အန်-နီဆာ · 53/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
أَمْ لَهُمْ نَصِيبٌ مِّنَ الْمُلْكِ فَإِذًا لَّا يُؤْتُونَ النَّاسَ نَقِيرًا ۝٥٣
Am lahum naseebum minal mulki fa izal laa yu`toonan naasa naqeeraa
📖 မြန်မာဘာသာ
သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီ) တို့၌ တစ်စိတ်တဒေသမျှ ဩဇာအာဏာသည် ရှိလေသလော။ သို့ ရှိခဲ့ပါလျှင် (မိမိတို့ရရှိထားသော ဩဇာအာဏာများအနက်မှ) နှမ်းစေ့ခန့်မျှပင်၊ သူတစ်ပါးတို့အား ပေးကြလိမ့်မည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 51-55 — စူရာ အန်-နီဆာ

51أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِّنَ الْكِتَابِ يُؤْمِنُونَ بِالْجِبْتِ وَالطَّاغُوتِ وَيَقُولُونَ لِلَّذِينَ كَفَرُوا هَٰؤُلَاءِ أَهْدَىٰ مِنَ الَّذِينَ آمَنُوا سَبِيلًا
(အို- နဗီ) အသင်သည် ကျမ်းဂန်အနက်မှ တစ်စိတ်တစ်ဒေသကို ရရှိခဲ့သူတို့ (၏ဖြစ်အင်) ကို မတွေ့ မမြင်ပါလေသလော။ ထိုသူတို့သည် ရုပ်ပွားဆင်းတုများကိုလည်းကောင်း၊ ရှိုင်တွာန်ကိုလည်းကောင်း ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူတို့က ကာဖိရ်များနှင့်စပ်လျဉ်း၍ ‘ဤသူများသည် မုအ်မင်န်များထက် ပိုမို၍ တရားလမ်းမှန်ရသောသူများ ဖြစ်ကြသည်’ ဟူ၍ ပြောဆိုကြ၏။
52أُولَٰئِكَ الَّذِينَ لَعَنَهُمُ اللَّهُ ۖ وَمَن يَلْعَنِ اللَّهُ فَلَن تَجِدَ لَهُ نَصِيرًا
ဤသူများပင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့လေသည်။ အမှန်သော်ကား မည်သူ့ကိုမဆို အလ္လာဟ်အရှင်မြတ်သည် (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့ပါလျှင် အသင်သည် ထိုသူအားကူညီစောင်မမည့်သူ တစ်ဦးတစ်ယောက်ကိုမျှ အလျင်း တွေ့ရှိလိမ့်မည်မဟုတ်ပေ။
53أَمْ لَهُمْ نَصِيبٌ مِّنَ الْمُلْكِ فَإِذًا لَّا يُؤْتُونَ النَّاسَ نَقِيرًا
သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီ) တို့၌ တစ်စိတ်တဒေသမျှ ဩဇာအာဏာသည် ရှိလေသလော။ သို့ ရှိခဲ့ပါလျှင် (မိမိတို့ရရှိထားသော ဩဇာအာဏာများအနက်မှ) နှမ်းစေ့ခန့်မျှပင်၊ သူတစ်ပါးတို့အား ပေးကြလိမ့်မည်မဟုတ်ပေ။
54أَمْ يَحْسُدُونَ النَّاسَ عَلَىٰ مَا آتَاهُمُ اللَّهُ مِن فَضْلِهِ ۖ فَقَدْ آتَيْنَا آلَ إِبْرَاهِيمَ الْكِتَابَ وَالْحِكْمَةَ وَآتَيْنَاهُم مُّلْكًا عَظِيمًا
သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီတို့သည် အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်အနက်မှ အခြားသူတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများနှင့်စပ်လျဉ်း၍ မနာလိုကြလေသလော။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ အဆက်အနွယ်အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့သည့်အပြင်၊ ငါအရှင်မြတ်သည် ၎င်းတို့အား ကြီးကျယ်လှစွာသော (အုပ်ချုပ်မှု) ဩဇာအာဏာကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသတည်း။
55فَمِنْهُم مَّنْ آمَنَ بِهِ وَمِنْهُم مَّن صَدَّ عَنْهُ ۚ وَكَفَىٰ بِجَهَنَّمَ سَعِيرًا
သို့တစေလည်း ယင်း (နဗီတမန်တော်၏အဆက်အနွယ်) တို့အနက် အချို့သူတို့သည် ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့) ကို ယုံကြည်ခဲ့ကြလေ၏။ သို့ရာတွင် ��င်းတို့အနက် အချို့သူတို့မှာမူကား ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့ကိုယုံကြည်ခြင်း) မှ သွေရှောင်ခဲ့ကြလေ၏။ အမှန်သော်ကား (ယင်းကဲ့သို့သူတို့အဖို့) အလျှံပြောင်ပြောင်တောက်လောင်သော ‘ဂျဟန္နမ်’ ငရဲဘုံသည်ပင် ပြစ်ဒဏ်အဖြစ် လုံလောက်ပေသည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
53အာယာသ်

ဘာသာပြန် — အန်-နီဆာ 53

စူရာ အန်-နီဆာ အာယာသ် 53 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီ) တို့၌ တစ်စိတ်တဒေသမျှ ဩဇာအာဏာသည် ရှိလေသလော။ သို့ ရှိခဲ့ပါလျှင် (မိမိတို့ရရှိထားသော…

စူရာ အာယာသ် 53/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 51–55. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers