စဗ · 42/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
فَالْيَوْمَ لَا يَمْلِكُ بَعْضُكُمْ لِبَعْضٍ نَّفْعًا وَلَا ضَرًّا وَنَقُولُ لِلَّذِينَ ظَلَمُوا ذُوقُوا عَذَابَ النَّارِ الَّتِي كُنتُم بِهَا تُكَذِّبُونَ ۝٤٢
Fal Yawma laa yamliku ba`dukum liba`din naf`anw wa laa darraa; wa naqoolu lilzeena zalamoo zooqoo `azaaban Naaril latee kuntum bihaa tukazziboon
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့အနက်အချို့သည်အချို့ကို အကျိုးပြုရန်လည်း ပိုင်ဆိုင်ခွင့်မရှိပြီ။အကျိုးယုတ်စေရန်လည်း ပိုင်ဆိုင်ခွင့်မရှိတော့ပြီ။ ထိုမှတစ်ပါးငါအရှင်မြတ်သည် (မိမိကိုယ်မိမိ) နှိပ်စက် ညှဉ်းပမ်းခဲ့ကြသောသူတို့အား အသင်တို့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသောငရဲမီး ၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန် ဟုမိန့်ကြား တော်မူအံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ခက်ခဲသောစကားလုံးများ၏အဓိပ္ပာယ်
  • الْيَوْمَ (အလ်ယောင်မ) — ထိုနေ့၊ ဆိုလိုသည်မှာ ကိယာမသ်နေ့၊ တမလွန်ဘဝတွင် စစ်ဆေးမေးမြန်းမည့်နေ့။
  • لَا يَمْلِكُ (လာ ယမ်လိကု) — မပိုင်ဆိုင်ဘူး၊ မစွမ်းဆောင်နိုင်ဘူး။
  • نَفْعًا (နဖ်အန်) — အကျိုးကျေးဇူး။
  • ضَرًّا (ဒါရ်ရန်) — ဘေးအန္တရာယ်၊ ဆုံးရှုံးမှု။
  • ظَلَمُوا (ဇလမု) — မတရားပြုလုပ်သူများ၊ ဆိုလိုသည်မှာ ရှိရ်က်(ဘုရားတုပြုခြင်း)နှင့် မာဆိယသ်(အပြစ်များ)ဖြင့် မိမိကိုယ်ကို နစ်နာစေသူများ။
  • ذُوقُوا (ဇူကု) — မြည်းစမ်းကြလော့၊ ခံစားကြလော့။
  • تُكَذِّبُونَ (တုကဇ်ဇိဗူန) — သင်တို့ ငြင်းပယ်လျက် ရှိခဲ့ကြသည်။
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

ကိယာမသ်နေ့တွင် လူသားအားလုံး ရှင်ပြန်ထမြောက်၍ စစ်ဆေးမေးမြန်းခြင်းခံရမည့်အခါ ဤလောကတွင် အလ္လာဟ်အရှင်မြတ်ကို စွန့်၍ ကိုးကွယ်ခဲ့ကြသော ဘုရားတုများသည် မိမိတို့ကို ကိုးကွယ်ခဲ့သူများအတွက် မည်သည့်အကျိုးကျေးဇူးကိုမျှ ပေးနိုင်မည်မဟုတ်သလို မည်သည့်ဘေးအန္တရာယ်ကိုမျှလည်း ဖယ်ရှားပေးနိုင်မည်မဟုတ်ပေ။ ထို့အတူ လူသားချင်းလည်း တစ်ဦးကိုတစ်ဦး အကျိုးပြုနိုင်ခြင်း သို့မဟုတ် ဘေးဖယ်ပေးနိုင်ခြင်းတို့ကို မပိုင်ဆိုင်ကြပေ။ အကြောင်းမှာ ထိုနေ့တွင် အမိန့်အာဏာအားလုံးသည် အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအဖို့သာ ဖြစ်တော်မူ၏။ ထို့နောက် ရှိရ်က်နှင့် အပြစ်များဖြင့် မိမိတို့ကိုယ်ကို နစ်နာစေခဲ့ကြသော မတရားပြုသူများအား “သင်တို့သည် ဤလောကတွင် ငြင်းပယ်လျက် ရှိခဲ့ကြသော ငရဲမီး၏အပြစ်ဒဏ်ကို ယခု မြည်းစမ်းခံစားကြလော့” ဟု မိန့်တော်မူမည်ဖြစ်၏။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် တစ်ပါးတည်းသော အာဏာပိုင်ရှင်ဖြစ်တော်မူကြောင်း သိရှိနားလည်စေပြီး၊ မည်သည့်ဖန်ဆင်းခံမျှ အကျိုးပြုနိုင် သို့မဟုတ် ဘေးဖယ်ပေးနိုင်သော စွမ်းအားမရှိကြောင်း နားလည်စေသည်။
  • ဤလောကတွင် ပြုလုပ်ခဲ့သော ကောင်းမှုနှင့် မကောင်းမှုတို့အတွက် တမလွန်တွင် အစစ်အမှန် စစ်ဆေးခံရမည်ကို သတိရစေသည်။
  • ရှိရ်က်(ဘုရားတုပြုခြင်း)နှင့် အပြစ်များသည် လူသားကို မိမိကိုယ်ကို နစ်နာစေသော လုပ်ရပ်များဖြစ်ကြောင်း သိမြင်စေသည်။
  • အလ္လာဟ်အရှ


📜 အာယာသ် 40-44 — စူရာ စဗ

40وَيَوْمَ يَحْشُرُهُمْ جَمِيعًا ثُمَّ يَقُولُ لِلْمَلَائِكَةِ أَهَٰؤُلَاءِ إِيَّاكُمْ كَانُوا يَعْبُدُونَ
၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည်၎င်းတို့အားလုံးကို စုရုံးတော်မူပြီးနောက် မလာအိကဟ်ကောင်းကင်တမန်တို့အား ဤသူတို့သည် အသင်တို့အားဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည်လော ဟု မေးမြန်းတော်မူပေမည်။
41قَالُوا سُبْحَانَكَ أَنتَ وَلِيُّنَا مِن دُونِهِم ۖ بَلْ كَانُوا يَعْبُدُونَ الْجِنَّ ۖ أَكْثَرُهُم بِهِم مُّؤْمِنُونَ
ထို မလာအိကဟ် ကောင်းကင်တမန်တို့က(ဤသို့)လျှောက်ထားခဲ့ကြပေမည်။ (အို-အရှင်မြတ်၊)အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုး တို့သည်အရှင်မြတ်နှင့်သာ ပတ်သက်ကြပါသည်။ ၎င်းတို့နှင့် မပတ်သက်ကြပါ။ စင်စစ်မှာကား ၎င်းတို့သည် ဂျင်န်သတ္တဝါများကိုသာ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြပါသည်။ ၎င်းတို့အနက်အများဆုံးသောသူတို့မှာ ဂျင်န်သတ္တဝါများကိုပင် ယုံကြည်သူများ ဖြစ်ခဲ့ကြပါသည်။
42فَالْيَوْمَ لَا يَمْلِكُ بَعْضُكُمْ لِبَعْضٍ نَّفْعًا وَلَا ضَرًّا وَنَقُولُ لِلَّذِينَ ظَلَمُوا ذُوقُوا عَذَابَ النَّارِ الَّتِي كُنتُم بِهَا تُكَذِّبُونَ
သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့အနက်အချို့သည်အချို့ကို အကျိုးပြုရန်လည်း ပိုင်ဆိုင်ခွင့်မရှိပြီ။အကျိုးယုတ်စေရန်လည်း ပိုင်ဆိုင်ခွင့်မရှိတော့ပြီ။ ထိုမှတစ်ပါးငါအရှင်မြတ်သည် (မိမိကိုယ်မိမိ) နှိပ်စက် ညှဉ်းပမ်းခဲ့ကြသောသူတို့အား အသင်တို့သည် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသောငရဲမီး ၏ပြစ်ဒဏ်ကို မြည်းစမ်းကြလေကုန် ဟုမိန့်ကြား တော်မူအံ့သတည်း။
43وَإِذَا تُتْلَىٰ عَلَيْهِمْ آيَاتُنَا بَيِّنَاتٍ قَالُوا مَا هَٰذَا إِلَّا رَجُلٌ يُرِيدُ أَن يَصُدَّكُمْ عَمَّا كَانَ يَعْبُدُ آبَاؤُكُمْ وَقَالُوا مَا هَٰذَا إِلَّا إِفْكٌ مُّفْتَرًى ۚ وَقَالَ الَّذِينَ كَفَرُوا لِلْحَقِّ لَمَّا جَاءَهُمْ إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ
စင်စစ်သော်ကား ငါအရှင်မြတ်၏ ထင်ရှားစွာသော အာယတ်တော်များသည် ၎င်းတို့၏ရှေ့မှောက်ဝယ် ဖတ်ကြားခြင်းခံခဲ့ကြရလေသောအခါ ၎င်းတို့က ဤသူသည်အသင်တို့အား အသင်တို့၏ အဖ ဘိုးဘေးတို့ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည်များကို (ဆည်းကပ်ကိုးကွယ်ခြင်း)မှပိတ်ပင်တားဆီးလိုသူတစ်ဦးသာလျှင်ဖြစ်သည် ဟု ပြောဆိုခဲ့ကြသည့်ပြင် ဤ(ကုရ်အာန်)သည် ကြံဖန်လီဆယ်ထားသောမုသားစကားတစ်ရပ်သာလျှင် ဖြစ်သည် ဟူ၍လည်း ပြောဆိုခဲ့ကြကုန်၏။ ထိုမှတပါး ကာဖိရ် သွေဖည် ငြင်းပယ်ခဲ့ကြသောသူတို့က မိမိတို့ထံ အမှန်တရား ရောက်ရှိ၍ လာသောအခါယင်းအမှန်တရားနှင့် စပ်လျဉ်း၍ ဤသည် ထင်ရှားစွာသောပဉ္စလက်အတတ် ပညာတရပ်သာလျှင်ဖြစ်သည် ဟု ဆိုကြကုန်၏။
44وَمَا آتَيْنَاهُم مِّن كُتُبٍ يَدْرُسُونَهَا ۖ وَمَا أَرْسَلْنَا إِلَيْهِمْ قَبْلَكَ مِن نَّذِيرٍ
စင်စစ်မှာမူကား ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်များကို ချီးမြှင့်ပေးသနားတော်မူခဲ့ သည်လည်းမဟုတ်။ ၎င်းတို့သည် ယင်းကျမ်းဂန်များကို ဖတ်ရွတ်သင်ကြားလျက်ရှိကြသည်(လည်းမဟုတ် ပေ)၊ ငါအရှင်မြတ်သည် အသင့်အလျင် ၎င်းတို့ထံ သတိပေး နှိုးဆော်သူတစ်ဦးတစ်ယောက်ကိုမျှစေလွှတ် တော်မူခဲ့သည်လည်း မဟုတ်ပေ။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
42အာယာသ်

ဘာသာပြန် — စဗ 42

စူရာ စဗ အာယာသ် 42 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ ယနေ့သော်ကား အသင်တို့အနက်အချို့သည်အချို့ကို အကျိုးပြုရန်လည်း ပိုင်ဆိုင်ခွင့်မရှိပြီ။အကျိုးယုတ်စေရန်လည်း ပိုင်ဆိုင်ခွင့်မရှိတော့ပြီ။ ထိုမှတစ်ပါးငါအရှင်မြတ်သည် (မိမိကိုယ်မိမိ) နှိပ်စက် ညှဉ်းပမ်းခဲ့ကြသောသူတို့အား…

စူရာ အာယာသ် 42/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 40–44. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers