အန်-နီဆာ · 116/176
ဘာသာပြန် အသံနိုင်ငံ — အန်-နီဆာ
إِنَّ اللَّهَ لَا يَغْفِرُ أَن يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَاءُ ۚ وَمَن يُشْرِكْ بِاللَّهِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا ۝١١٦
Innal laaha laa yaghfiru ai yushraka bihee wayaghfiru maa doona zaalika limai yashaaa`; wa mai yushrik billaahi faqad dalla dalaalam ba`eedaa
📖 မြန်မာဘာသာ
မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (အခြားတစ်စုံတစ်ရာကို) မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို အလျင်း ချမ်းသာခွင့်ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုမှတစ်ပါး အခြားအပြစ်ကိုမူ မိမိအလိုရှိတော်မူသူအား ခွင့်လွှတ်တော်မူပေမည်။ အမှန်စင်စစ်သော်ကား မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ယှဉ်ပြိုင်ကိုးကွယ်) ပါမူ၊ ထိုသူသည် မလွဲဧကန် (မှန်ကန်သောတရားလမ်းတော်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ရောက်ရှိချေပြီ။

🎧 နားထောင်


📜 အာယာသ် 114-118 — အန်-နီဆာ

114۞ لَّا خَيْرَ فِي كَثِيرٍ مِّن نَّجْوَاهُمْ إِلَّا مَنْ أَمَرَ بِصَدَقَةٍ أَوْ مَعْرُوفٍ أَوْ إِصْلَاحٍ بَيْنَ النَّاسِ ۚ وَمَن يَفْعَلْ ذَٰلِكَ ابْتِغَاءَ مَرْضَاتِ اللَّهِ فَسَوْفَ نُؤْتِيهِ أَجْرًا عَظِيمًا
ယေဘုယျအားဖြင့် ၎င်းတို့၏ လျှို့ဝှက် တိုင်ပင်နှီးနှောခြင်းများ၌ ကောင်းမြတ်ခြင်းသည် အလျင်းမရှိချေ။ သို့ရာတွင် အကြင်သူသည် လှူဒါန်းပေးကမ်းရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကောင်းမှုပြုရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ လူတို့၏စပ်ကြားတွင် သင့်မြတ်စေရန်နှင့် စပ်လျဉ်း၍လည်းကောင်း ညွှန်ကြား၏။ (ထိုသို့သောကိစ္စများနှင့်စပ်လျဉ်း၍ လျှို့ဝှက်စွာ တိုင်ပင်နှီးနှောခြင်းများတွင်မူ ကောင်းမြတ်ခြင်းရှိပေသည်။) အမှန်စင်စစ် မည်သူမဆို အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှာ ထိုကဲ့သို့ (ပေးကမ်းစွန့်ကြဲမှုကိုလည်းကောင်း၊ ကောင်းမှုကိုလည်းကောင်း၊ လူခပင်းတို့ စပ်ကြားဝယ် စေ့စပ်ခြင်းကိုလည်းကောင်း) ပြုမူအံ့။ သို့ဖြစ်လျှင် မကြာမြင့်မီ ငါအရှင်မြတ်သည် ထိုသူအား ကြီးကျယ်လှစွာသောအကျိုးကို ချီးမြှင့်ပေးသနားတော်မူအံ့။
115وَمَن يُشَاقِقِ الرَّسُولَ مِن بَعْدِ مَا تَبَيَّنَ لَهُ الْهُدَىٰ وَيَتَّبِعْ غَيْرَ سَبِيلِ الْمُؤْمِنِينَ نُوَلِّهِ مَا تَوَلَّىٰ وَنُصْلِهِ جَهَنَّمَ ۖ وَسَاءَتْ مَصِيرًا
သို့ရာတွင် မည်သူမဆို မိမိအဖို့ တရားဓမ္မလမ်းစဉ်သည် ထင်ရှားခဲ့ပြီးနောက် ရစူလ်တမန်တော်ကိုဆန့်ကျင်အံ့။ ၎င်းပြင် ထိုသူသည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့၏လမ်းစဉ်မှအပ အခြားလမ်းစဉ်ကိုလိုက်နာအံ့၊ သို့ဖြစ်လျှင်ငါအရှင်မြတ်သည် ထိုသူအား ၎င်းကိုယ်တိုင်လှည့်ရာဘက်သို့ လှည့်ပေးတော်မူအံ့။ ထို့နောက်တစ်ဖန် ငါအရှင်မြတ်သည် ထိုသူအား ‘ဂျဟန္နမ်’ ငရဲဘုံသို့ ထည့်သွင်းတော်မူအံ့။ စင်စစ် ထို ‘ဂျဟန္နမ်’ငရဲဘုံသည် အလွန်ယုတ်ညံ့လှသော ပြန်လည်ရာဌာနပင်ဖြစ်ပေသည်။
116إِنَّ اللَّهَ لَا يَغْفِرُ أَن يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَاءُ ۚ وَمَن يُشْرِكْ بِاللَّهِ فَقَدْ ضَلَّ ضَلَالًا بَعِيدًا
မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (အခြားတစ်စုံတစ်ရာကို) မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို အလျင်း ချမ်းသာခွင့်ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုမှတစ်ပါး အခြားအပြစ်ကိုမူ မိမိအလိုရှိတော်မူသူအား ခွင့်လွှတ်တော်မူပေမည်။ အမှန်စင်စစ်သော်ကား မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ယှဉ်ပြိုင်ကိုးကွယ်) ပါမူ၊ ထိုသူသည် မလွဲဧကန် (မှန်ကန်သောတရားလမ်းတော်မှ) အလွန်ကမ်းလှမ်းဝေးကွာသော လမ်းမှားသို့ရောက်ရှိချေပြီ။
117إِن يَدْعُونَ مِن دُونِهِ إِلَّا إِنَاثًا وَإِن يَدْعُونَ إِلَّا شَيْطَانًا مَّرِيدًا
၎င်း (မုရှ်ရိက်) တို့သည် ထိုအရှင်မြတ်မှတစ်ပါး‘ဣတ္ထိ’ ‘မ’ များကိုသာ ကိုးကွယ်ကြ၏။ ၎င်းပြင် ထိုသူတို့သည် ပုန်ကန်သော ရှိုင်တွာန်ကိုသာ တိုင်တည်ကိုးကွယ်ကြသည်။
118لَّعَنَهُ اللَّهُ ۘ وَقَالَ لَأَتَّخِذَنَّ مِنْ عِبَادِكَ نَصِيبًا مَّفْرُوضًا
အလ္လာဟ်အရှင်မြတ်သည် ‘ရှိုင်တွာန်’ ကို (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့ချေပြီ။ (ယင်းကဲ့သို့ ကရုဏာတော်မှကင်းဝေးရသောအခါ) ထို ရှိုင်တွာန်က (ဤသို့) လျှောက်ထားခဲ့လေသည်။ “ကျွန်တော်မျိုးသည် အရှင်မြတ်၏ကျွန်များ�နက်မှ (မိမိအဖို့ မိမိ) သတ်မှတ်ပြဌာန်းပြီးဖြစ်သော ဝေစုဝေပုံတစ်စုံတစ်ခုကို မုချယူပါမည်။”
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
116အာယာသ်

ဘာသာပြန် — အန်-နီဆာ 116

စူရာ အန်-နီဆာ အာယာသ် 116 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မုချဧကန် အလ္လာဟ်အရှင်မြတ်သည် (အခြားတစ်စုံတစ်ရာကို) မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို အလျင်း ချမ်းသာခွင့်ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုမှတစ်ပါး အခြားအပြစ်ကိုမူ…

စူရာ အာယာသ် 116/176 — အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အန်-နီဆာ နားထောင်, အန်-နီဆာ ဘာသာပြန်, အန်-နီဆာ mp3, အန်-နီဆာ pdf. အာယာသ် 114–118. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers