အလ်-ဖူရ်ကာန် · 63/77
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဖူရ်ကာန်
وَعِبَادُ الرَّحْمَٰنِ الَّذِينَ يَمْشُونَ عَلَى الْأَرْضِ هَوْنًا وَإِذَا خَاطَبَهُمُ الْجَاهِلُونَ قَالُوا سَلَامًا ۝٦٣
Wa `ibaadur Rahmaanil lazeena yamshoona `alal ardi hawnanw wa izaa khaata bahumul jaahiloona qaaloo salaamaa
📖 မြန်မာဘာသာ
စင်စစ်သော်ကား ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ ကျွန်များသည် အကြင်သူများပင်။ ထိုသူတို့သည် ပထဝီမြေပေါ်ဝယ် ကျိုးနွံစွာ၊ ဖြည်းညင်းစွာ၊ ဣန္ဒြေသိက္ခာရှိစွာ၊ လမ်းလျှောက်ကြကုန်၏။ ထိုမှတစ်ပါး အသိအလိမ္မာ ကင်းမဲ့ကြသောသူများသည် ၎င်းတို့နှင့် စကားပြောဆိုကြသောအခါ ၎င်းတို့သည် ကောင်းမွန်စွာ ပဋိပက္ခ ကင်းငြိမ်းသောစကားကို အပြစ်မဖြစ်စေသောစကားကို ပြောဆိုကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 61-65 — စူရာ အလ်-ဖူရ်ကာန်

61تَبَارَكَ الَّذِي جَعَلَ فِي السَّمَاءِ بُرُوجًا وَجَعَلَ فِيهَا سِرَاجًا وَقَمَرًا مُّنِيرًا
အကြင်အရှင်မြတ်သည် ‘ဗရ်ကသ်’ မင်္ဂလာနှင့် အလွန်ပြည့်စုံတော်မူ၏။ ထိုအရှင်မြတ်သည် မိုးကောင်းကင်၌ ဆယ့်နှစ်ရာသီအင်သာစက်များကို ဂြိုဟ်နက္ခတ်များကို ပြုလုပ်တော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်၌ ဆီးမီးတစ်ခုကိုလည်းကောင်း၊ လင်းဝင်းတောက်ပသော လစန္ဒာကိုလည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့၏။
62وَهُوَ الَّذِي جَعَلَ اللَّيْلَ وَالنَّهَارَ خِلْفَةً لِّمَنْ أَرَادَ أَن يَذَّكَّرَ أَوْ أَرَادَ شُكُورًا
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် အကြင်သူ၏အဖို့ ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊ တစ်ခု၏ နောက်တစ်ခု အလှည့်ကျသွားလာသောအရာများပင် ပြုလုပ်တော်မူခဲ့၏။ ထိုသူသည် သိနားလည်ရန်အလိုရှိခဲ့၏။ သို့တည်းမဟုတ် ကျေးဇူးသိတတ်ရန် ရည်စူးခဲ့ပေသတည်း။
63وَعِبَادُ الرَّحْمَٰنِ الَّذِينَ يَمْشُونَ عَلَى الْأَرْضِ هَوْنًا وَإِذَا خَاطَبَهُمُ الْجَاهِلُونَ قَالُوا سَلَامًا
စင်စစ်သော်ကား ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ ကျွန်များသည် အကြင်သူများပင်။ ထိုသူတို့သည် ပထဝီမြေပေါ်ဝယ် ကျိုးနွံစွာ၊ ဖြည်းညင်းစွာ၊ ဣန္ဒြေသိက္ခာရှိစွာ၊ လမ်းလျှောက်ကြကုန်၏။ ထိုမှတစ်ပါး အသိအလိမ္မာ ကင်းမဲ့ကြသောသူများသည် ၎င်းတို့နှင့် စကားပြောဆိုကြသောအခါ ၎င်းတို့သည် ကောင်းမွန်စွာ ပဋိပက္ခ ကင်းငြိမ်းသောစကားကို အပြစ်မဖြစ်စေသောစကားကို ပြောဆိုကြကုန်၏။
64وَالَّذِينَ يَبِيتُونَ لِرَبِّهِمْ سُجَّدًا وَقِيَامًا
၎င်းပြင် အကြင်သူများပင် ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် ‘စဂျ်ဒဟ်’ ပျပ်ဝပ် ဦးချကြလျက် လည်းကောင်း၊ မတ်တတ်ရပ်ကြလျက်လည်းကောင်း၊ ညဉ့်ကို ကုန်လွန်စေကြကုန်၏။
65وَالَّذِينَ يَقُولُونَ رَبَّنَا اصْرِفْ عَنَّا عَذَابَ جَهَنَّمَ ۖ إِنَّ عَذَابَهَا كَانَ غَرَامًا
ထို့ပြင် အကြင်သူများပင်။ ထိုသူတို့သည်(ဤသို့) လျှောက်ထားကြကုန်၏။ အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ဂျဟန္နမ်ငရဲ၏ပြစ်ဒဏ်ကို ကျွန်တော်မျိုးတို့မှ ဖယ်ရှားပေးတော်မူပါ။ ဧကန်မလွဲ ယင်းဂျဟန္နမ်ငရဲ၏ ပြစ်ဒဏ်သည်ကား ပျက်စီးမှုပင်၊ ပြင်းထန်လှသောဒုက္ခပင်၊ အဆက်မပြတ် သက်ရောက်အံ့သော ပြစ်ဒဏ်ပင်ဖြစ်ပါသည်။
အလ်-ဖူရ်ကာန်ကုရ်အာန် ညွှန်းကိန်း
77အာယာသ်
MeccanRevelation
63အာယာသ်

ဘာသာပြန် — အလ်-ဖူရ်ကာန် 63

စူရာ အလ်-ဖူရ်ကာန် အာယာသ် 63 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ‘ရဟ်မာန်’ ကြီးမားလှသော ကရုဏာတော်ရှင်၏ ကျွန်များသည် အကြင်သူများပင်။ ထိုသူတို့သည် ပထဝီမြေပေါ်ဝယ် ကျိုးနွံစွာ၊ ဖြည်းညင်းစွာ၊…

စူရာ အာယာသ် 63/77 — စူရာ အလ်-ဖူရ်ကာန် الفرقان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဖူရ်ကာန် နားထောင်, စူရာ အလ်-ဖူရ်ကာန် ဘာသာပြန်, စူရာ အလ်-ဖူရ်ကာန် mp3, စူရာ အလ်-ဖူရ်ကာန် pdf. အာယာသ် 61–65. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers