တာဟာ · 63/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
قَالُوا إِنْ هَٰذَانِ لَسَاحِرَانِ يُرِيدَانِ أَن يُخْرِجَاكُم مِّنْ أَرْضِكُم بِسِحْرِهِمَا وَيَذْهَبَا بِطَرِيقَتِكُمُ الْمُثْلَىٰ ۝٦٣
Qaalooo in haaazaani lasaahiraani yureedaani ai yukhrijaakum min ardikum bisihrihimaa wa yazhabaa bitareeqatikumul muslaa
📖 မြန်မာဘာသာ
(နောက်ဆုံးတွင်) ၎င်းတို့သည် (ဤသို့) ပြောဆို(ဆုံးဖြတ်)ခဲ့ကြကုန်၏။ ဧကန်စင်စစ် ဤ (မူစာနှင့်ဟာရူန်နှစ်ဦးတို့မှာ ပဉ္စလက်ဆရာနှစ်ဦးသာ ဖြစ်ကြကုန်၏။ ၎င်းတို့နှစ်ဦးသည် မိမိတို့၏ ပဉ္စလက်အတတ်ဖြင့် အသင်တို့အားအသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ကြရန်လည်းကောင်း၊ အသင်တို့၏ ကောင်းမွန် မြင့်မြတ်လှစွာသော(ဘာသာအယူဝါဒ) ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ကြရန်လည်းကောင်း၊ ကြံရွယ်ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 61-65 — စူရာ တာဟာ

61قَالَ لَهُم مُّوسَىٰ وَيْلَكُمْ لَا تَفْتَرُوا عَلَى اللَّهِ كَذِبًا فَيُسْحِتَكُم بِعَذَابٍ ۖ وَقَدْ خَابَ مَنِ افْتَرَىٰ
(ထိုအခါ) မူစာက ယင်းပဉ္စလက်ဆရာတို့အား(ဤသို့) ပြောကြားခဲ့လေသည်။ အသင်တို့ အကျိုး ယုတ်ပါစေ။အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်စွပ်စွဲခြင်း မပြုကြကုန်လင့်။ သို့ပြုခဲ့ကြပါလျှင် ထိုအရှင်မြတ်သည် အသင်တို့အား ပြစ်ဒဏ်ပေးတော်မူခြင်းအားဖြင့် လုံးဝပျက်စီးစေတော်မူမည်။ အမှန်စင်စစ်သော်ကားလီဆယ်ဖန်တီး သူသည် မျှော်လင့်သည့်အတိုင်း မအောင်မြင်သောသူသာလျှင်ဖြစ်မည်ဟု ပြောကြားခဲ့လေသည်။
62فَتَنَازَعُوا أَمْرَهُم بَيْنَهُمْ وَأَسَرُّوا النَّجْوَىٰ
ထို့နောက် ယင်းပဉ္စလက်ဆရာတို့သည် မိမိတို့အရေးကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း ငြင်းခုံကွဲလွဲခဲ့ကြလေသည်။ ထို့နောက် ၎င်းတို့သည် တီးတိုးဆွေးနွေးခဲ့ကြပြန်သည်။
63قَالُوا إِنْ هَٰذَانِ لَسَاحِرَانِ يُرِيدَانِ أَن يُخْرِجَاكُم مِّنْ أَرْضِكُم بِسِحْرِهِمَا وَيَذْهَبَا بِطَرِيقَتِكُمُ الْمُثْلَىٰ
(နောက်ဆုံးတွင်) ၎င်းတို့သည် (ဤသို့) ပြောဆို(ဆုံးဖြတ်)ခဲ့ကြကုန်၏။ ဧကန်စင်စစ် ဤ (မူစာနှင့်ဟာရူန်နှစ်ဦးတို့မှာ ပဉ္စလက်ဆရာနှစ်ဦးသာ ဖြစ်ကြကုန်၏။ ၎င်းတို့နှစ်ဦးသည် မိမိတို့၏ ပဉ္စလက်အတတ်ဖြင့် အသင်တို့အားအသင်တို့၏တိုင်းပြည်မှ နှင်ထုတ်ကြရန်လည်းကောင်း၊ အသင်တို့၏ ကောင်းမွန် မြင့်မြတ်လှစွာသော(ဘာသာအယူဝါဒ) ယဉ်ကျေးမှုကို ဖျက်ဆီးပစ်ကြရန်လည်းကောင်း၊ ကြံရွယ်ကြကုန်၏။
64فَأَجْمِعُوا كَيْدَكُمْ ثُمَّ ائْتُوا صَفًّا ۚ وَقَدْ أَفْلَحَ الْيَوْمَ مَنِ اسْتَعْلَىٰ
သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့၏ ကြံစည်ချက်များကိုစုဆောင်းပြီးလျှင် စီတန်း၍လာကြလေကုန်။ အကြောင်းမူကား ယနေ့အနိုင်ရသော သူသည်သာလျှင် စင်စစ် အောင်မြင်သောသူဖြစ်အမှန်ဖြစ်အံ့သတည်းဟု ဆိုကြလေ၏။
65قَالُوا يَا مُوسَىٰ إِمَّا أَن تُلْقِيَ وَإِمَّا أَن نَّكُونَ أَوَّلَ مَنْ أَلْقَىٰ
(ထို့နောက်) ယင်းပဉ္စလက်ဆရာတို့က အို-မူစာ၊အသင်သည် (မိမိတောင်ဝှေးကို ဦးစွာ)ပစ်ချလော့။ သို့တည်းမဟုတ် ကျွန်ုပ်တို့သည်ပင် ဦးစွာပထမ(မိမိတို့၏ကြိုးများ၊ တုတ်ရှည်များကို)ပစ်ချကြမည်လောဟု ပြောဆိုခဲ့ကြလေသည်။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
63အာယာသ်

ဘာသာပြန် — တာဟာ 63

စူရာ တာဟာ အာယာသ် 63 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (နောက်ဆုံးတွင်) ၎င်းတို့သည် (ဤသို့) ပြောဆို(ဆုံးဖြတ်)ခဲ့ကြကုန်၏။ ဧကန်စင်စစ် ဤ (မူစာနှင့်ဟာရူန်နှစ်ဦးတို့မှာ ပဉ္စလက်ဆရာနှစ်ဦးသာ ဖြစ်ကြကုန်၏။ ၎င်းတို့နှစ်ဦးသည်…

စူရာ အာယာသ် 63/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 61–65. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers