ဖာတီရ် · 14/45
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖာတီရ်
إِن تَدْعُوهُمْ لَا يَسْمَعُوا دُعَاءَكُمْ وَلَوْ سَمِعُوا مَا اسْتَجَابُوا لَكُمْ ۖ وَيَوْمَ الْقِيَامَةِ يَكْفُرُونَ بِشِرْكِكُمْ ۚ وَلَا يُنَبِّئُكَ مِثْلُ خَبِيرٍ ۝١٤
in tad`oohum laa yasma`oo du`aaa`akum wa law sami`oo mas tajaaboo lakum; wa Yawmal Qiyaamati Yakfuroona bishirkikum; wa laa yunabbi`uka mislu khabeer
📖 မြန်မာဘာသာ
အသင်တို့သည် အကယ်၍ ၎င်းတို့အား ဟစ်ခေါ်ကြပါလျှင် ၎င်းတို့သည် ကြားကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ကြားခဲ့ကြငြားသော်လည်း အသင်တို့အားပြန်၍ထူးကြမည် မဟုတ်ပေ။ (ပြုလုပ်ဖြည့်စွမ်းပေးနိုင်ကြမည်မဟုတ်ပေ)။ ထိုမှတစ်ပါး ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်မူ ၎င်းတို့သည် အသင်တို့၏ တွဲဖက်ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြပေမည်။ စင်စစ်သော်ကား အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်ကဲ့သို့ မည်သူတစ်ဦး တစ်ယောက်မျှပင် အသင့်အား ထုတ်ဖော်၍ ပြောကြားမည် မဟုတ်ပြီ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းပါဠိတော်၏ ဝေါဟာရအဓိပ္ပာယ်များ
  • တဒ်အူဟွမ် (تَدْعُوهُمْ): သင်တို့သည် သူတို့ကို ခေါ်ဆိုကိုးကွယ်ကြသည်။
  • လာ ယက်စ်မာအူ (لَا يَسْمَعُوا): သူတို့သည် မကြားနိုင်ကြပါ။
  • ဒုအာအကွမ် (دُعَاءَكُمْ): သင်တို့၏ ခေါ်ဆိုကိုးကွယ်မှု။
  • လဝ် စမိအူ (وَلَوْ سَمِعُوا): အကယ်၍ သူတို့သည် ကြားနိုင်ကြသည်ဟု ဆိုပါစို့။
  • မာ စ်သဂျာဗူ (مَا اسْتَجَابُوا): သူတို့သည် ပြန်လည်ဖြေကြားကြမည် မဟုတ်ပါ။
  • ယက်ကဖုရူန (يَكْفُرُونَ): သူတို့သည် ငြင်းပယ်ကြသည်။
  • ရှိရ်ကိကွမ် (شِرْكِكُمْ): သင်တို့၏ ရှိရ်က် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်မှု)။
  • ခဗီရ် (خَبِير): အရာခပ်သိမ်းကို သိတော်မူသောအရှင်။
  1. ကမ္မဋ္ဌာန်းပါဠိတော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို လူသားတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာများကို ခေါ်ဆိုကိုးကွယ်ကြသောအခါ ထိုကိုးကွယ်ရာများသည် သင်တို့၏ ခေါ်ဆိုသံကို လုံးဝမကြားနိုင်ကြပါ။ အကယ်၍ သူတို့သည် ကြားနိုင်ကြသည်ဟု ယူဆပါစို့၊ သူတို့သည် သင်တို့အား ပြန်လည်ဖြေကြားနိုင်စွမ်း မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အသက်မရှိသော ရုပ်တုများ၊ ကျောက်တုံးများ၊ သစ်သားများသာ ဖြစ်ကြသောကြောင့်ပင်။ ထို့အပြင် ကိယာမသ်နေ့တွင် ထိုကိုးကွယ်ရာများသည် သင်တို့၏ ရှိရ်က် (တွဲဖက်ကိုးကွယ်မှု) ကို ငြင်းပယ်ကြမည်။ သူတို့သည် သင်တို့နှင့် လုံးဝအဆက်အသွယ် မရှိကြောင်း ထုတ်ဖော်ပြောဆိုကြမည်။ အို တမန်တော်မုဟမ္မဒ်၊ ဤလောကနှင့် နောင်လောကအကြောင်းအရာများကို အလ္လာဟ်အရှင်မြတ်ကဲ့သို့ အတိအကျ သိတော်မူသောအရှင် မည်သူမျှ မရှိပါ။ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို သိတော်မူသော ခဗီရ် (အလွန်သိတော်မူသောအရှင်) ဖြစ်တော်မူသည်။

  1. ဤကမ္မဋ္ဌာန်းပါဠိတော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်သာသနာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားကိုးကွယ်ရာများကို ခေါ်ဆိုကိုးကွယ်ခြင်းသည် အကျိုးမရှိသော လုပ်ရပ်ဖြစ်ကြောင်း ဤကမ္မဋ္ဌာန်းပါဠိတော်က ရှင်းလင်းစွာ ဖော်ပြထားသည်။
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ရာဖြစ်ကြောင်း၊ ထိုအရှင်မြတ်သာလျှင် ခေါ်ဆိုသံကို ကြားတော်မူပြီး ဖြေကြားပ


📜 အာယာသ် 12-16 — စူရာ ဖာတီရ်

12وَمَا يَسْتَوِي الْبَحْرَانِ هَٰذَا عَذْبٌ فُرَاتٌ سَائِغٌ شَرَابُهُ وَهَٰذَا مِلْحٌ أُجَاجٌ ۖ وَمِن كُلٍّ تَأْكُلُونَ لَحْمًا طَرِيًّا وَتَسْتَخْرِجُونَ حِلْيَةً تَلْبَسُونَهَا ۖ وَتَرَى الْفُلْكَ فِيهِ مَوَاخِرَ لِتَبْتَغُوا مِن فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
၎င်းပြင် သမုဒ္ဒရာပင်လယ်နှစ်ခုသည် မတူကြပေ။ ဤ(ပင်လယ်တစ်ခု၏)ရေမှာချိုမြိန်၏။ ရေငတ်ပြေစေ၏။ထိုရေကို သောက်သုံးရာ၌လည်း လွယ်ကူ၍ အဝင်ကောင်းလှ၏။ သို့ရာတွင် ဤ (ပင်လယ်တစ်ခု၏ရေ)မှာမူကား ငံ၏။ခါး၏။ သို့ရာတွင် အသင်တို့သည်(ထိုပင်လယ်)အသီးသီးမှလတ်ဆတ်သောအသား၊(ဝါ) ငါးများကို စားသုံးကြကုန်၏။ ၎င်းပြင်အသင်တို့သည်(ထိုပင်လယ်များမှ)မိမိတို့ဝတ်ဆင်ကြ ကုန်သောလက်ဝတ်လက်စား တန်ဆာများကို ထုတ်ယူကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ရှာဖွေဆည်းပူးကြအံ့သောငှာ ထိုပင်လယ်၌ သင်္ဘောများ ရေကိုခွဲ၍ သွားလာလျက် ရှိကြသည်ကိုလည်း အသင်သည် တွေ့မြင်ရပေမည်။ သို့မှာသာလျှင်အသင်တို့သည် ကျေးဇူးတော်ကို သိတတ်ကြအံ့သတည်း။
13يُولِجُ اللَّيْلَ فِي النَّهَارِ وَيُولِجُ النَّهَارَ فِي اللَّيْلِ وَسَخَّرَ الشَّمْسَ وَالْقَمَرَ كُلٌّ يَجْرِي لِأَجَلٍ مُّسَمًّى ۚ ذَٰلِكُمُ اللَّهُ رَبُّكُمْ لَهُ الْمُلْكُ ۚ وَالَّذِينَ تَدْعُونَ مِن دُونِهِ مَا يَمْلِكُونَ مِن قِطْمِيرٍ
ထိုအရှင်မြတ်သည်(အချို့သောရာသီဥတု၌) ည၏(အစိတ်အပိုင်းအချို့ကို) နေ့၏အတွင်းသို့ ဝင်စေတော်မူ၍(အချို့သောရာသီဥတု၌မူ)နေ့၏(အချို့သော အစိတ်အပိုင်း)ကိုည၏အတွင်းသို့ ဝင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ ‘စန္ဒာ’ ကိုလည်းကောင်း၊ ပိုင်နိုင်စွာအကျိုး ပြုထားစေတော်မူရာ (ယင်း ‘သူရိယ’နေနှင့် လ ‘စန္ဒာ’) အသီသီးတို့မှာ သတ်မှတ်ပြဋ္ဌာန်းထားသောအချိန်ကာလတိုင်အောင် လှုပ်ရှားသွားလာလျက်ပင် ရှိကြပေသည်။ ဤသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ၏။ စိုးမိုးအုပ်ချုပ်မှု အာဏာသည်ထိုအရှင်မြတ်၌သာရှိ၏။ သို့ရာတွင် ထိုအရှင်မြတ်အား စွန့်၍အသင်တို့ ဟစ်ခေါ်တသလျက် ရှိကြကုန်သော သူတို့မှာမူကားစွန်ပလွံစေ့၌ ကပ်လျက်ရှိသော အမြှေးခန့်မျှပင် ပိုင်ဆိုင်ကြသည် မဟုတ်ပေ။
14إِن تَدْعُوهُمْ لَا يَسْمَعُوا دُعَاءَكُمْ وَلَوْ سَمِعُوا مَا اسْتَجَابُوا لَكُمْ ۖ وَيَوْمَ الْقِيَامَةِ يَكْفُرُونَ بِشِرْكِكُمْ ۚ وَلَا يُنَبِّئُكَ مِثْلُ خَبِيرٍ
အသင်တို့သည် အကယ်၍ ၎င်းတို့အား ဟစ်ခေါ်ကြပါလျှင် ၎င်းတို့သည် ကြားကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ကြားခဲ့ကြငြားသော်လည်း အသင်တို့အားပြန်၍ထူးကြမည် မဟုတ်ပေ။ (ပြုလုပ်ဖြည့်စွမ်းပေးနိုင်ကြမည်မဟုတ်ပေ)။ ထိုမှတစ်ပါး ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်မူ ၎င်းတို့သည် အသင်တို့၏ တွဲဖက်ကိုးကွယ်မှုကိုပင် ငြင်းပယ်ကြပေမည်။ စင်စစ်သော်ကား အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ကြားသိတော်မူသော အရှင်ကဲ့သို့ မည်သူတစ်ဦး တစ်ယောက်မျှပင် အသင့်အား ထုတ်ဖော်၍ ပြောကြားမည် မဟုတ်ပြီ။
15۞ يَا أَيُّهَا النَّاسُ أَنتُمُ الْفُقَرَاءُ إِلَى اللَّهِ ۖ وَاللَّهُ هُوَ الْغَنِيُّ الْحَمِيدُ
အို-လူအပေါင်းတို့၊ အသင်တို့သည်(သာလျှင်)(မိမိတို့၏ကိစ္စအရပ်ရပ်တွင်) အလ္လာဟ်အရှင်မြတ်အား လိုလားတောင့်တကြရသူများပင် ဖြစ်ကြကုန်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား လိုလားတောင့်တခြင်း လုံးဝ ကင်းမဲ့သောအရှင်၊ ချီးမွမ်းအပ်သော ဝိသေသ ဂုဏ်ထူးနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။
16إِن يَشَأْ يُذْهِبْكُمْ وَيَأْتِ بِخَلْقٍ جَدِيدٍ
အကယ်၍ ထိုအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် အသင်တို့အား ပယ်ရှားတော်မူ၍ အဖန်ဆင်းခံအသစ်ကို ယူလာတော်မူနိုင်၏။
ဖာတီရ်ကုရ်အာန် ညွှန်းကိန်း
45အာယာသ်
MeccanRevelation
14အာယာသ်

ဘာသာပြန် — ဖာတီရ် 14

စူရာ ဖာတီရ် အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့သည် အကယ်၍ ၎င်းတို့အား ဟစ်ခေါ်ကြပါလျှင် ၎င်းတို့သည် ကြားကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ ကြားခဲ့ကြငြားသော်လည်း အသင်တို့အားပြန်၍ထူးကြမည်…

စူရာ အာယာသ် 14/45 — စူရာ ဖာတီရ် فاطر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖာတီရ် နားထောင်, စူရာ ဖာတီရ် ဘာသာပြန်, စူရာ ဖာတီရ် mp3, စူရာ ဖာတီရ် pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers