အန်-နဂ်ျမ် · 29/62
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဂ်ျမ်
فَأَعْرِضْ عَن مَّن تَوَلَّىٰ عَن ذِكْرِنَا وَلَمْ يُرِدْ إِلَّا الْحَيَاةَ الدُّنْيَا ۝٢٩
Fa a`rid `am man tawallaa `an zikrinaa wa lam yurid illal hayaatad dunyaa
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် အကြင်သူတို့အား လျစ်လျူရှု၍ နေပါလေ။ ထိုသူတို့သည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒတော်မှ မျက်နှာလွှဲ၍ နေခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် လောကီဘဝမှတစ်ပါး အခြားတစ်စုံတစ်ရာကို ရည်ရွယ်ကြသည် မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 27-31 — စူရာ အန်-နဂ်ျမ်

27إِنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ لَيُسَمُّونَ الْمَلَائِكَةَ تَسْمِيَةَ الْأُنثَىٰ
ဧကန်စင်စစ် ‘အာခိရတ်’တမလွန်ကို မယုံကြည်သော သူတို့သည် ‘မလာအိကဟ်’ ကောင်းကင်တမန်တို့အား မိန်းမများ၏ အမည်နာမများဖြင့် မှည့်ခေါ်ကြကုန်၏။
28وَمَا لَهُم بِهِ مِنْ عِلْمٍ ۖ إِن يَتَّبِعُونَ إِلَّا الظَّنَّ ۖ وَإِنَّ الظَّنَّ لَا يُغْنِي مِنَ الْحَقِّ شَيْئًا
စင်စစ်သော်ကား ဤသည်နှင့်စပ်လျဉ်း၍ ၎င်းတို့၌ မည်သည့်သက်သေ အထောက်အထား အသိပညာမျှ မရှိပြီ။ ၎င်းတို့သည် ရမ်းဆထင်မြင်မှုကိုသာလျှင် လိုက်နာကြကုန်၏။ သို့ရာတွင် ရမ်းဆ ထင်မြင်မှုမှာ အမှန်တရားနှင့် ယှဉ်ပြိုင်၍ လုံးဝအသုံးဝင်သည် မဟုတ်ပေ။
29فَأَعْرِضْ عَن مَّن تَوَلَّىٰ عَن ذِكْرِنَا وَلَمْ يُرِدْ إِلَّا الْحَيَاةَ الدُّنْيَا
သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် အကြင်သူတို့အား လျစ်လျူရှု၍ နေပါလေ။ ထိုသူတို့သည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒတော်မှ မျက်နှာလွှဲ၍ နေခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် လောကီဘဝမှတစ်ပါး အခြားတစ်စုံတစ်ရာကို ရည်ရွယ်ကြသည် မဟုတ်ပေ။
30ذَٰلِكَ مَبْلَغُهُم مِّنَ الْعِلْمِ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِ وَهُوَ أَعْلَمُ بِمَنِ اهْتَدَىٰ
ဤသည် ၎င်းတို့၏ အမြင့်ဆုံးသော အသိပညာပင်။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင်လျှင် ထိုအရှင်မြတ်၏လမ်းမှ လွဲချော်သူအား အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်�ာလျှင် တရား လမ်းရရှိသောသူအား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။
31وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ لِيَجْزِيَ الَّذِينَ أَسَاءُوا بِمَا عَمِلُوا وَيَجْزِيَ الَّذِينَ أَحْسَنُوا بِالْحُسْنَى
ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာလျှင် ဖြစ်ကြကုန်၏။ နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ဒုစရိုက်မှုကို ကျူးလွန်ခဲ့ကြသောသူတို့အား ၎င်းတို့ ကျူးလွန်ခဲ့ကြသည်၏ အကျိုးကို ပေးတော်မူအံ့၊ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ကောင်းမှု ပြုခဲ့ကြသောသူတို့အား ကောင်းမြတ်သော အကျိုးကို ပေးတော်မူအံ့။
အန်-နဂ်ျမ်ကုရ်အာန် ညွှန်းကိန်း
62အာယာသ်
MeccanRevelation
29အာယာသ်

ဘာသာပြန် — အန်-နဂ်ျမ် 29

စူရာ အန်-နဂ်ျမ် အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ (အို-နဗီတမန်တော်၊) အသင်သည် အကြင်သူတို့အား လျစ်လျူရှု၍ နေပါလေ။ ထိုသူတို့သည် ငါအရှင်မြတ်၏ ဆုံးမဩဝါဒတော်မှ မျက်နှာလွှဲ၍…

စူရာ အာယာသ် 29/62 — စူရာ အန်-နဂ်ျမ် النجم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဂ်ျမ် နားထောင်, စူရာ အန်-နဂ်ျမ် ဘာသာပြန်, စူရာ အန်-နဂ်ျမ် mp3, စူရာ အန်-နဂ်ျမ် pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers