အလ်-အန်အာမ် · 17/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَإِن يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِن يَمْسَسْكَ بِخَيْرٍ فَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ۝١٧
Wa iny-yamsaskal laahu bidurrin falaaa kaashifa lahoo illaa Huwa wa iny-yamsaska bikhairin fa Huwa `alaa kulli shai`in Qadeer
📖 မြန်မာဘာသာ
၎င်းပြင် (အို-လူသား) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်အား (ဤမျက်မှောက် လောကီဘဝ၌ဖြစ်စေ၊ နောင်တမလွန်ဘဝ၌ဖြစ်စေ) ဘေးအန္တရာယ် တစ်စုံတစ်ရာ သင့်စေတော်မူပါလျှင် ထိုအရှင်မြတ်မှတစ်ပါး ယင်းဘေးအန္တရာယ်ကို ကင်းဝေးပပျောက်စေနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိချေ။ အကယ်၍ ထိုအရှင်မြတ်သည် အသင်၌ တစ်စုံတစ်ရာ အကျိုးကျေးဇူးကို ဖြစ်ထွန်းစေတော် မူပါလျှင်လည်း (မည်သူမျှ ထိုကျေးဇူးကို ပျက်ပြားစေနိုင်သူဟူ၍ မရှိချေ၊) ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင် သောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်—
  • ယမ်စသ္က (يَمْسَسْكَ) — သင့်ကို ထိရောက်စေသည်၊ ဆိုက်ရောက်စေသည် ဟု အဓိပ္ပာယ်ရသည်။
  • ဒွရ်ရ် (ضُرّ) — ဘေးအန္တရာယ်၊ ဒုက္ခဆင်းရဲ၊ ရောဂါဝေဒနာ၊ ဆင်းရဲမွဲတေမှု စသည့် မကောင်းသော အခြေအနေကို ဆိုလိုသည်။
  • ကာရှိဖ (كَاشِفَ) — ဖယ်ရှားပေးသူ၊ ဖြေလျော့ပေးသူ ဟု အဓိပ္ပာယ်ရသည်။
  • ခါိုင်ရ် (خَيْر) — ကောင်းမှု၊ ကောင်းချီး၊ ကျန်းမာရေး၊ ချမ်းသာကြွယ်ဝမှု စသည့် ကောင်းသော အခြေအနေကို ဆိုလိုသည်။
  • ကဒီရ် (قَدِير) — အလွန်တတ်စွမ်းနိုင်သော၊ စွမ်းအားတော်နှင့် ပြည့်စုံတော်မူသော ဟု အဓိပ္ပာယ်ရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်—

အို လူသား၊ အလ္လာဟ်အရှင်မြတ်သည် သင့်အား ရောဂါဝေဒနာ၊ ဆင်းရဲမွဲတေမှု သို့မဟုတ် အခြားသော ဘေးအန္တရာယ်တစ်စုံတစ်ရာဖြင့် ထိရောက်စေတော်မူလျှင် ထိုဘေးအန္တရာယ်ကို ဖယ်ရှားပေးနိုင်သူမှာ အလ္လာဟ်အရှင်မြတ်မှတစ်ပါး မည်သူမျှ မရှိပါ။ အကယ်၍ အရှင်မြတ်သည် သင့်အား ကျန်းမာရေး၊ ချမ်းသာကြွယ်ဝမှု သို့မဟုတ် အခြားသော ကောင်းချီးတစ်စုံတစ်ရာဖြင့် ထိရောက်စေတော်မူလျှင်လည်း ထိုကောင်းချီးကို တားဆီးပိတ်ပင်နိုင်သူ မည်သူမျှ မရှိပါ။ အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် အလွန်တတ်စွမ်းနိုင်တော်မူသော အရှင်ဖြစ်တော်မူသည်။ အရှင်မြတ်ကို မည်သည့်အရာမှ မစွမ်းဆောင်နိုင်စေပါ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ—
  • အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာလျှင် ဘေးအန္တရာယ်ကို ဖယ်ရှားပေးနိုင်သော အရှင်ဖြစ်တော်မူကြောင်း သိရှိစေသည်။ ထို့ကြောင့် ဒုက္ခရောက်ချိန်တွင် အရှင်မြတ်ထံသာ အကူအညီတောင်းခံရမည်။
  • အရှင်မြတ်သည် ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသောအခါ မည်သူမျှ တားဆီးနိုင်မည် မဟုတ်ကြောင်း သိရှိစေသည်။ ထို့ကြောင့် ကောင်းချီးရရှိချိန်တွင် အရှင်မြတ်ကို ချီးမွမ်းကျေးဇူးတင်ရမည်။
  • အရှင်မြတ်သည် အရာခပ်သိမ်းအပေါ် တတ်စွမ်းနိုင်တော်မူသော အရှင်ဖြစ်ကြောင်း ယုံကြည်ခြင်းသည် စိတ်နှလုံးကို ငြိမ်းချမ်းစေပြီး ဘဝ၏ အခက်အခဲများကို ရင်ဆိုင်နိုင်သော ခွန်အားကို ပေးသည်။
  • ဤအာယသ်တော်သည် အလ္လာဟ်အရှ


📜 အာယာသ် 15-19 — စူရာ အလ်-အန်အာမ်

15قُلْ إِنِّي أَخَافُ إِنْ عَصَيْتُ رَبِّي عَذَابَ يَوْمٍ عَظِيمٍ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) အချင်းတို့ အကျွန်ုပ်သည် မိမိအသျှင်မြတ်၏ (‘မုစ်လင်မ်’ဖြစ်ရန်နှင့် ရှစ်ရ်က် တွဲဖက်ယှဉ်ပြိုင်ကိုးကွယ်ခြင်း မပြုရန်)ပညတ်တော်ကို အကယ်၍သာ ဖီဆန်ခဲ့ပါမူ၊ အလွန်ကြီးကျယ်လှသော (ကိယာမတ်ရှင်ပြန်ထမည့်)နေ့၏ ပြစ်ဒဏ် (ခံစားရမည်)ကို ဧကန်စင်စစ် ကြောက်ရွံ့စိုးရိမ်ရပါသည် ဟုပြောကြားပါလေ။
16مَّن يُصْرَفْ عَنْهُ يَوْمَئِذٍ فَقَدْ رَحِمَهُ ۚ وَذَٰلِكَ الْفَوْزُ الْمُبِينُ
မည်သူမဆို ၎င်း၏အပေါ်မှ ထို(ကိယာမတ်ရှင်ပြန်မည့်)နေ့တွင် ယင်းအပြစ်ဒဏ်သည် ဖယ်ရှားခြင်းခံရလျှင် မလွဲဧကန် ထိုအရှင်မြတ်သည် ၎င်း၏အပေါ်ဝယ် အလွန်တရာမျှပင် သနားကြင်နာ ညှာတာ တော်မူပြီး ဖြစ်ချေသည်။အမှန်စင်စစ် ဤ(ကဲ့သို့ အပြစ်ဒဏ်ဖယ်ရှားခြင်းနှင့် သနားကြင်နာမှုကို ခံစားရခြင်း)သည်ပင်လျှင် ထင်ရှားစွာသောအောင်မြင် မှုပင်တည်း။
17وَإِن يَمْسَسْكَ اللَّهُ بِضُرٍّ فَلَا كَاشِفَ لَهُ إِلَّا هُوَ ۖ وَإِن يَمْسَسْكَ بِخَيْرٍ فَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
၎င်းပြင် (အို-လူသား) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်အား (ဤမျက်မှောက် လောကီဘဝ၌ဖြစ်စေ၊ နောင်တမလွန်ဘဝ၌ဖြစ်စေ) ဘေးအန္တရာယ် တစ်စုံတစ်ရာ သင့်စေတော်မူပါလျှင် ထိုအရှင်မြတ်မှတစ်ပါး ယင်းဘေးအန္တရာယ်ကို ကင်းဝေးပပျောက်စေနိုင်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိချေ။ အကယ်၍ ထိုအရှင်မြတ်သည် အသင်၌ တစ်စုံတစ်ရာ အကျိုးကျေးဇူးကို ဖြစ်ထွန်းစေတော် မူပါလျှင်လည်း (မည်သူမျှ ထိုကျေးဇူးကို ပျက်ပြားစေနိုင်သူဟူ၍ မရှိချေ၊) ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင် သောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
18وَهُوَ الْقَاهِرُ فَوْقَ عِبَادِهِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ
၎င်းပြင် ထိုအရှင်မြတ်သည် မိမိကျွန်များအပေါ်ဝယ် နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်မြတ်လည်းဖြစ် တော်မူပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ဉာဏ်အမြော်အမြင်နှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ (သတင်းအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားသိတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။
19قُلْ أَيُّ شَيْءٍ أَكْبَرُ شَهَادَةً ۖ قُلِ اللَّهُ ۖ شَهِيدٌ بَيْنِي وَبَيْنَكُمْ ۚ وَأُوحِيَ إِلَيَّ هَٰذَا الْقُرْآنُ لِأُنذِرَكُم بِهِ وَمَن بَلَغَ ۚ أَئِنَّكُمْ لَتَشْهَدُونَ أَنَّ مَعَ اللَّهِ آلِهَةً أُخْرَىٰ ۚ قُل لَّا أَشْهَدُ ۚ قُلْ إِنَّمَا هُوَ إِلَٰهٌ وَاحِدٌ وَإِنَّنِي بَرِيءٌ مِّمَّا تُشْرِكُونَ
(အို=နဗီတမန်တော်) အသင်သည် (ထိုသူတို့အား) ဟယ်-အချင်းတို့ သက်သေခံရာ၌ မည်သည့်အရာသည်အကြီးအကျယ်ဆုံးဖြစ်ပါသနည်း။ [(တစ်နည်း) မည်သူ၏သက်သေခံခြင်းသည် အကြီးအကျယ်ဆုံးဖြစ်ပါသနည်း)]ဟု မေးမြန်းပါသနည်း။ (တဖန်)အသင်ကပင် (ယင်းသူတို့အားဤသို့)ပြောကြားပါလေ။ အလ’ာအရှင်မြတ်သည်ပင် ကျွန်ုပ်နှင့်အသင်တို့၏ စပ်ကြားတွင် သက်သေဖြစ်တော်မူပါသည်။စင်စစ် (ထိုအရှင်မြတ်၏ သက်သေခံခြင်းမှာ) ကျွန်ုပ်၏ထံဝယ်ဤကုရ်အာန်ကျမ်းတော် မြတ်သည် (အလ္လာဟ်အရှင်မြတ်ထံတော်မှ) ‘ဝဟ်ယ်’ အမိန့် တော်အဖြစ် ပို့သခဲ့ခြင်းပင် ဖြစ်ပေသည်။ (တနည်း) ထိုကုရ်အာန်ကျမ်းမြတ်ဖြင့် အသင်တို့အားလည်းကောင်း၊ ထိုကုရ်အာန်ကျမ်းမြတ် ရောက်ရှိသော သူတို့အားလည်းကောင်း၊ ကျွန်ုပ် သတိပေးနှိုးဆော်ရန်အတွက်ဖြစ်သည်။ သို့မှာသာလျှင် ကျွန်ုပ်သည် ယင်းကုရ်အာန် ကျမ်းတော်မြတ်ဖြင့် အသင်တို့အား၎င်း၊ ကုရ်အာန် ကျမ်းတော်မြတ်ရောက်ရှိသောသူတို့အား၎င်း၊ သတိပေး နှိုးဆော်နိုင်မည်ဖြစ်ချေသည်။ (ထိုကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ သက်သေခံချက်ရောက်ရှိပြီးဖြစ်သော်လည်း) အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားကိုးကွယ်ရာများလည်း (တွဲဖက်လျက်) ရှိကြသေးသည် ဟု သက်သေခံကြမည်လော။ (အကယ်၍ ၎င်းတို့က ဤအတိုင်း သက်သေ ခံကြပါလျှင်) အသင်သည်(၎င်းတို့အား) ကျွန်ုပ်သည် (ယင်းကဲ့သို့) အလျင်းသက်သေခံမည်မဟုတ်ဟု ပြောကြားပါလေ။ ထိုမှတစ်ပါး အသင်သည်(ယင်းသူတို့အား) အချင်းတို့ ထို(အလ္လာဟ်)အရှင်မြတ်သည်တစ်ဆူတည်းသော အရှင်မြတ်ပင်ဖြစ်တော်မူပေသည် ဟူ၍လည်းကောင်း၊ ကျွန်ုပ်သည် မုချဧကန် အသင်တို့ပြုကြကုန်သော တွဲဖက်ကိုးကွယ်ခြင်းမှ ကင်းလွတ်သူဖြစ်ပေသည် ဟူ၍လည်းကောင်း၊ ပြောကြားပါလေ။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
17အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 17

စူရာ အလ်-အန်အာမ် အာယာသ် 17 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-လူသား) အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် အသင့်အား (ဤမျက်မှောက် လောကီဘဝ၌ဖြစ်စေ၊ နောင်တမလွန်ဘဝ၌ဖြစ်စေ) ဘေးအန္တရာယ် တစ်စုံတစ်ရာ…

စူရာ အာယာသ် 17/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 15–19. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers