အလ်-အန်ဘီယာ · 39/112
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်ဘီယာ
لَوْ يَعْلَمُ الَّذِينَ كَفَرُوا حِينَ لَا يَكُفُّونَ عَن وُجُوهِهِمُ النَّارَ وَلَا عَن ظُهُورِهِمْ وَلَا هُمْ يُنصَرُونَ ۝٣٩
Law ya`lamul lazeena kafaroo heena laa yakuffoona `anw wujoohihimun Naara wa laa `an zuhoorihim wa laa hum yunsaroon
📖 မြန်မာဘာသာ
အကယ်၍သာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အကြင်အချိန်အခါကို သိကြပါမူ (ယင်းကဲ့သို့ ပြောဆိုကြမည် မဟုတ်ပေ)။ ထိုအချိန်အခါတွင် ယင်းသူတို့သည် မိမိတို့၏မျက်နှာများမှလည်းကောင်း၊ မိမိတို့၏ကျောက်ကုန်းများမှလည်းကောင်း၊ မီးကို တားဆီးနိုင်ကြမည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် (မည်သည့်)အကူအညီကို(မျှ)လည်း ရရှိကြမည် မဟုတ်ပေ။

🎧 နားထောင်


📜 အာယာသ် 37-41 — အလ်-အန်ဘီယာ

37خُلِقَ الْإِنسَانُ مِنْ عَجَلٍ ۚ سَأُرِيكُمْ آيَاتِي فَلَا تَسْتَعْجِلُونِ
မနုဿလူသားသည် အလျင်လိုမှုဖြင့် ဖန်ဆင်းခြင်း ခံခဲ့ရလေသည်။ မကြာမြင့်မီ ငါအရှင်မြတ်သည် မိမိသက်သေလက္ခာဏာတော်များကို အသင်တို့အားပြသတော်မူမည် ဖြစ်ပေသည်။ သို့ဖြစ်ပေရာ အသင်တို့သည်ငါအရှင်မြတ်ထံတော်တွင် အလျင်မလို ကြကုန်လင့်။
38وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِن كُنتُمْ صَادِقِينَ
ထို့ပြင် ၎င်းတို့က "အကယ်၍ အသင်တို့သည်မှန်ကန်စွာ ပြောဆိုသူများ ဖြစ်ကြပါလျှင် ဤ ချိန်းဆိုချက်သည် မည်သည့်အခါ၌ ပြီးမြောက်ပါမည်နည်း" ဟု ပြောဆိုကြကုန်၏။
39لَوْ يَعْلَمُ الَّذِينَ كَفَرُوا حِينَ لَا يَكُفُّونَ عَن وُجُوهِهِمُ النَّارَ وَلَا عَن ظُهُورِهِمْ وَلَا هُمْ يُنصَرُونَ
အကယ်၍သာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အကြင်အချိန်အခါကို သိကြပါမူ (ယင်းကဲ့သို့ ပြောဆိုကြမည် မဟုတ်ပေ)။ ထိုအချိန်အခါတွင် ယင်းသူတို့သည် မိမိတို့၏မျက်နှာများမှလည်းကောင်း၊ မိမိတို့၏ကျောက်ကုန်းများမှလည်းကောင်း၊ မီးကို တားဆီးနိုင်ကြမည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် (မည်သည့်)အကူအညီကို(မျှ)လည်း ရရှိကြမည် မဟုတ်ပေ။
40بَلْ تَأْتِيهِم بَغْتَةً فَتَبْهَتُهُمْ فَلَا يَسْتَطِيعُونَ رَدَّهَا وَلَا هُمْ يُنظَرُونَ
စင်စစ်မှာကား ယင်းမီးသည် ၎င်းတို့၌ ရုတ်တရက် သက်ရောက်ပြီးလျှင် ၎င်းတို့အား တွေဝေသွားစေမည် ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် ထိုမီးကို တွန်းလှန်နိုင်ကြမည်လည်း မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ သည်ရွှေ့ဆိုင်းခွင့်ကိုလည်း ရရှိကြမည် မဟုတ်ပေ။
41وَلَقَدِ اسْتُهْزِئَ بِرُسُلٍ مِّن قَبْلِكَ فَحَاقَ بِالَّذِينَ سَخِرُوا مِنْهُم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
၎င်းပြင် မချွတ်ဧကန် အသင့်အလျင်လည်း ရစူလ်တမန်တော်များသည် ပြက်ရယ်သမှုပြုခြင်းကို ခံခဲ့ကြရလေ၏။ သို့ဖြစ်ပေရာ ထိုရစူလ်တမန်တော်များအား ပြက်ရယ်သမှု ပြုကြသူတို့အား ထိုပြက်ရယ် သမှုပြုခြင်း၏ ပြစ်ဒဏ်သည်ဝိုင်းဝန်းခဲ့လေသည်။
အလ်-အန်ဘီယာကုရ်အာန် ညွှန်းကိန်း
112အာယာသ်
MeccanRevelation
39အာယာသ်

ဘာသာပြန် — အလ်-အန်ဘီယာ 39

စူရာ အလ်-အန်ဘီယာ အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကယ်၍သာ ကာဖိရ် သွေဖည်ငြင်းပယ်သောသူတို့သည် အကြင်အချိန်အခါကို သိကြပါမူ (ယင်းကဲ့သို့ ပြောဆိုကြမည် မဟုတ်ပေ)။ ထိုအချိန်အခါတွင် ယင်းသူတို့သည်…

စူရာ အာယာသ် 39/112 — အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်ဘီယာ နားထောင်, အလ်-အန်ဘီယာ ဘာသာပြန်, အလ်-အန်ဘီယာ mp3, အလ်-အန်ဘီယာ pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers