ဖုစ်စီလာ့ · 22/54
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖုစ်စီလာ့
وَمَا كُنتُمْ تَسْتَتِرُونَ أَن يَشْهَدَ عَلَيْكُمْ سَمْعُكُمْ وَلَا أَبْصَارُكُمْ وَلَا جُلُودُكُمْ وَلَٰكِن ظَنَنتُمْ أَنَّ اللَّهَ لَا يَعْلَمُ كَثِيرًا مِّمَّا تَعْمَلُونَ ۝٢٢
Wa maa kuntum tastatiroona ai-yashhada `alaikum sam`ukum wa laaa absaarukum wa laa juloodukum wa laakin zanantum annal laaha laa ya`lamu kaseeram mimmaa ta`maloon
📖 မြန်မာဘာသာ
စင်စစ်သော်ကား မိမိတု့ိ၏ နားများသည်လည်းကောင်း၊ မိမိတို့၏မျက်စိများသည်လည်းကောင်း၊ မိမိတို့၏(အသား)အရေများသည်လည်းကောင်း၊ မိမိတို့နှင့်ဆန့်ကျင်၍သက်သေခံကြမည်ကို စိုးရိမ်ကာ သက်သေမခံနိုင်ကြရန် အသင်တို့ ဖုံးကွယ်နိုင်ကြ သည်မဟုတ်ပေ။ သို့ရာတွင် အသင်တို့သည်မိမိတို့ကျင့်မူကြသည်တို့အနက် များစွာတို့ကို အလ္လာဟ်အရှင်မြတ် သိတော်မူသည်မဟုတ်ဟု ထင်မှတ်ခဲ့ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • تَسْتَتِرُونَ (တပ်စ်တတိရူန): သင်တို့သည် ဖုံးကွယ်ကြသည်၊ ပုန်းကွယ်ကြသည်။
  • يَشْهَدَ (ယဿ်ဟဒါ): သက်သေခံသည်။
  • جُلُودُكُمْ (ဂျုလူဒုကုမ်): သင်တို့၏ အရေပြားများ။
  • ظَنَنتُمْ (ဇွန်နန်တွမ်): သင်တို့သည် ထင်မှတ်ကြသည်၊ ယူဆကြသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

သင်တို့သည် မိမိတို့၏ နားများ၊ မျက်စိများနှင့် အရေပြားများက သင်တို့အပေါ် သက်သေခံမည်ကို စိုးရိမ်၍ မကောင်းမှုများကို ကျူးလွန်သောအခါ ဖုံးကွယ်ပုန်းအောင်းခဲ့ကြသည်မဟုတ်ပေ။ အမှန်မှာ သင်တို့သည် လုပ်ဆောင်သမျှအနက် အများအပြားကို အလ္လာဟ်အရှင်မြတ် မသိတော်မူဟု ထင်မှတ်ယူဆခဲ့ကြခြင်းကြောင့်သာ ဖုံးကွယ်ခဲ့ကြခြင်းဖြစ်သည်။ သင်တို့သည် မိမိတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများက သက်သေခံမည်ကို မသိရှိခဲ့ကြပေ။ ထို့ကြောင့် မကောင်းမှုများကို လျှို့ဝှက်စွာ ကျူးလွန်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် လျှို့ဝှက်ထားသမျှကို အကြွင်းမဲ့ သိတော်မူကြောင်း သူတို့ နားလည်သဘောပေါက်ခဲ့ကြပါက ထိုသို့ မပြုလုပ်ခဲ့ကြပေ။ သူတို့၏ ဤမှားယွင်းသော ထင်မှတ်ချက်သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မကောင်းသော ထင်မှတ်ချက်ဖြစ်ပြီး ထိုအရာက သူတို့ကို ပျက်စီးဆုံးရှုံးစေခဲ့သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူကြောင်း နားလည်သဘောပေါက်ခြင်းသည် အီမာန်ယုံကြည်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။
  • လူသားတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများသည် ကိယာမသ်နေ့တွင် သက်သေခံမည်ဖြစ်သောကြောင့် မည်သည့်အရာကိုမျှ လျှို့ဝှက်ထား၍ မရနိုင်ပါ။
  • အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ မကောင်းသော ထင်မှတ်ချက် မထားရှိရန် သတိပေးချက်ဖြစ်သည်။
  • အီမာန်ယုံကြည်မှုနှင့် အာခိရသ်ကို ယုံကြည်ခြင်းသည် လူသားတို့အား မကောင်းမှုများမှ ရှောင်ကြဉ်စေပြီး ကောင်းမှုများကို ပြုလုပ်ရန် လှုံ့ဆော်ပေးသည်။
  • အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသော၊ အလွန်ကရုဏာထားတော်မူသော အရှင်ဖြစ်ကြောင်း သိရှိခြင်းသည် လူသားတို့အား အပြစ်များမှ လ


📜 အာယာသ် 20-24 — စူရာ ဖုစ်စီလာ့

20حَتَّىٰ إِذَا مَا جَاءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَارُهُمْ وَجُلُودُهُم بِمَا كَانُوا يَعْمَلُونَ
နောက်ဆုံးတွင် ထိုသူတို့သည် ယင်းငရဲမီး၏အနီးရောက်ရှိကြသောအခါ ထိုသူတို့၏နားများသည် လည်းကောင်း၊ ထိုသူတို့၏ မျက်စိများသည်လည်း ကောင်း၊ ထိုသူတို့၏သားရေများသည်လည်းကောင်း၊ ထိုသူတို့နှင့်ဆန့်ကျင်ကာ ထိုသူတို့ကျင့်မူလျက် ရှိခဲ့ကြသည်တို့နှင့်စပ်လျဉ်း၍ သက်သေခံကြပေမည်။
21وَقَالُوا لِجُلُودِهِمْ لِمَ شَهِدتُّمْ عَلَيْنَا ۖ قَالُوا أَنطَقَنَا اللَّهُ الَّذِي أَنطَقَ كُلَّ شَيْءٍ وَهُوَ خَلَقَكُمْ أَوَّلَ مَرَّةٍ وَإِلَيْهِ تُرْجَعُونَ
(ထိုအခါ)၎င်းတို့က မိမိတု့ိ၏(အသား)အရေများကို အသင်တို့သည် ကျွန်ုပ်တို့နှင့်ဆန်ကျင်၍ အဘယ်ကြောင့်သက်သေထွက်ဆိုကြသနည်းဟု ပြောဆိုကြပေမည်။ (ထိုအခါ)ယင်း(နား၊ မျက်စိနှင့်သားရေ)တို့က (ဤသို့)ပြောဆို (ပြန်ကြား)ကြပေမည်။ ကျွန်ုပ်တို့အား အကြင်အလ္လာဟ်အရှင်မြတ်သည်ပင် စကားပြောဆိုစေတော်မူ၏။ ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို စကားပြောဆိုစေတော်မူခဲ့၏။ စင်စစ်သော်ကား ထိုအရှင်မြတ်သည်ပင် အသင်တို့အား ပထမအကြိမ် ဖန်ဆင်းတော်မူခဲ့၏။ ထို့အပြင် အသင်တို့သည်ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်လည်ရောက်စေခြင်းကိုခံကြရလေသည်။
22وَمَا كُنتُمْ تَسْتَتِرُونَ أَن يَشْهَدَ عَلَيْكُمْ سَمْعُكُمْ وَلَا أَبْصَارُكُمْ وَلَا جُلُودُكُمْ وَلَٰكِن ظَنَنتُمْ أَنَّ اللَّهَ لَا يَعْلَمُ كَثِيرًا مِّمَّا تَعْمَلُونَ
စင်စစ်သော်ကား မိမိတု့ိ၏ နားများသည်လည်းကောင်း၊ မိမိတို့၏မျက်စိများသည်လည်းကောင်း၊ မိမိတို့၏(အသား)အရေများသည်လည်းကောင်း၊ မိမိတို့နှင့်ဆန့်ကျင်၍သက်သေခံကြမည်ကို စိုးရိမ်ကာ သက်သေမခံနိုင်ကြရန် အသင်တို့ ဖုံးကွယ်နိုင်ကြ သည်မဟုတ်ပေ။ သို့ရာတွင် အသင်တို့သည်မိမိတို့ကျင့်မူကြသည်တို့အနက် များစွာတို့ကို အလ္လာဟ်အရှင်မြတ် သိတော်မူသည်မဟုတ်ဟု ထင်မှတ်ခဲ့ကြကုန်၏။
23وَذَٰلِكُمْ ظَنُّكُمُ الَّذِي ظَنَنتُم بِرَبِّكُمْ أَرْدَاكُمْ فَأَصْبَحْتُم مِّنَ الْخَاسِرِينَ
စင်စစ်သော်ကား အသင်တို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်နှင့်ပတ်သက်၍ ထင်မြင်ယူဆခဲ့ကြသော ထိုထင်မြင်ယူဆချက်သည်ပင်လျှင် အသင်တို့အား ဖျက်ဆီးခဲ့လေ၏။ သို့ဖြစ်ပေရာ အသင်တို့သည်ပျက်စီးဆုံးရှုံးသူများပင် ဖြစ်ခဲ့ကြပေသည်။
24فَإِن يَصْبِرُوا فَالنَّارُ مَثْوًى لَّهُمْ ۖ وَإِن يَسْتَعْتِبُوا فَمَا هُم مِّنَ الْمُعْتَبِينَ
သို့ဖြစ်ရာ အကယ်၍ ၎င်းတို့သည် (ဤသည်ပျက်စီးဆုံးရှုံးမှု အပေါ်၌) သည်းခံနေကြလျှင်လည်း ငရဲမီးသည် ၎င်းတို့၏နေထိုင်ရာဌာနပင်ဖြစ်၏။ ထိုနည်းတူစွာအကယ်၍ ၎င်းတို့သည် နှစ်သက်မှုကို ရယူလိုငြားအံ့လည်း၎င်းတို့သည် နှစ်သက်မှုကို ရရှိ ကြမည်မဟုတ်ပေတကား။
ဖုစ်စီလာ့ကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
22အာယာသ်

ဘာသာပြန် — ဖုစ်စီလာ့ 22

စူရာ ဖုစ်စီလာ့ အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား မိမိတု့ိ၏ နားများသည်လည်းကောင်း၊ မိမိတို့၏မျက်စိများသည်လည်းကောင်း၊ မိမိတို့၏(အသား)အရေများသည်လည်းကောင်း၊ မိမိတို့နှင့်ဆန့်ကျင်၍သက်သေခံကြမည်ကို စိုးရိမ်ကာ သက်သေမခံနိုင်ကြရန် အသင်တို့ ဖုံးကွယ်နိုင်ကြ…

စူရာ အာယာသ် 22/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 24, 2026

Don't forget us in your sincere prayers