَمِيعًا ۝١٠٣
Fa araada any yastafizzahum minal ardi fa aghraqnaahu wa mam ma`ahoo jamee`aa
📖 မြန်မာဘာသာ
ထိုအခါ ယင်းဖစ်ရ်အောင်န်သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အား ထို(အီဂျစ်)နိုင်ငံမှ ချွတ်ချော်တိမ်းပါးစေရန်ကြံရွယ်ခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ယင်းဖိရ်အောင်(န်)အားလည်းကောင်း၊ ယင်းဖိရ်အောင်(န်)နှင့်အတူရှိကြသူအားလုံးတို့ကိုလည်းကောင်း၊ (ပင်လယ်နီ)တွင် နှစ်မြှုပ်တော်မူခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဖအာရာဒါ (فَأَرَادَ): ထို့နောက် သူသည် ရည်ရွယ်ခဲ့လေ၏။
  • ယပ်စ်တဖိဇ္ဇဟုမ် (يَسْتَفِزَّهُم): သူတို့အား နှင်ထုတ်ရန်၊ ရွှေ့ပြောင်းစေရန်၊ စိတ်အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ခြင်း။
  • မင်နလ်အရဒ် (مِنَ الْأَرْضِ): မြေပြင် (အီဂျစ်တိုင်းပြည်) မှ။
  • ဖအဂ်ရပ်က်နာဟု (فَأَغْرَقْنَاهُ): ထို့နောက် ငါအရှင်မြတ်သည် သူ့အား ရေနစ်စေတော်မူခဲ့၏။
  • ဝမ်မန်မာအဟု ဂျမီအဟ် (وَمَن مَّعَهُ جَمِيعًا): သူနှင့်အတူ ရှိသူအားလုံးကိုလည်း (ရေနစ်စေတော်မူခဲ့၏)။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဖိရ်အောင်န်သည် တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) နှင့် အစ္စရာအီလ်မျိုးနွယ်တို့အား အီဂျစ်တိုင်းပြည်မှ နှင်ထုတ်ရန်၊ သူတို့ကို ထိုတိုင်းပြည်မှ ရွှေ့ပြောင်းစေရန် ရည်ရွယ်ခဲ့လေ၏။ သူသည် သူတို့အား ဒုက္ခပေးရန်၊ စိတ်အနှောင့်အယှက်ဖြစ်စေရန် ကြံစည်ခဲ့၏။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူ၏ ကြံစည်မှုကို ပျက်ပြားစေတော်မူခဲ့၏။ အရှင်မြတ်သည် ဖိရ်အောင်န်အားလည်းကောင်း၊ သူနှင့်အတူ ရှိသော သူ၏ စစ်တပ်များအားလုံးကိုလည်းကောင်း ပင်လယ်ထဲတွင် ရေနစ်စေတော်မူခဲ့၏။ ဤသည်မှာ သူတို့၏ မကောင်းမှုနှင့် ရက်စက်ကြမ်းတမ်းမှုအတွက် ပြစ်ဒဏ်ဖြစ်ပေသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မတရားသူများ၏ ကြံစည်မှုများကို အမြဲတမ်း ပျက်ပြားစေတော်မူသည်။ မည်မျှပင် အင်အားကြီးမားသော မင်းဖြစ်စေ၊ မတရားမှုကို ကျူးလွန်ပါက အရှင်မြတ်၏ ပြစ်ဒဏ်ကို ခံရမည်ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် ဖိနှိပ်ခံရသူများ၊ အားနည်းသူများကို ကယ်တင်တော်မူသည်။ တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) နှင့် အစ္စရာအီလ်မျိုးနွယ်တို့ကို ကယ်တင်တော်မူသကဲ့သို့ပင်။
  • ဤဖြစ်ရပ်သည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်နှင့် စွမ်းအားတော်ကို ထင်ရှားစွာ ပြသပေသည်။ လူသားတို့၏ ကြံစည်မှုများသည် အရှင်မြတ်၏ အမိန့်တော်ရှေ့တွင် အလွန်အားနည်းလှပေသည်။
  • ကုရ်အ


📜 အာယာသ် 101-105 — စူရာ အလ်-အစ်ရာ

101وَلَقَدْ آتَيْنَا مُوسَىٰ تِسْعَ آيَاتٍ بَيِّنَاتٍ ۖ فَاسْأَلْ بَنِي إِسْرَائِيلَ إِذْ جَاءَهُمْ فَقَالَ لَهُ فِرْعَوْنُ إِنِّي لَأَظُنُّكَ يَا مُوسَىٰ مَسْحُورًا
၎င်းပြင် (နဗီတမန်တော်) မူစာသည် အစ္စရာအီလီမျိုးနွယ်တို့ထံ ရောက်ရှိလာသောအခါ မချွတ်မလွဲ ငါအရှင်မြတ်သည် ယင်းမူစာအား တန်ခိုးပြာဋိဟာကိုးပါးကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာ (အို-နဗီတမန်တော်)အသင်သည် (ဤအကြောင်းကို) အစ္စရာအီလီမျိုးနွယ်တို့အားမေးမြန်းစုံစမ်း၍ကြည့်ပါလေ။ ထို(ကဲ့သို့မူစာ ရောက်လာသော)အခါ ယင်းမူစာအား ဖိရ်အောင်(န်)က အို-မူစာ၊ ဧကန်စင်စစ်ကျွန်ုပ်သည် အသင့်အား စုန်းပြုစားခြင်းခံရသူဖြစ်သည်ဟု ထင်မှတ်ကြောင်း ပြောဆိုခဲ့လေသည်။
102قَالَ لَقَدْ عَلِمْتَ مَا أَنزَلَ هَٰؤُلَاءِ إِلَّا رَبُّ السَّمَاوَاتِ وَالْأَرْضِ بَصَائِرَ وَإِنِّي لَأَظُنُّكَ يَا فِرْعَوْنُ مَثْبُورًا
ထိုမူစာက (ဤသို့)ပြောဆိုဖြေကြားခဲ့လေသည်။ဤသည်တို့ကို မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ဖန်ဆင်းတော်မူသော အရှင်မြတ်သည်သာလျှင် ပိုင်းခြားသိမြင်နိုင်စေသော သက်သေ သာဓကများအဖြစ်ချပေးတော်မူခဲ့ ကြောင်း။ အမှန်စင်စစ် အသင်သည်သိရှိခဲ့ပြီးဖြစ်ပေသည်။ ၎င်းပြင်၊ အို-ဖိရ်အောင်(န်) ဧကန်စင်စစ် ကျွန်ုပ်သည် အသင့်အား ဆုံးရှုံးဖျက်ဆီးခြင်းခံရမည်ဖြစ်သည်ဟု ထင်မှတ်ပေသတည်း။
103فَأَرَادَ أَن يَسْتَفِزَّهُم مِّنَ الْأَرْضِ فَأَغْرَقْنَاهُ وَمَن مَّعَهُ جَمِيعًا
ထိုအခါ ယင်းဖစ်ရ်အောင်န်သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အား ထို(အီဂျစ်)နိုင်ငံမှ ချွတ်ချော်တိမ်းပါးစေရန်ကြံရွယ်ခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ယင်းဖိရ်အောင်(န်)အားလည်းကောင်း၊ ယင်းဖိရ်အောင်(န်)နှင့်အတူရှိကြသူအားလုံးတို့ကိုလည်းကောင်း၊ (ပင်လယ်နီ)တွင် နှစ်မြှုပ်တော်မူခဲ့လေသတည်း။
104وَقُلْنَا مِن بَعْدِهِ لِبَنِي إِسْرَائِيلَ اسْكُنُوا الْأَرْضَ فَإِذَا جَاءَ وَعْدُ الْآخِرَةِ جِئْنَا بِكُمْ لَفِيفًا
၎င်းပြင် ငါအရှင်မြတ်သည် ယင်း(ကဲ့သို့ နှစ်မြှုပ်တော်မူပြီး)နောက်တွင် အစ္စရာအီလီမျိုးနွယ်တို့အား အသင်တို့သည် ဤကမ္ဘာမြေဝယ်(မိမိ ကြိုက်နှစ်သက်ရာနေရာ ၌)နေထိုင်မှီတင်းကြလေကုန်။ တစ်ဖန် နောက်ဆုံးနေ့နှင့်စပ်လျဉ်း၍ ချိန်းချက်ထားသော အချိန်ကာလရောက်ရှိလာသောအခါ၊ ငါအရှင်မြတ်သည် အသင်တို့ (အားလုံး)ကိုစုပေါင်းကာခေါ် ယူတော်မူအံ့ဟု မိန့်ကြားတော်မူခဲ့လေသတည်း။
105وَبِالْحَقِّ أَنزَلْنَاهُ وَبِالْحَقِّ نَزَلَ ۗ وَمَا أَرْسَلْنَاكَ إِلَّا مُبَشِّرًا وَنَذِيرًا
စင်စစ် ငါအရှင်မြတ်သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကို မှန်ကန်မှုနှင့်တကွ ချပေးတော်မူခဲ့ရာ၊ ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် မှန်ကန်မှုနှင့်တကွပင် ကျရောက်လာခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်အား သတင်းကောင်းပြောကြားသူအဖြစ်သာ လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ်သာ လည်းကောင်း၊ စေလွှတ်တော်မူခဲ့လေသည်။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
103အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 103

စူရာ အလ်-အစ်ရာ အာယာသ် 103 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအခါ ယင်းဖစ်ရ်အောင်န်သည် ထိုအစ္စရာအီလီမျိုးနွယ်တို့အား ထို(အီဂျစ်)နိုင်ငံမှ ချွတ်ချော်တိမ်းပါးစေရန်ကြံရွယ်ခဲ့လေသည်။ သို့ရာတွင် ငါအရှင်မြတ်သည် ယင်းဖိရ်အောင်(န်)အားလည်းကောင်း၊ ယင်းဖိရ်အောင်(န်)နှင့်အတူရှိကြသူအားလုံးတို့ကိုလည်းကောင်း၊ (ပင်လယ်နီ)တွင်…

စူရာ အာယာသ် 103/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 101–105. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers