အလ်-အန်အာမ် · 90/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
أُولَٰئِكَ الَّذِينَ هَدَى اللَّهُ ۖ فَبِهُدَاهُمُ اقْتَدِهْ ۗ قُل لَّا أَسْأَلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ هُوَ إِلَّا ذِكْرَىٰ لِلْعَالَمِينَ ۝٩٠
Ulaaa`ikal lazeena hadal laahu fabihudaahumuq tadih; qul laaa as`alukum `alaihi ajran in huwa illaa zikraa lil `aalameen
📖 မြန်မာဘာသာ
ဤသူများပင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူပြီးဖြစ်၏။ သို့ဖြစ်ပေရာ အသင် သည်လည်း ၎င်းတို့၏လမ်းစဉ်ကို လိုက်ပါလေ။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ ငါသည် ဤသည့် (ကုရ်အာန်ကျမ်းလာဒေသနာတော်များကို ဟောကြားခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ တစ်စုံတစ်ရာအခကို တောင်းဆိုသည်မဟုတ်။ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် စကြာဝဠာခပ်သိမ်း(ရှိဝေနေယျအပေါင်း)တို့အဖို့ ဆုံးမဩဝါဒပင်ဖြစ်ချေသတည်း။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • أُولَٰئِكَ — ထိုသူများ (ရှေးဦးစွာ ဖော်ပြခဲ့သော တမန်တော်များ)။
  • هَدَى اللَّهُ — အလ္လာဟ်အရှင်မြတ်သည် လမ်းညွှန်ပေးတော်မူခဲ့သည်။
  • بِهُدَاهُمُ اقْتَدِهْ — သူတို့၏ လမ်းညွှန်မှုအတိုင်း လိုက်နာပါ။
  • أَجْرًا — အကျိုးအမြတ်၊ အဖိုးအခ။
  • ذِكْرَىٰ — သတိပေးနှိုးဆော်ချက်၊ ဆုံးမဩဝါဒ။
  • لِلْعَالَمِينَ — လောကီသားအားလုံးအတွက်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် ရှေးဦးစွာ ဖော်ပြခဲ့သော တမန်တော်များအကြောင်း မိန့်တော်မူခဲ့သည်။ ထိုတမန်တော်များသည် အလ္လာဟ်အရှင်မြတ် လမ်းညွှန်ပေးတော်မူခဲ့သော သူများဖြစ်ကြသည်။ သူတို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်ခြင်း၊ ခက်ခဲသော အခြေအနေများတွင်လည်း ဇွဲလုံ့လဖြင့် ရပ်တည်ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ပဋိညာဉ်ကို ဖြည့်ဆည်းခြင်းတို့တွင် စံပြပုဂ္ဂိုလ်များဖြစ်ကြသည်။ ထို့ကြောင့် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အနေဖြင့် ထိုတမန်တော်များ၏ လမ်းစဉ်အတိုင်း လိုက်နာရန် အမိန့်တော်ရရှိခဲ့သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား မိမိ၏လူမျိုးများကို ဤသို့ပြောဆိုရန် မိန့်တော်မူခဲ့သည် — “ကျွန်ုပ်သည် ဤကုရ်အာန်ကို ပို့ချခြင်းအတွက် သင်တို့ထံမှ မည်သည့်အဖိုးအခမျှ မတောင်းဆိုပါ။ ဤကုရ်အာန်သည် လောကီသားအားလုံးအတွက် သတိပေးနှိုးဆော်ချက်၊ ဆုံးမဩဝါဒတစ်ခုသာဖြစ်သည်။” ဆိုလိုသည်မှာ ကုရ်အာန်သည် လူသားများနှင့် ဂျင်န်များအားလုံးအတွက် လမ်းညွှန်မှုဖြစ်ပြီး မှန်ကန်သောလမ်းစဉ်သို့ ရောက်ရှိစေရန် သတိပေးချက်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိသူများကို မှန်ကန်သောလမ်းစဉ်သို့ ညွှန်ပြပေးတော်မူသည်။ လမ်းညွှန်မှုသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ဖြစ်သည်။
  • ရှေးတမန်တော်များ၏ လမ်းစဉ်ကို လိုက်နာခြင်းသည် ကယ်တင်ခြင်း၏ လမ်းစဉ်ဖြစ်သည်။ သူတို့သည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ခြင်း၊ ဇွဲလုံ့လရှိခြင်း၊ ပဋိည


📜 အာယာသ် 88-92 — စူရာ အလ်-အန်အာမ်

88ذَٰلِكَ هُدَى اللَّهِ يَهْدِي بِهِ مَن يَشَاءُ مِنْ عِبَادِهِ ۚ وَلَوْ أَشْرَكُوا لَحَبِطَ عَنْهُم مَّا كَانُوا يَعْمَلُونَ
ဤကား အလ္လာဟ်အရှင်မြတ်၏ တရားဓမ္မတည်း။ ထိုအရှင်မြတ်သည် မိမိကျွန်တို့အနက်မှ အလိုရှိတော်မူသောသူအား ထိုတရားဓမ္မဖြင့် လမ်းမှန်သို့ ပို့ဆောင်တော်မူ၏။သို့ရာတွင် အကယ်၍သာ ထိုတမန်တော်များသည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ယှဉ်ပြိုင် ကိုးကွယ်ခဲ့ကြပါမူ၊ ၎င်းတို့ ပြုမူခဲ့သမျှ သောကောင်းမှုများသည် ဧကန်မလွဲအချည်းနှီး အလဟဿ ဖြစ်သွားခဲ့ပေမည်။
89أُولَٰئِكَ الَّذِينَ آتَيْنَاهُمُ الْكِتَابَ وَالْحُكْمَ وَالنُّبُوَّةَ ۚ فَإِن يَكْفُرْ بِهَا هَٰؤُلَاءِ فَقَدْ وَكَّلْنَا بِهَا قَوْمًا لَّيْسُوا بِهَا بِكَافِرِينَ
(အထက်တွင်ဖော်ပြပါ) ဤ(တမန်တော်)များသည် အကြင်သူများပင်တည်း။ ငါအရှင်မြတ်သည် ၎င်းတို့အား ကျမ်းဂန်ဓမ္မကိုလည်းကောင်း၊ ဉာဏ်ပညာရပ်တို့ကိုလည်းကောင်း၊ နဗီတမန်တော်အဖြစ်ကုလည်းကောင်း၊ ခြီးမြှင့်ပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ အကယ်၍ ဤသူများသည်ဤသည်တို့ကို ငြင်းပယ်ကြပါမူ မုချစင်စစ် ငါအရှင်မြတ်သည်ဤသည်တို့ကို အကြင်သူတို့အား လွှဲအပ်တော်မူအံ့။ ထိုသူတို့သည် ဤသည်တို့ကို မည် သည့်အခါမျှ ငြင်းပယ်ကြမည့်သူများမဟုတ်ပေ။
90أُولَٰئِكَ الَّذِينَ هَدَى اللَّهُ ۖ فَبِهُدَاهُمُ اقْتَدِهْ ۗ قُل لَّا أَسْأَلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ هُوَ إِلَّا ذِكْرَىٰ لِلْعَالَمِينَ
ဤသူများပင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူပြီးဖြစ်၏။ သို့ဖြစ်ပေရာ အသင် သည်လည်း ၎င်းတို့၏လမ်းစဉ်ကို လိုက်ပါလေ။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ ငါသည် ဤသည့် (ကုရ်အာန်ကျမ်းလာဒေသနာတော်များကို ဟောကြားခြင်း)နှင့်စပ်လျဉ်း၍ အသင်တို့ထံ တစ်စုံတစ်ရာအခကို တောင်းဆိုသည်မဟုတ်။ ယင်း(ကုရ်အာန်ကျမ်းမြတ်)သည် စကြာဝဠာခပ်သိမ်း(ရှိဝေနေယျအပေါင်း)တို့အဖို့ ဆုံးမဩဝါဒပင်ဖြစ်ချေသတည်း။(ရကူ)
91وَمَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ إِذْ قَالُوا مَا أَنزَلَ اللَّهُ عَلَىٰ بَشَرٍ مِّن شَيْءٍ ۗ قُلْ مَنْ أَنزَلَ الْكِتَابَ الَّذِي جَاءَ بِهِ مُوسَىٰ نُورًا وَهُدًى لِّلنَّاسِ ۖ تَجْعَلُونَهُ قَرَاطِيسَ تُبْدُونَهَا وَتُخْفُونَ كَثِيرًا ۖ وَعُلِّمْتُم مَّا لَمْ تَعْلَمُوا أَنتُمْ وَلَا آبَاؤُكُمْ ۖ قُلِ اللَّهُ ۖ ثُمَّ ذَرْهُمْ فِي خَوْضِهِمْ يَلْعَبُونَ
စင်စစ်သော်ကား ၎င်းတို့က ‘အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသား တစ်ဦးတစ်ယောက်၏အပေါ် ၌မျှမည်သည့်တစ်စုံတစ်ရာကိုမျှ ချပေးသနားတော်မူခဲ့သည်မဟုတ်’ဟု ပြောဆိုကြသည့်အခါ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားသိရန် တာဝန်ရှိသည်နှင့်အညီ နက်နဲစွာမသိခဲ့ ကြချေ။ (အိုနဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)မေးမြန်းပါလေ။ မူစာသည် လူတို့အဖို့ ရောင်ခြည်တော်အဖြစ်လည်းကောင်း၊ တရားဓမ္မအဖြစ်လည်းကောင်း၊ ယူဆောင်လာသောကျမ်းဂန်ကို မည်သူသည် ချပေးခဲ့ ပါသနည်း။ အသင်တို့သည်ထိုကျမ်းဂန်ကို(အဖိုးမတန်သော)စက္ကူများ(ပမာ) ပြုလုပ်ထားကြ၏။ အသင်တို့သည် ထိုစက္ကူများ(၏အချို့အစိတ်အပိုင်း)ကို ထင်ရှားစေကြကုန်၏။ သို့ရာတွင် အသင်တို့သည် များစွာ(သောအစိတ်အပိုင်းတို့)ကိုမူ ထိန်ချန်လျှို့ဝှက်ထားကြလေသည်။ စင်စစ်သော်ကား အသင်တို့သည် (ထိုကျမ်းဂန်အားဖြင့်)အကြင်အရာများကို သင်ကြားပို့ချခြင်း ခံခဲ့ကြရလေသည်။ထိုအရာများကို အသင်တို့ ကိုယ်တိုင်လည်း မသိရှိခဲ့ကြချေ။အသင်တို့ ၏ အဖ ဘိုးဘေးတို့သည်လည်း မသိခဲ့ချေ။ (အိုနဗီတမန်တော်) အသင်သည် (၎င်းတို့အား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ထိုကျမ်းဂန်ကို ချပေးသနားတော်မူခဲ့သည်)ဟူ၍ ပြောကြားပါလေ။ ထို့နောက် အသင်သည် ယင်းသို့သူတို့အား ၎င်းတို့အကြောင်းမတန်သော ကိစ္စများတွင်ကစားခုန်စား လျက်သာ ပစ်ထားပါလေ။
92وَهَٰذَا كِتَابٌ أَنزَلْنَاهُ مُبَارَكٌ مُّصَدِّقُ الَّذِي بَيْنَ يَدَيْهِ وَلِتُنذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا ۚ وَالَّذِينَ يُؤْمِنُونَ بِالْآخِرَةِ يُؤْمِنُونَ بِهِ ۖ وَهُمْ عَلَىٰ صَلَاتِهِمْ يُحَافِظُونَ
၎င်းပြင် ဤ(ကုရ်အာန်ကျမ်းဂန်)သည် အကြင်သို့သော ကျမ်းဂန်ပင်ဖြစ်သည်။ ထိုကျမ်းဂန်ကို ငါ အရှင်မြတ်သည် ချပေးတော်မူခဲ့သည်။ ဗရကတ် မင်္ဂလာ နှင့်ပြည့်စုံ(သောကျမ်းဂန်ဖြစ်)သည်။ ၎င်းထက်အလျင် ရှိခဲ့သောကျမ်းဂန်များကိုလည်း အလ္လာဟ်အရှင်မြတ်အထံတော်မှထုတ်ပြန်တော်မူ သောကျမ်းဂန်များဖြစ်ကြောင်း) အတည်ပြုသော ကျမ်းဂန်လည်းဖြစ်သည်။ ၎င်းပြင် အသင်သည်(ထိုကျမ်းဂန်ဖြင့်) မက္ကာမြို့တော်(သားများ)ကိုလည်းကောင်း၊ထိုမြို့တော်၏ ပတ်ဝန်းကျင်၌ ရှိသောသူများကို လည်းကောင်း၊သတိပေးရန်ဖြစ်သည်။ စင်စစ်သော်ကား နောင်တမလွန်ဘဝကို ယုံကြည်သောသူများသည် ဤ(ကုရ်အာန်ကျမ်းဂန်)ကိုလည်း ယုံကြည်ကြသည်သာဖြစ်သည်။ ၎င်းပြင် ထိုသူများသည် မိမိတို့၏ဆွလာတ်ဝတ်ပြုမှုကိုလည်း စွဲမြဲစွာစောင့်ထိန်းကြသည်သာ ဖြစ်သည်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
90အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 90

စူရာ အလ်-အန်အာမ် အာယာသ် 90 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသူများပင် အကြင်သူများတည်း။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူပြီးဖြစ်၏။ သို့ဖြစ်ပေရာ အသင် သည်လည်း ၎င်းတို့၏လမ်းစဉ်ကို…

စူရာ အာယာသ် 90/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 88–92. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers