အလ်-ဗကရ · 146/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمْ ۖ وَإِنَّ فَرِيقًا مِّنْهُمْ لَيَكْتُمُونَ الْحَقَّ وَهُمْ يَعْلَمُونَ ۝١٤٦
Allazeena aatainaahumul kitaaba ya`rifoonahoo kamaa ya`rifoona abnaaa`ahum wa inna fareeqam minhum layaktumoonal haqqa wa hum ya`lamoon
📖 မြန်မာဘာသာ
အမှန်စင်စစ် [တောင်ရာတ်နှင့်အင်(န်)ဂျီလ်)] ကျမ်းများကို ငါအရှင်မြတ်ပေးသနားတော်မူသော(ယဟူဒီ နှင့်ခရစ်ယာန်တို့၏ပညာရှိသုခမိန်)တို့သည် မိမိတို့၏ သားမြေး တို့ကို သိဘိသကဲ့သို့ပင် ထို[နဗီတမန်တော်မုဟမ္မဒ်(ဆွ)] ကို လည်း သိကြလေသည်။ သို့ရာတွင် ဧကန်မုချ ယင်းသူတို့ အနက်မှ လူတစ်စုသည် အမှန်ကို (အမှန်ဟူ၍) သိရှိပါလျက် နှင့်ပင် ထိမ်ချန်ထားရှိကြလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 144-148 — စူရာ အလ်-ဗကရ

144قَدْ نَرَىٰ تَقَلُّبَ وَجْهِكَ فِي السَّمَاءِ ۖ فَلَنُوَلِّيَنَّكَ قِبْلَةً تَرْضَاهَا ۚ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ ۗ وَإِنَّ الَّذِينَ أُوتُوا الْكِتَابَ لَيَعْلَمُونَ أَنَّهُ الْحَقُّ مِن رَّبِّهِمْ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا يَعْمَلُونَ
အသင်သည် (မိမိစိတ်တွင်းဝယ် ဆွလာတ် ဝတ်ပြုရာ၌ မျက်နှာမူရန် ကအ်ဗဟ်ကျောင်းတော်ကို ကစ်ဗ်လဟ်ဖြစ်စေလို၍ အလ္လာဟ်အရှင်မြတ် အထံတော်မှ အမိန့်တော်ကို မျှော်လင့် လျက်) မိုးကောင်းကင်သို့ အကြိမ်ကြိမ် မျက်နှာမော်၍ ကြည့်နေသည်ကို ငါအရှင် မြတ်သည် မုချ မြင်တော်မူသည်ဖြစ်လေရာ အသင်နှစ်သက်လေသော ကစ်ဗ်လဟ် ဘက်သို့ အသင့်အား ငါအရှင်မြတ်သည် မုချဧကန် လှည့်၍ပေး တော်မူအံ့။ သို့ဖြစ်ရာ (အို-နဗီတမန်တော်) အသင်သည် မိမိ၏မျက်နှာကို (ယခုချိန်မှစ၍ ဆွလာတ်ဝတ်ပြုရာတွင်) မတ်စ်ဂျိဒေဟရာမ် (ဝါ) ကအ်ဗဟ်ကျောင်းတော်ဘက် သို့လှည့်ပါလေ။ ထိုမှတစ်ပါး အသင်တို့သည် မည်သည့် နေရာ (အရပ်ဒေသ) ၌ပင် ရှိနေစေကာမူ (ဆွလာတ်ဝတ်ပြုသောအခါ) ယင်း (မတ်စ် ဂျိဒေ့ဟရာမ်) ဘက်သို့သာလျှင် မိမိတို့မျက်နှာများကို လှည့်ကြကုန်လော့။ အမှန်စင်စစ် (အလ္လာဟ်အသျှင်မြတ်ထံမှ) ကျမ်းဂန်ရသော သူတို့သည်(လည်း) ထို (မတ်စ်ဂျိဒေ့ဟရာမ် ရှိရာဘက်သို့ မျက်နှာမူရန် အမိန့်တော်သည်) မိမိတို့အား မွေးမြူ တော်မူသော (အလ္လာဟ်) အရှင်မြတ်အထံတော်မှ ကျရောက်၍ မှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်ဟု မုချအမှန် သိရှိကြကုန် ၏။ (သို့ရာတွင် မနာလိုမုန်းထားသော သဘောဖြ�့်သာလျှင် မထီမဲ့မြင် ပြုကြလေသတည်း)။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် ယင်းသူတို့ ပြုမူကျင့်ကြံလေသော ကိစ္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အသျှင် မဟုတ်ပေ။
145وَلَئِنْ أَتَيْتَ الَّذِينَ أُوتُوا الْكِتَابَ بِكُلِّ آيَةٍ مَّا تَبِعُوا قِبْلَتَكَ ۚ وَمَا أَنتَ بِتَابِعٍ قِبْلَتَهُمْ ۚ وَمَا بَعْضُهُم بِتَابِعٍ قِبْلَةَ بَعْضٍ ۚ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُم مِّن بَعْدِ مَا جَاءَكَ مِنَ الْعِلْمِ ۙ إِنَّكَ إِذًا لَّمِنَ الظَّالِمِينَ
ထို့ပြင်တဝ (အို-နဗီတမန်တော်၊ အလ္လာဟ်အရှင် မြတ်အထံတော်မှ) ဓမ္မဒေသနာ ကျမ်းဂန်များ ရရှိသူ (ယဟူ ဒီနှင့် ခရစ်ယာန်) တို့ရှေ့ဝယ် အကယ်စင်စစ် အသင်သည် သက်သေသာဓက လက္ခဏာ ဟူသမျှကို ယူဆောင်တင်ပြပါသော်လည်း ယင်းသူတို့သည် အသင်၏ မျက်နှာမူရာ ကစ်ဗ်လဟ်ကို လိုက်နာကြလိမ့်မည် မဟုတ်ချေ။ အသင်သည်လည်း ယင်းသူတို့၏မျက်နှာမူရာအရပ်ကို လိုက်နာမည်မဟုတ်။ ယင်း (ယဟူဒီနှင့်ခရစ်ယာန်) တို့သည်လည်း အချင်းချင်း အချို့သည် အချို့၏ မျက်နှာမူရာအရပ်ကို လိုက်နာကြသည် မဟုတ်ပေ။ သို့ ဖြစ်၍ (ငါ အရှင်မြတ်၏အထံတော်မှ ကအ်ဗဟ်ကျောင်းတော် ဘက်သို့ မျက်နှာမူရန် အမိန့်တော်ကျရောက်၍ မှန်ကန်သော) အသိတရားများ အသင့်ထံရောက်ပြီးသည့်နောက် အသင်သည် ယင်းသူတို့၏ အလိုဆန္ဒများကို အကယ်စင်စစ် လိုက်လျောခဲ့ပါမူ အသင်သည် ပြစ်မှုကျူးလွန်သောသူများတွင် ဧကန်မုချ တစ်ဦးအပါအဝင် ဖြစ်ချေတော့အံ့။
146الَّذِينَ آتَيْنَاهُمُ الْكِتَابَ يَعْرِفُونَهُ كَمَا يَعْرِفُونَ أَبْنَاءَهُمْ ۖ وَإِنَّ فَرِيقًا مِّنْهُمْ لَيَكْتُمُونَ الْحَقَّ وَهُمْ يَعْلَمُونَ
အမှန်စင်စစ် [တောင်ရာတ်နှင့်အင်(န်)ဂျီလ်)] ကျမ်းများကို ငါအရှင်မြတ်ပေးသနားတော်မူသော(ယဟူဒီ နှင့်ခရစ်ယာန်တို့၏ပညာရှိသုခမိန်)တို့သည် မိမိတို့၏ သားမြေး တို့ကို သိဘိသကဲ့သို့ပင် ထို[နဗီတမန်တော်မုဟမ္မဒ်(ဆွ)] ကို လည်း သိကြလေသည်။ သို့ရာတွင် ဧကန်မုချ ယင်းသူတို့ အနက်မှ လူတစ်စုသည် အမှန်ကို (အမှန်ဟူ၍) သိရှိပါလျက် နှင့်ပင် ထိမ်ချန်ထားရှိကြလေသတည်း။
147الْحَقُّ مِن رَّبِّكَ ۖ فَلَا تَكُونَنَّ مِنَ الْمُمْتَرِينَ
(အို-နဗီတမန်တော်) ဤ (ကစ်ဗ်လဟ် ပြောင်း လွှဲခြင်းနှင့် စပ်လျဉ်းသော) အမိန့်တော်သည် အသင့်ကို မွေးမြူတော်မူသော အရှင်မြတ်၏အထံတော်မှ ကျရောက်သည့် မှန်ကန်သော အမိန့်တော်ပင် ဖြစ်ချေသည်။ သို့ဖြစ် လေရာ အသင်သည် ဒွိဟ မကင်းသောသူတို့တွင် အပါအဝင် မဖြစ်ပါလေနှင့်။
148وَلِكُلٍّ وِجْهَةٌ هُوَ مُوَلِّيهَا ۖ فَاسْتَبِقُوا الْخَيْرَاتِ ۚ أَيْنَ مَا تَكُونُوا يَأْتِ بِكُمُ اللَّهُ جَمِيعًا ۚ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ထိုမှတပါး လူမျိုးအသီးသီးတို့၌ (မျက်နှာမူရာ) အရပ်တခုကျစီရှိ၏။ ထို(လူမျိုးအသီးသီး) တို့သည် (ဝတ်ပြုရာ ၌မိမိတို့ဘာသာတရားနှင့်အညီ) ထိုမျက်နှာမူရာဘက်သို့ မျက်နှာမူလေ့ရှိကြကုန်၏။ သို့ဖြစ်လေရာ အသင်တို့သည် ကုသိုလ်ကောင်းမှု ဆည်းပူးရာ၌ သူ့ထက်ငါသာအောင် (လုံ့လဝီရိယစိုက်ထုတ်ကာ)အဆောတလျင်ပြုလုပ်ကြကုန်လော့။ အသင်တို့သည် မည်သည့်နေရာ၌မဆို ရှိကြအံ့၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့ အားလုံးတို့ကို (တဌာနတည်း၌) စုရုံးတော်မူအံ့။ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အရာခပ် သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ လေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
146အာယာသ်

ဘာသာပြန် — အလ်-ဗကရ 146

စူရာ အလ်-ဗကရ အာယာသ် 146 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ် [တောင်ရာတ်နှင့်အင်(န်)ဂျီလ်)] ကျမ်းများကို ငါအရှင်မြတ်ပေးသနားတော်မူသော(ယဟူဒီ နှင့်ခရစ်ယာန်တို့၏ပညာရှိသုခမိန်)တို့သည် မိမိတို့၏ သားမြေး တို့ကို သိဘိသကဲ့သို့ပင် ထို[နဗီတမန်တော်မုဟမ္မဒ်(ဆွ)]…

စူရာ အာယာသ် 146/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 144–148. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers