အလ်-မုအ်မီနွန် · 99/118
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မုအ်မီနွန်
حَتَّىٰ إِذَا جَاءَ أَحَدَهُمُ الْمَوْتُ قَالَ رَبِّ ارْجِعُونِ ۝٩٩
Hattaaa izaa jaaa`a ahada humul mawtu qaala Rabbir ji`oon
📖 မြန်မာဘာသာ
(ထို ကာဖိရ်တို့သည် နောင်တရကြမည့်သူ မဟုတ်ပေ၊) နောက်ဆုံးတွင် ၎င်းတို့အနက် တစ်ဦးတစ်ယောက်၏ထံသို့ မရဏသေခြင်းတရားသည် ရောက်ရှိလာသောအခါ၊ ထိုသူသည် (ဤသို့) လျှောက်ထားလေ၏။ "အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ပြန်လွှတ်တော်မူပါ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 97-101 — စူရာ အလ်-မုအ်မီနွန်

97وَقُل رَّبِّ أَعُوذُ بِكَ مِنْ هَمَزَاتِ الشَّيَاطِينِ
၎င်းပြင် အသင်သည်(ဤသို့)လျှောက်ထား ပန်ကြားပါလေ။ အို-ကျွန်တော်မျိုး၏အရှင်မြတ်၊ ကျွန်တော်မျိုးသည် ရှိုင်တွာန် မိစ္ဆာကောင်တို့၏ တိုက်တွန်းနှိုးဆော်ချက်တို့မှ (လွတ်ကင်းရန်) အရှင်မြတ်၏ အကာအကွယ်ကို ရလိုပါ၏။
98وَأَعُوذُ بِكَ رَبِّ أَن يَحْضُرُونِ
ထိုနည်းတူစွာ ကျွန်တော်မျိုးသည် မိမိထံသို့ ထိုရှိုင်တွာန် မိစ္ဆာကောင်များ ရောက်ရှိမလာနိုင်ကြရန်လည်း အရှင်မြတ်၏ အကာအကွယ်ကိုရလိုပါ၏။
99حَتَّىٰ إِذَا جَاءَ أَحَدَهُمُ الْمَوْتُ قَالَ رَبِّ ارْجِعُونِ
(ထို ကာဖိရ်တို့သည် နောင်တရကြမည့်သူ မဟုတ်ပေ၊) နောက်ဆုံးတွင် ၎င်းတို့အနက် တစ်ဦးတစ်ယောက်၏ထံသို့ မရဏသေခြင်းတရားသည် ရောက်ရှိလာသောအခါ၊ ထိုသူသည် (ဤသို့) လျှောက်ထားလေ၏။ "အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ပြန်လွှတ်တော်မူပါ။
100لَعَلِّي أَعْمَلُ صَالِحًا فِيمَا تَرَكْتُ ۚ كَلَّا ۚ إِنَّهَا كَلِمَةٌ هُوَ قَائِلُهَا ۖ وَمِن وَرَائِهِم بَرْزَخٌ إِلَىٰ يَوْمِ يُبْعَثُونَ
ကျွန်တော်မျိုးသည် မိမိစွန့်ထားခဲ့သော (လောကသို့ပြန်သွား၍)ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်အံ့သောငှာ၊ "အလျှင်း မဖြစ်နိုင်ပြီ။ ဧကန်စင်စစ် ဤသည်ကား ထိုသူသည် (မိမိနှုတ်ဖြင့်သာ)ပြောဆိုနေသော စကားတစ်ခွန်းမျှပင်။ စင်စစ် ၎င်းတို့၏ရှေ့ဝယ် ၎င်းတို့ ရှင်ပြန်ထကြရမည့်နေ့ တိုင်အောင် အကာအဆီးတစ်ခု ရှိနေချေပြီတကား။
101فَإِذَا نُفِخَ فِي الصُّورِ فَلَا أَنسَابَ بَيْنَهُمْ يَوْمَئِذٍ وَلَا يَتَسَاءَلُونَ
ထို့နောက် တံပိုးမှုတ်သောအခါ ၎င်းတို့ အချင်းချင်းတွင် သွေးတော်စပ်ခြင်းများလည်း အလျှင်းရှိလိမ့်မည် မဟုတ်ပေ။ အချင်းချင်း တစ်ဦးကိုတစ်ဦး မေးမြန်းကြမည်လည်း မဟုတ်ချေ။
အလ်-မုအ်မီနွန်ကုရ်အာန် ညွှန်းကိန်း
118အာယာသ်
MeccanRevelation
99အာယာသ်

ဘာသာပြန် — အလ်-မုအ်မီနွန် 99

စူရာ အလ်-မုအ်မီနွန် အာယာသ် 99 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထို ကာဖိရ်တို့သည် နောင်တရကြမည့်သူ မဟုတ်ပေ၊) နောက်ဆုံးတွင် ၎င်းတို့အနက် တစ်ဦးတစ်ယောက်၏ထံသို့ မရဏသေခြင်းတရားသည် ရောက်ရှိလာသောအခါ၊ ထိုသူသည်…

စူရာ အာယာသ် 99/118 — စူရာ အလ်-မုအ်မီနွန် المؤمنون (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မုအ်မီနွန် နားထောင်, စူရာ အလ်-မုအ်မီနွန် ဘာသာပြန်, စူရာ အလ်-မုအ်မီနွန် mp3, စူရာ အလ်-မုအ်မီနွန် pdf. အာယာသ် 97–101. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers