အန်-နီဆာ · 115/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَمَن يُشَاقِقِ الرَّسُولَ مِن بَعْدِ مَا تَبَيَّنَ لَهُ الْهُدَىٰ وَيَتَّبِعْ غَيْرَ سَبِيلِ الْمُؤْمِنِينَ نُوَلِّهِ مَا تَوَلَّىٰ وَنُصْلِهِ جَهَنَّمَ ۖ وَسَاءَتْ مَصِيرًا ۝١١٥
Wa mai yushaaqiqir Rasoola mim ba`di maa tabaiyana lahul hudaa wa tattabi` ghaira sabeelil mu`mineena nuwallihee ma tawallaa wa nuslihee Jahannama wa saaa`at maseeraa
📖 မြန်မာဘာသာ
သို့ရာတွင် မည်သူမဆို မိမိအဖို့ တရားဓမ္မလမ်းစဉ်သည် ထင်ရှားခဲ့ပြီးနောက် ရစူလ်တမန်တော်ကိုဆန့်ကျင်အံ့။ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏လမ်းစဉ်မှအပ အခြားလမ်းစဉ်ကိုလိုက်နာအံ့၊ သို့ဖြစ်လျှင်ငါအရှင်မြတ်သည် ထိုသူအား ၎င်းကိုယ်တိုင်လှည့်ရာဘက်သို့ လှည့်ပေးတော်မူအံ့။ ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် ထိုသူအား ‘ဂျဟန္နမ်’ ငရဲဘုံသို့ ထည့်သွင်းတော်မူအံ့။ စင်စစ် ထို ‘ဂျဟန္နမ်’ငရဲဘုံသည် အလွန်ယုတ်ညံ့လှသော ပြန်လည်ရာဌာနပင်ဖြစ်ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • ရစူလ် (الرَّسُولَ) — တမန်တော်မုဟမ္မဒ် (ဆွ) ကို ဆိုလိုသည်။
  • ရှာက်ကွ (يُشَاقِقِ) — ဆန့်ကျင်ဘက်ပြုခြင်း၊ ခွဲထွက်ခြင်း၊ အတိုက်အခံပြုခြင်း။
  • ဟိဒါယသ် (الْهُدَىٰ) — လမ်းညွှန်မှု၊ အမှန်တရား၊ အစ္စလာမ်လမ်းစဉ်။
  • စဗီလ် (سَبِيلِ) — လမ်း၊ လမ်းစဉ်။
  • နုဝလ္လိဟိ (نُوَلِّهِ) — သူလိုချင်ရာကို လွှတ်ထားမည်၊ သူရွေးချယ်သည့်အတိုင်း ဖြစ်စေမည်။
  • နုဆ်လိဟိ (نُصْلِهِ) — သူ့ကို ထည့်သွင်းမည်၊ ရောက်စေမည်။
  • ဂျဟန္နမ် (جَهَنَّمَ) — ငရဲမီး။
  • မာဆီရာ (مَصِيرًا) — ပြန်လည်ရောက်ရှိရာနေရာ၊ အဆုံးသတ်နေရာ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အကြင်သူသည် မိမိထံသို့ အမှန်တရားလမ်းညွှန်မှု ထင်ရှားရှင်းလင်းပြီးနောက်တွင်ပင် တမန်တော် (ဆွ) ကို ဆန့်ကျင်ဘက်ပြု၍ ခွဲထွက်သွားပြီး မုအ်မင်န်များ၏ လမ်းစဉ်မှတစ်ပါး အခြားလမ်းကို လိုက်နာလျှင် ငါအရှင်မြတ်သည် သူရွေးချယ်ခဲ့သော လမ်းကို သူ့အတွက် လွှတ်ထားတော်မူမည်။ သူ့ကို ကောင်းမှုလမ်းသို့ ညွှန်ကြားတော်မူမည် မဟုတ်ပေ။ ထို့နောက် သူ့ကို ငရဲမီးထဲသို့ ထည့်သွင်းတော်မူမည်။ သူသည် ငရဲမီး၏ အပူရှိန်ကို ခံစားရမည်။ ထိုငရဲမီးသည် အလွန်ဆိုးရွားသော ပြန်လည်ရောက်ရှိရာနေရာ အမှန်ပင် ဖြစ်သည်။

ဤအာယသ်တော်သည် တမန်တော်ကို ဆန့်ကျင်ဘက်ပြုခြင်းနှင့် မုအ်မင်န်များ၏ လမ်းစဉ်မှ လွဲဖယ်ခြင်းတို့၏ အန္တရာယ်ကို သတိပေးထားသည်။ အမှန်တရားသည် ထင်ရှားရှင်းလင်းပြီးဖြစ်သော်လည်း ဇွဲ၊ မာန်မာနနှင့် ကိုယ်ကျိုးစီးပွားအတွက် အမှန်တရားကို ငြင်းပယ်သူသည် မိမိရွေးချယ်သည့် လမ်းပေါ်တွင် လွှတ်ထားခံရမည်။ သူ့အတွက် နောင်တရဖွယ် အခွင့်အလမ်းများ ဆုံးရှုံးသွားမည်။ ဤအာယသ်တော်သည် သွေဖည်သူတစ်ဦးအကြောင်း အထူးအခြေအနေတစ်ခုတွင် ကျရောက်ခဲ့သည်ဟု ဆိုကြသည်။ သူသည် ခိုးမှုကျူးလွန်ခဲ့သဖြင့် လက်ဖြတ်ခြင်းနှင့် အရှက်တကွဲဖြစ်ခြင်းကို ကြောက်ရွံ့သဖြင့် မက္ကာသို့ ထွက်ပြေးပြီး အစ္စလာမ်မှ လွဲဖယ်ခဲ့သည်။ ထို့နောက် မက္ကာမြို့သူများကို ခိုးရန် အိမ်တစ်အိမ်၏ နံရံကို ဖောက်ခဲ့ရာ နံရ



📜 အာယာသ် 113-117 — စူရာ အန်-နီဆာ

113وَلَوْلَا فَضْلُ اللَّهِ عَلَيْكَ وَرَحْمَتُهُ لَهَمَّت طَّائِفَةٌ مِّنْهُمْ أَن يُضِلُّوكَ وَمَا يُضِلُّونَ إِلَّا أَنفُسَهُمْ ۖ وَمَا يَضُرُّونَكَ مِن شَيْءٍ ۚ وَأَنزَلَ اللَّهُ عَلَيْكَ الْكِتَابَ وَالْحِكْمَةَ وَعَلَّمَكَ مَا لَمْ تَكُن تَعْلَمُ ۚ وَكَانَ فَضْلُ اللَّهِ عَلَيْكَ عَظِيمًا
အကယ်၍ အသင်၏အပေါ်ဝယ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်နှင့် ကရုဏာတော်သည်သာလျှင် မရှိခဲ့ပါမူ ထိုသူတို့အနက်မှ လူတစ်စုသည် အသင့်အား လမ်းလွဲစေကြရန် မုချ စိတ်ပြဋ္ဌာန်းပြီး ဖြစ်ခဲ့ကြ၏။ အမှန်သော်ကား ထိုသူတို့သည် မိမိတို့ကိုယ်ကိုသာလျှင် လမ်းလွဲစေကြ၏။ ၎င်းပြင် ယင်းသူတို့သည် အသင့်အား အလျင်း နစ်နာစေနိုင်ကြသည်လည်းမဟုတ်ချေ။ အကြောင်းကား အလ္လာဟ်အရှင်မြတ်သည် အသင်၏အပေါ်ဝယ် ကျမ်းမြတ်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း ချပေးသနားထားတော်မူခဲ့၏။ ၎င်းပြင် အသင်မသိနားမလည်ခဲ့သော အရာများကိုလည်း အသင့်အား သင်ကြားပြသတော်မူခဲ့၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်သည် အသင်၏အပေါ်ဝယ် ကြီးကျယ်လှပေသည်။
114۞ لَّا خَيْرَ فِي كَثِيرٍ مِّن نَّجْوَاهُمْ إِلَّا مَنْ أَمَرَ بِصَدَقَةٍ أَوْ مَعْرُوفٍ أَوْ إِصْلَاحٍ بَيْنَ النَّاسِ ۚ وَمَن يَفْعَلْ ذَٰلِكَ ابْتِغَاءَ مَرْضَاتِ اللَّهِ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًا
ယေဘုယျအားဖြင့် ၎င်းတို့၏ လျှို့ဝှက် တိုင်ပင်နှီးနှောခြင်းများ၌ ကောင်းမြတ်ခြင်းသည် အလျင်းမရှိချေ။ သို့ရာတွင် အကြင်သူသည် လှူဒါန်းပေးကမ်းရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကောင်းမှုပြုရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ လူတို့၏စပ်ကြားတွင် သင့်မြတ်စေရန်နှင့် စပ်လျဉ်း၍လည်းကောင်း ညွှန်ကြား၏။ (ထိုသို့သောကိစ္စများနှင့်စပ်လျဉ်း၍ လျှို့ဝှက်စွာ တိုင်ပင်နှီးနှောခြင်းများတွင်မူ ကောင်းမြတ်ခြင်းရှိပေသည်။) အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှာ ထိုကဲ့သို့ (ပေးကမ်းစွန့်ကြဲမှုကိုလည်းကောင်း၊ ကောင်းမှုကိုလည်းကောင်း၊ လူခပင်းတို့ စပ်ကြားဝယ် စေ့စပ်ခြင်းကိုလည်းကောင်း) ပြုမူအံ့။ သို့ဖြစ်လျှင် မကြာမြင့်မီ ငါအရှင်မြတ်သည် ထိုသူအား ကြီးကျယ်လှစွာသောအကျိုးကို ချီးမြှင့်ပေးသနားတော်မူအံ့။
115وَمَن يُشَاقِقِ الرَّسُولَ مِن بَعْدِ مَا تَبَيَّنَ لَهُ الْهُدَىٰ وَيَتَّبِعْ غَيْرَ سَبِيلِ الْمُؤْمِنِينَ نُوَلِّهِ مَا تَوَلَّىٰ وَنُصْلِهِ جَهَنَّمَ ۖ وَسَاءَتْ مَصِيرًا
သို့ရာတွင် မည်သူမဆို မိမိအဖို့ တရားဓမ္မလမ်းစဉ်သည် ထင်ရှားခဲ့ပြီးနောက် ရစူလ်တမန်တော်ကိုဆန့်ကျင်အံ့။ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏လမ်းစဉ်မှအပ အခြားလမ်းစဉ်ကိုလိုက်နာအံ့၊ သို့ဖြစ်လျှင်ငါအရှင်မြတ်သည် ထိုသူအား ၎င်းကိုယ်တိုင်လှည့်ရာဘက်သို့ လှည့်ပေးတော်မူအံ့။ ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် ထိုသူအား ‘ဂျဟန္နမ်’ ငရဲဘုံသို့ ထည့်သွင်းတော်မူအံ့။ စင်စစ် ထို ‘ဂျဟန္နမ်’ငရဲဘုံသည် အလွန်ယုတ်ညံ့လှသော ပြန်လည်ရာဌာနပင်ဖြစ်ပေသည်။
116إِنَّ اللَّهَ لَا يَغْفِرُ أَن يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَاءُ ۚ وَمَن يُشْرِكْ بِاللَّهِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا
မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (အခြားတစ်စုံတစ်ရာကို) မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို အလျင်း ချမ်းသာခွင့်ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုမှတစ်ပါး အခြားအပြစ်ကိုမူ မိမိအလိုရှိတော်မူသူအား ခွင့်လွှတ်တော်မူပေမည်။ အမှန်စင်စစ်သော်ကား မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ယှဉ်ပြိုင်ကိုးကွယ်) ပါမူ၊ ထိုသူသည် မလွဲဧကန် (မှန်ကန်သောတရားလမ်းတော်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ရောက်ရှိချေပြီ။
117إِن يَدْعُونَ مِن دُونِهِ إِلَّا إِنَاثًا وَإِن يَدْعُونَ إِلَّا شَيْطَانًا مَّرِيدًا
၎င်း (မုရှ်ရိက်) တို့သည် ထိုအရှင်မြတ်မှတစ်ပါး‘ဣတ္ထိ’ ‘မ’ များကိုသာ ကိုးကွယ်ကြ၏။ ၎င်းပြင် ထိုသူတို့သည် ပုန်ကန်သော ရှိုင်တွာန်ကိုသာ တိုင်တည်ကိုးကွယ်ကြသည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
115အာယာသ်

ဘာသာပြန် — အန်-နီဆာ 115

စူရာ အန်-နီဆာ အာယာသ် 115 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် မည်သူမဆို မိမိအဖို့ တရားဓမ္မလမ်းစဉ်သည် ထင်ရှားခဲ့ပြီးနောက် ရစူလ်တမန်တော်ကိုဆန့်ကျင်အံ့။ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏လမ်းစဉ်မှအပ…

စူရာ အာယာသ် 115/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 113–117. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers