Mishary Rashid Alafasy
✓
Mahmoud Khalil Al-Husary
✓
Abdurrahman As-Sudais
✓
Mohamed Siddiq Al-Minshawi
✓
Abdul Basit Abdul Samad
✓
Ali Al-Hudhaify
✓
Ahmed ibn Ali al-Ajamy
✓
Abu Bakr Ash-Shaatree
✓
Muhammad Ayyoub
✓
Abdullah Basfar
✓
Abdullah Al-Juhani
✓
Maher Al Muaiqly
✓
ဘာသာပြန် — Tafsir
- အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
- عُتُلٍّ (အုသုလ်လင်း): ကြမ်းတမ်းခက်ထန်သော၊ စိတ်နေသဘောထား ဆိုးရွားသော၊ ယဉ်ကျေးမှုကင်းမဲ့သော၊ လူမှုဆက်ဆံရေးတွင် ခက်ထန်ကြမ်းတမ်းသူ။
- بَعْدَ ذَٰلِكَ (ဗအ်ဒ သာလိက): ထိုဖော်ပြခဲ့ပြီးသော ဂုဏ်ရည်များအပြင်၊ ထို့နောက်တွင်။
- زَنِيمٍ (ဇနီးမ်း): မိမိ၏အမျိုးအနွယ်နှင့် မသက်ဆိုင်ဘဲ တွဲဖက်ခံယူထားသူ၊ အမျိုးအနွယ်အမှန်နှင့် ဆက်စပ်မှုမရှိဘဲ လူမျိုးတစ်ခုတွင် ကပ်တွယ်နေသူ၊ မျိုးရိုးအတုအယောင်။
- အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:
ဤအာယသ်တော်သည် ရှေးအာယသ်တော်များတွင် ဖော်ပြခဲ့သော ဂုဏ်ရည်ဆိုးများနှင့်အတူ ထပ်မံ၍ အခြားဂုဏ်ရည်ဆိုးနှစ်ခုကို ဖော်ပြထားခြင်းဖြစ်သည်။ ထိုသူသည် အလွန်ကြမ်းတမ်းခက်ထန်သော၊ စိတ်နေသဘောထား ယုတ်မာသော၊ လူမှုဆက်ဆံရေးတွင် ခက်ထန်ကြမ်းတမ်းပြီး ယဉ်ကျေးမှုကင်းမဲ့သော သူတစ်ဦးဖြစ်သည်။ ထို့အပြင် သူသည် မိမိ၏အမျိုးအနွယ်အမှန်နှင့် မသက်ဆိုင်ဘဲ အခြားလူမျိုးတစ်ခုတွင် ကပ်တွယ်ခံယူထားသူ၊ မျိုးရိုးအတုအယောင်ဖြင့် ဂုဏ်ယူနေသူလည်း ဖြစ်သည်။ ဤဂုဏ်ရည်များအားလုံးသည် အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်မြတ်ကို ဆန့်ကျင်သော၊ အမှန်တရားကို ငြင်းပယ်သော၊ မာနထောင်လွှားသော လူဆိုးတစ်ဦး၏ ပုံရိပ်ကို ပေါ်လွင်စေသည်။ ဤကဲ့သို့သော ဂုဏ်ရည်ဆိုးများဖြင့် ဖော်ပြခံရသူသည် အမှန်တရားကို လက်ခံရန် အလွန်ဝေးကွာသူဖြစ်ပြီး သူ၏ စည်းစိမ်ဥစ္စာနှင့် သားသမီးများကြောင့် မာနတက်နေသူဖြစ်သည်။ သူ့ထံသို့ အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များ ဖတ်ကြားခံရသောအခါ ငြင်းပယ်ပြီး "ဤသည် ရှေးခေတ်လူများ၏ ဒဏ္ဍာရီပုံပြင်များသာ ဖြစ်သည်" ဟု ဆိုလေ့ရှိသည်။ ဤအာယသ်တော်များသည် အချို့သော မုရှ်ရိက်ခ် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်သူ) များဖြစ်သည့် ဝလီးဒ် ဗင်န် မုဂီရာ ကဲ့သို့သော သူများနှင့် ပတ်သက်၍ ကျရောက်ခဲ့သော်လည်း ဤအာယသ်တော်များတွင် မွတ်စ်လင်မ်တို့အတွက် ဤကဲ့သို့သော ဂုဏ်ရည်ဆိုးများနှင့် ပြည့်စုံသူများကို လိုက်နာခြင်းမှ ရှောင်ကြဉ်ရန် သတိပေးချက် ပါဝင်သည်။
3)
📜 အာယာသ် 11-15 — စူရာ အလ်-ကလမ်
ဘာသာပြန် — အလ်-ကလမ် 13
စူရာ အလ်-ကလမ် အာယာသ် 13 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : လွန်စွာ ကြမ်းကြုတ် အန္တရာယ်ပြုသူ၊ ထိုမှတစ်ပါး မျိုးရိုးမစစ်သောသူဖြစ်၏။စူရာ အာယာသ် 13/52 — စူရာ အလ်-ကလမ် القلم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကလမ် နားထောင်, စူရာ အလ်-ကလမ် ဘာသာပြန်, စူရာ အလ်-ကလမ် mp3, စူရာ အလ်-ကလမ် pdf. အာယာသ် 11–15. မြန်မာဘာသာ: ภาษาไทย.
စူရာ အလ်-ကလမ်
ကုရ်အာန်ကျမ်း
Thursday, October 1, 2026
Don't forget us in your sincere prayers


