အလ်-အန်အာမ် · 84/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ ۚ كُلًّا هَدَيْنَا ۚ وَنُوحًا هَدَيْنَا مِن قَبْلُ ۖ وَمِن ذُرِّيَّتِهِ دَاوُودَ وَسُلَيْمَانَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَارُونَ ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ ۝٨٤
Wa wahabnaa lahoo ishaaqa wa ya`qoob; kullan hadainaa; wa Noohan hadainaa min qablu wa min zurriyyatihee Daawooda wa Sulaimaana wa Ayyooba wa Yoosufa wa Moosaa wa haaroon; wa kazaalika najzil muhsineen
📖 မြန်မာဘာသာ
၎င်းပြင် ငါအရှင်သည် 4င်း(တမန်တော်) အစ်ဗ်ရာဟီမ်အား (သားတော်တမန်တော်)အစ္စဟာက်နှင့် (မြေးတော်တမန်တော်)ယအ်ကူဗ်တို့ကို ခြီးမြှင့်ပေးသနား တော်မူခဲ့၏။ ငါအရှင်မြတ်သည် (ထိုတမန်တော် အစ္စဟာက် တမန်တော် ယအ်ကူဗ်) အသီးသီးတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့၏။ ထိုနည်းတူ ငါအရှင်မြတ်သည် (တမန်တော်အစ်ဗ်ရာ ဟီမ်) အလျင် ရှေးယခင်က တမန်တော် နူဟ်အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့ပြီးဖြစ်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (ထိုတမန်တော်)အစ်ဗ်ရာဟီမ်၏သားမြေးတို့အနက်မှ(တမန်တော်)ဒါဝူဒ်၊(တမန်တော်)စိုလိုင်မန်၊(တမန်တော်)အိုင်ယူဗ်၊ (တမန်တော်)ယူစွတ်ဖ်၊ (တမန်တော်)မူစာနှင့် (တမန်တော်)ဟာရုန် တို့အား(လည်း တရား လမ်းမှန်သို့ပို့ဆောင်တော် မူခဲ့လေသည်)။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတော်စင်သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အကျိုးပေးလေ့ရှိတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ ဤအာယသ်တော်တွင် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ—
  • ဝဟဗ်နာ (وَهَبْنَا)။ ။ ငါအရှင်မြတ်သည် ချီးမြှင့်ပေးအပ်တော်မူခဲ့သည်။
  • ဇုရ်ရိယသိဟိ (ذُرِّيَّتِهِ)။ ။ ၎င်း၏သားစဉ်မြေးဆက်များ။
  • ဟဒိုင်နာ (هَدَيْنَا)။ ။ ငါအရှင်မြတ်သည် လမ်းညွှန်တော်မူခဲ့သည်၊ ဖြောင့်မတ်သောလမ်းစဉ်ကို ညွှန်ပြတော်မူခဲ့သည်။
  • နဂျ်ဇီ (نَجْزِي)။ ။ ငါအရှင်မြတ်သည် အကျိုးအပြန်အလှန် ပေးသနားတော်မူသည်။
  • မုဟ်စိနီန (الْمُحْسِنِينَ)။ ။ ကောင်းမှုပြုသူများ၊ သီလတရားကို လိုက်နာကျင့်သုံးသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်—

ငါအရှင်မြတ်သည် တမန်တော်(အိဗ်ရာဟီမ်)အား သားတော်(ဣစ္စဟာက်)နှင့် မြေးတော်(ယအ်ကူဗ်)တို့ကို ချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ ထိုနှစ်ဦးစလုံးကို ငါအရှင်မြတ်သည် ဖြောင့်မတ်သောလမ်းစဉ်သို့ ညွှန်ပြတော်မူခဲ့သည်။ ထို့အပြင် ၎င်းတို့မတိုင်မီက တမန်တော်(နူဟ်)ကိုလည်း ငါအရှင်မြတ်သည် လမ်းညွှန်တော်မူခဲ့သည်။ ထို့နောက် တမန်တော်(နူဟ်)၏ သားစဉ်မြေးဆက်များထဲမှ (ဒါဝူဒ်)၊ (စုလိုင်မာန်)၊ (အိုင်ယူဗ်)၊ (ယူစုဖ်)၊ (မူစာ)နှင့် (ဟာရူန်)တို့ကိုလည်း ငါအရှင်မြတ်သည် ဖြောင့်မတ်သောလမ်းစဉ်သို့ ညွှန်ပြတော်မူခဲ့သည်။ ဤကဲ့သို့ပင် ငါအရှင်မြတ်သည် ကောင်းမှုပြုသူများအား အကျိုးအပြန်အလှန် ပေးသနားတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ—
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏အစေခံများအား သားသမီးများ၊ မြေးများဖြင့် ချီးမြှင့်ပေးသနားတော်မူခြင်းသည် အရှင်မြတ်၏ ကြီးမားသော ဂုဏ်ကျေးဇူးတော်တစ်ခုဖြစ်သည်။
  • ဖြောင့်မတ်သောလမ်းစဉ်သည် အလ္လာဟ်အရှင်မြတ်ထံမှ လာသော လမ်းညွှန်မှုဖြစ်ပြီး မည်သူမဆို ထိုလမ်းစဉ်ကို လိုက်နာပါက ကမ္ဘာ့ဘဝနှင့် နောင်ဘဝတွင် အောင်မြင်မှုရရှိမည်ဖြစ်သည်။
  • တမန်တော်များအားလုံးသည် တစ်ဆက်တစ်စပ်တည်း လမ်းညွှန်ခံခဲ့ရသူများဖြစ်ပြီး သူတို့အားလုံးသည် ဖြောင့်မတ်သောလမ်းစဉ်ကို လိုက်နာခဲ့ကြသည်။
  • ကောင်းမှုပြုခြင်းသည် အလ္လာဟ်အရှင်မြတ်၏ အကျိုးအပြန်အလှန်ပေးသနားမှုကို ရရှိစ


📜 အာယာသ် 82-86 — စူရာ အလ်-အန်အာမ်

82الَّذِينَ آمَنُوا وَلَمْ يَلْبِسُوا إِيمَانَهُم بِظُلْمٍ أُولَٰئِكَ لَهُمُ الْأَمْنُ وَهُم مُّهْتَدُونَ
အကြင်သူတို့သည် အီမာန် သက်ဝင် ယုံကြည်ကြ၏။ ၎င်းပြင် ထိုသူများသည် မိမိတို့ အီမာန် သက်ဝင်ယုံကြည်မှုကို (ရှစ်ရ်က်)တွဲဖက်ကိုးကွယ်မှုနှင့် ရောနှောခြင်းကိုလည်းမပြုခဲ့ကြချေ။ ဘေးရန်ကင်းငြိမ်းခြင်းသည် ထိုသူတို့အဖို့သာလျှင်ရှိ၏။ ၎င်းပြင် ထိုသူတို့သည်သာလျှင် ဖြောင့်မတ်မှန်ကန်သောတရားလမ်းကို ရရှိသောသူများ ဖြစ်ကြကုန်သတည်း။ (ရကူ)
83وَتِلْكَ حُجَّتُنَا آتَيْنَاهَا إِبْرَاهِيمَ عَلَىٰ قَوْمِهِ ۚ نَرْفَعُ دَرَجَاتٍ مَّن نَّشَاءُ ۗ إِنَّ رَبَّكَ حَكِيمٌ عَلِيمٌ
ဤသည် ငါအရှင်မြတ်၏သက်သေ သာဓကဖြစ်သည်၊ ငါအရှင်မြတ်သည်ထိုသက်သေသာဓကကို (တမန်တော်)အစ်ဗ်ရာဟီမ်အား ၎င်း၏အမျိုးသားများ နှင့်ပြိုင်ဆိုင်ရာတွင် (အနိုင်ရစေရန်အလို့ငှာ) ခြီးမြှင့်တော်မူခဲ့၏။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား ဂုဏ်ဒြပ်များခြီးမြှင့်တော်မူလေသည်။ စင်စစ်ဧကန် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပေသည်။
84وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ ۚ كُلًّا هَدَيْنَا ۚ وَنُوحًا هَدَيْنَا مِن قَبْلُ ۖ وَمِن ذُرِّيَّتِهِ دَاوُودَ وَسُلَيْمَانَ وَأَيُّوبَ وَيُوسُفَ وَمُوسَىٰ وَهَارُونَ ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
၎င်းပြင် ငါအရှင်သည် 4င်း(တမန်တော်) အစ်ဗ်ရာဟီမ်အား (သားတော်တမန်တော်)အစ္စဟာက်နှင့် (မြေးတော်တမန်တော်)ယအ်ကူဗ်တို့ကို ခြီးမြှင့်ပေးသနား တော်မူခဲ့၏။ ငါအရှင်မြတ်သည် (ထိုတမန်တော် အစ္စဟာက် တမန်တော် ယအ်ကူဗ်) အသီးသီးတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့၏။ ထိုနည်းတူ ငါအရှင်မြတ်သည် (တမန်တော်အစ်ဗ်ရာ ဟီမ်) အလျင် ရှေးယခင်က တမန်တော် နူဟ်အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့ပြီးဖြစ်၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် (ထိုတမန်တော်)အစ်ဗ်ရာဟီမ်၏သားမြေးတို့အနက်မှ(တမန်တော်)ဒါဝူဒ်၊(တမန်တော်)စိုလိုင်မန်၊(တမန်တော်)အိုင်ယူဗ်၊ (တမန်တော်)ယူစွတ်ဖ်၊ (တမန်တော်)မူစာနှင့် (တမန်တော်)ဟာရုန် တို့အား(လည်း တရား လမ်းမှန်သို့ပို့ဆောင်တော် မူခဲ့လေသည်)။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတော်စင်သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အကျိုးပေးလေ့ရှိတော်မူ၏။
85وَزَكَرِيَّا وَيَحْيَىٰ وَعِيسَىٰ وَإِلْيَاسَ ۖ كُلٌّ مِّنَ الصَّالِحِينَ
ထို့ပြင်တဝ (ငါအရှင်မြတ်သည်)(တမန်တော်)ဇကရီယာ၊ (တမန်တော်)ယဟ်ယာ၊ (တမန်တော်)အီစာနှင့်(တမန်တော်)အစ်လ်ယာစ်၊ တို့အား(လည်း တရားလမ်းမှန်သို့ပို့ဆောင်တော်မူခဲ့၏။ ထိုနဗီတမန်တော်) အသီးသီးတို့သည်သူတော်စင်တို့ အနက်မှပင် ဖြစ်ကြကုန်သတည်း။
86وَإِسْمَاعِيلَ وَالْيَسَعَ وَيُونُسَ وَلُوطًا ۚ وَكُلًّا فَضَّلْنَا عَلَى الْعَالَمِينَ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်တမန်တော်)အစ္စမာအီလ်၊ (တမန်တော်)အလ်ယစအ်၊ (တမန်တော်)ယူနွတ်စ်နှင့်(တမန်တော်)လူတွ်တို့အား(လည်း တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခဲ့၏။) ၎င်းပြင် ငါအရှင်မြတ်သည် (ထိုနဗီတမန် တော်)အသီးသီးတို့အား စကြာဝဠာ အပေါင်းတို့ အပေါ်ဝယ်ဂုဏ်ထူးဝိသေသ) ခြီးမြှင့်တော်မူခဲ့လေသတည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
84အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 84

စူရာ အလ်-အန်အာမ် အာယာသ် 84 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ငါအရှင်သည် 4င်း(တမန်တော်) အစ်ဗ်ရာဟီမ်အား (သားတော်တမန်တော်)အစ္စဟာက်နှင့် (မြေးတော်တမန်တော်)ယအ်ကူဗ်တို့ကို ခြီးမြှင့်ပေးသနား တော်မူခဲ့၏။ ငါအရှင်မြတ်သည် (ထိုတမန်တော်…

စူရာ အာယာသ် 84/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 82–86. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers