فَتَعَالَى اللَّهُ الْمَلِكُ الْحَقُّ ۗ وَلَا تَعْجَلْ بِالْقُرْآنِ مِن قَبْلِ أَن يُقْضَىٰ إِلَيْكَ وَحْيُهُ ۖ وَقُل رَّبِّ زِدْنِي عِلْمًا ١١٤
🔤 Transliteration
Fata`aalal laahul Malikul Haqq; wa laa ta`jal bil Quraani min qabli ai yuqdaaa ilaika wahyuhoo wa qur Rabbi zidnee `ilmaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ စိုးမိုးအုပ်ချုပ်တော်မူသော(ဘုရင်)အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်လှတော်မူ၏။ ထို့ပြင် အသင်သည် မိမိထံသို့ ထိုအရှင်မြတ်၏ ဝဟီ အမိန့်တော်ပြီးဆုံးသည်အထိ မကျရောက်မီ ကုရ်အာန်ကျမ်းတော်မြတ်(ကိုရွတ်ဖတ်သရဇ္ဈာယ်ရာ)၌ အလျင်စလိုမပြုလေနှင့်။ ၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ ဟု လျှောက်ထား (အသနားခံ)ပါလေ။
🌐 Additional reference in ภาษาไทย
ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက် فَتَعَالَى: မြင့်မြတ်တော်မူ၏၊ ကြီးကျယ်ချီးမြှောက်တော်မူ၏။ الْمَلِكُ: အရှင်ဘုရင်၊ အုပ်စိုးရှင်။ الْحَقُّ: အမှန်တရား၊ သစ္စာတရား။ تَعْجَلْ: အလျင်စလိုလုပ်ခြင်း။ يُقْضَىٰ: ပြီးဆုံးသည်၊ အဆုံးသတ်သည်။ وَحْيُهُ: သူ၏ ဝဟီ (အလ္လာဟ်အရှင်မြတ်ထံမှ ဗျာဒိတ်တော်)။ زِدْنِي: ကျွန်ုပ်အား တိုးပွားစေတော်မူပါ။ عِلْمًا: အသိပညာ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် အလ္လာဟ်အရှင်မြတ်သည် အလွန်မြင့်မြတ်တော်မူ၏၊ ကောင်းချီးမင်္ဂလာတော်အားလုံးနှင့် ပြည့်စုံတော်မူ၏။ အရှင်မြတ်သည် အရာခပ်သိမ်းကို ပိုင်ဆိုင်တော်မူသော အရှင်ဘုရင်ဖြစ်တော်မူ၏။ အရှင်မြတ်သည် အမှန်တရားဖြစ်တော်မူ၏၊ အရှင်မြတ်၏ ကတိတော်နှင့် သတိပေးချက်များအားလုံးသည် အမှန်တရားဖြစ်တော်မူ၏။ အရှင်မြတ်သည် မုရှ်ရိက် (အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများ) တို့၏ ဖော်ပြချက်များမှ ကြီးမြတ်လွန်းတော်မူ၏။
အို တမန်တော်မုဟမ္မဒ် (ဆွ)၊ ဂျိဗ်ရီလ် (အလိုင်) သည် ကုရ်အာန်အာယသ်များကို သင့်ထံ ပို့ချပြီးမဆုံးမီ သင်သည် သူနှင့်အတူ ဖတ်ရှုရန် အလျင်စလိုမလုပ်ပါနှင့်။ သူ ဖတ်ပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးမှ ဖတ်ပါ။ ထို့ပြင် သင်သည် ဤသို့ဆုတောင်းပါလေ - အို ကျွန်ုပ်၏ အရှင်ဘုရား၊ အရှင်မြတ် ကျွန်ုပ်အား သင်ကြားပေးတော်မူခဲ့သော အသိပညာအပေါ် ထပ်မံ၍ အသိပညာတိုးပွားစေတော်မူပါ။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ အလ္လာဟ်အရှင်မြတ်သည် အမှန်တရားနှင့် တရားမှတရားအားလုံး၏ အရှင်သခင် ဖြစ်တော်မူကြောင်း သိရှိရသည်။ အရှင်မြတ်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရင်ဖြစ်တော်မူကြောင်း နားလည်ရသည်။ ကုရ်အာန်ကို သင်ယူရာတွင် စိတ်ရှည်ရှည်ထားရှိရမည်ဖြစ်ပြီး အလျင်စလိုမလုပ်ရကြောင်း သင်ခန်းစာရသည်။ အသိပညာတိုးပွားရန် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းခြင်းသည် မွတ်စ်လင်မ်တို့၏ လုပ်ရိုးလုပ်စဉ်ဖြစ်သင့်ကြောင်း သိရသည်။ အသိပညာသည် အလ္လာဟ်အရှင်မြတ်ထံမှ လာသော ကြီးမားသည့် ဆုလာဘ်တစ်ခုဖြစ်ကြောင်း နားလည်ရသည်။ ဤအာယသ်တော်သည် အစ္စလာမ်သာသနာတွင် အသိပညာရှာဖွေခြင်း၏ အရေးပါမှုကို ဖော်ပြထားသည်။ ကုရ်အာန
فَتَعَٰلَى ٱللَّهُ ٱلۡمَلِكُ ٱلۡحَقُّۗ وَلَا تَعۡجَلۡ بِٱلۡقُرۡءَانِ مِن قَبۡلِ أَن يُقۡضَىٰٓ إِلَيۡكَ وَحۡيُهُۥۖ وَقُل رَّبِّ زِدۡنِي عِلۡمًا ١١٤
သို့ဖြစ်ပေရာ စိုးမိုးအုပ်ချုပ်တော်မူသော(ဘုရင်)အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်လှတော်မူ၏။ ထို့ပြင် အသင်သည် မိမိထံသို့ ထိုအရှင်မြတ်၏ ဝဟီ အမိန့်တော်ပြီးဆုံးသည်အထိ မကျရောက်မီ ကုရ်အာန်ကျမ်းတော်မြတ်(ကိုရွတ်ဖတ်သရဇ္ဈာယ်ရာ)၌ အလျင်စလိုမပြုလေနှင့်။ ၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ ဟု လျှောက်ထား (အသနားခံ)ပါလေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 112-116 — စူရာ တာဟာ
112 وَمَن يَعْمَلْ مِنَ الصَّالِحَاتِ وَهُوَ مُؤْمِنٌ فَلَا يَخَافُ ظُلْمًا وَلَا هَضْمًا
သို့ရာတွင် အကြင်သူသည်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ရုံမျှမက ထိုသူသည်မုအ်မင်န် သက်ဝင်ယုံကြည်သူလည်းဖြစ်ခဲ့မူ၊ ထိုသူကား မတရားမှုကိုလည်းကောင်း၊ လျော့နည်းစေခြင်းကိုလည်းကောင်း၊စိုးရိမ်ရမည် မဟုတ်ချေတကား။
113 وَكَذَٰلِكَ أَنزَلْنَاهُ قُرْآنًا عَرَبِيًّا وَصَرَّفْنَا فِيهِ مِنَ الْوَعِيدِ لَعَلَّهُمْ يَتَّقُونَ أَوْ يُحْدِثُ لَهُمْ ذِكْرًا
စင်စစ် ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည်ယင်း(ကျမ်းဂန်)ကို စကားပြေပြစ် ကောင်းမွန်လှသော ကုရ်အာန်ကျမ်းတော်မြတ်အဖြစ် ချပေးသနားတော် မူခဲ့လေသည်။၎င်းပြင် ငါအရှင်မြတ်သည် ယင်း ကုရ်အာန်ကျမ်းတော်မြတ်တွင် ခြိမ်းခြောက်မှုများကို အနည်းနည်းအဖုံဖုံ မိန့်ကြားတော်မူခဲ့လေသည်။ သို့မှသာလျှင် ၎င်းတို့သည် ကြောက်ရွံ့ကြပေမည်။ သို့တည်းမဟုတ် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ၎င်းတို့၌ (အသိတရား) သတိတရားကို ဖြစ်ပေါ်စေမည်ဖြစ်ပေသည်။
114 فَتَعَالَى اللَّهُ الْمَلِكُ الْحَقُّ ۗ وَلَا تَعْجَلْ بِالْقُرْآنِ مِن قَبْلِ أَن يُقْضَىٰ إِلَيْكَ وَحْيُهُ ۖ وَقُل رَّبِّ زِدْنِي عِلْمًا
သို့ဖြစ်ပေရာ စိုးမိုးအုပ်ချုပ်တော်မူသော(ဘုရင်)အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်လှတော်မူ၏။ ထို့ပြင် အသင်သည် မိမိထံသို့ ထိုအရှင်မြတ်၏ ဝဟီ အမိန့်တော်ပြီးဆုံးသည်အထိ မကျရောက်မီ ကုရ်အာန်ကျမ်းတော်မြတ်(ကိုရွတ်ဖတ်သရဇ္ဈာယ်ရာ)၌ အလျင်စလိုမပြုလေနှင့်။ ၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၌ အသိပညာကို တိုးပွားစေတော်မူပါ ဟု လျှောက်ထား (အသနားခံ)ပါလေ။
115 وَلَقَدْ عَهِدْنَا إِلَىٰ آدَمَ مِن قَبْلُ فَنَسِيَ وَلَمْ نَجِدْ لَهُ عَزْمًا
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အာဒမ်၏ထံသို့ အမိန့်တော်ထုတ်ပြန် ချမှတ်တော်မူခဲ့လေသည်။ သို့ရာတွင် ထိုအာဒမ်သည်(ယင်းအမိန့်တော်ကို) မေ့လျော့ခဲ့လေသည်။ စင်စစ် ငါအရှင်မြတ်သည် ယင်းအာဒမ်၌ တည်ကြည်ကြံ့ခိုင်မှုကို တွေ့တော်မမူခဲ့ချေ။
116 وَإِذْ قُلْنَا لِلْمَلَائِكَةِ اسْجُدُوا لِآدَمَ فَسَجَدُوا إِلَّا إِبْلِيسَ أَبَىٰ
(ပြန်လည်အောက်မေ့ သတိရကြလေကုန်)။တစ်ရံရောအခါဝယ် ငါအရှင်မြတ်သည် မလာအိကဟ် ကောင်းကင်တမန်များအား အသင်တို့သည် အာဒမ်၏ရှေ့ဝယ် စစ်ဂျဒဟ်ပျပ်ဝပ်ဦးချကြလေကုန်ဟု မိန့်ကြားတော်မူခဲ့ရာ အစ်ဗ်လီစ်မှတပါး ကောင်းကင်တမန် အပေါင်းတို့သည် ပျပ်ဝပ်ဦးချခဲ့ကြလေသည်။ ယင်းအစ်ဗ်လီစ်မှာမူကား (ပျပ်ဝပ်ဦးချခြင်းမပြုဘဲအမိန့်တော်ကို) သွေဖည် ငြင်းပယ်ခဲ့လေသည်။
ဘာသာပြန် — တာဟာ 114 စူရာ တာဟာ အာယာသ် 114 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ စိုးမိုးအုပ်ချုပ်တော်မူသော(ဘုရင်)အစစ်အမှန်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်လှတော်မူ၏။ ထို့ပြင် အသင်သည် မိမိထံသို့ ထိုအရှင်မြတ်၏ ဝဟီ အမိန့်တော်ပြီးဆုံးသည်အထိ…
စူရာ အာယာသ် 114/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 112–116. မြန်မာဘာသာ: ภาษาไทย.