အလ်-အာအ်ရာဖ် · 25/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
قَالَ فِيهَا تَحْيَوْنَ وَفِيهَا تَمُوتُونَ وَمِنْهَا تُخْرَجُونَ ۝٢٥
Qaala feehaa tahyawna wa feehaa tamootoona wa minhaa tukhrajoon
📖 မြန်မာဘာသာ
ထိုအရှင်မြတ်က အသင်တို့သည် ထိုပထဝီမြေ၌ အသက်ထင်ရှား နေထိုင်ကြရမည်။ ၎င်းပြင် ပထဝီမြေ၌ပင်သေကြရမည်။ ၎င်းပြင် (ရှင်ပြန်ထ မြောက်မည့်နေ့တွင်လည်း) ထိုပထဝီမြေမှပင် ထွက်ကြရမည်ဟု မိန့်ကြားတော်မူခဲ့လေသတည်း။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 23-27 — စူရာ အလ်-အာအ်ရာဖ်

23قَالَا رَبَّنَا ظَلَمْنَا أَنفُسَنَا وَإِن لَّمْ تَغْفِرْ لَنَا وَتَرْحَمْنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ
ထို(ဇနီးမောင်နှံ)နှစ်ဦးတို့က အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ် (ဧကန်စင်စစ်)ကျွန်တော်မျိုးတို့သည် မိမိတို့ကိုယ်ကို မိမိတို့ပင် နှိပ်စက် ညှဉ်းပန်းမိခဲ့ကြပါပြီ။ နစ်နာ ဆုံးရှုံးအောင် ပြုလုပ်မိကြပါပြီ။ထို့ပြင် အကယ်၍သာ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အားလွတ်ငြိမ်း ချမ်းသာခွင့် ပေးသနားတော်မူခြင်းမပြုပါလျှင်၊ ၎င်းပြင် ကျွန်တော်မျိုးတို့အပေါ်ဝယ် သနားညှာတာတော်မူခြင်းမပြုပါလျှင် ဧကန်မလွဲ ကျွန်တော်မျိုးတို့သည် နစ်နာ ဆုံးရှုံးသူတို့တွင် အပါအဝင် ဖြစ်ကြ�ပါတော့အံ့ ဟု လျှောက်ထားအသနားခံကြလေသည်။
24قَالَ اهْبِطُوا بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ وَلَكُمْ فِي الْأَرْضِ مُسْتَقَرٌّ وَمَتَاعٌ إِلَىٰ حِينٍ
(ထိုအခါ အလ္လာဟ်)အရှင်မြတ်က (ဤသို့) မိန့်ကြားတော်မူလေ၏။ အသင်တို့သည် (ဤ ဂျန္နတ်အမတသုခဘုံမှ) ဆင်းကြလေကုန်။ အသင်တို့အနက် အချို့သည်အချို့၏ရန်သူပင် ဖြစ်ကြပေလိမ့်မည်။ ၎င်းပြင် အသင်တို့အဖို့ပထဝီမြေ၌ (ငါအရှင်မြတ်) သတ်မှတ်တော်မူအပ်သော သက်တမ်းတိုင်အောင် နေရာထိုင်ခင်းနှင့် အကျိုးခံစားခွင့်တို့သည်ရှိပေသတည်း။
25قَالَ فِيهَا تَحْيَوْنَ وَفِيهَا تَمُوتُونَ وَمِنْهَا تُخْرَجُونَ
ထိုအရှင်မြတ်က အသင်တို့သည် ထိုပထဝီမြေ၌ အသက်ထင်ရှား နေထိုင်ကြရမည်။ ၎င်းပြင် ပထဝီမြေ၌ပင်သေကြရမည်။ ၎င်းပြင် (ရှင်ပြန်ထ မြောက်မည့်နေ့တွင်လည်း) ထိုပထဝီမြေမှပင် ထွက်ကြရမည်ဟု မိန့်ကြားတော်မူခဲ့လေသတည်း။(ရကူ)
26يَا بَنِي آدَمَ قَدْ أَنزَلْنَا عَلَيْكُمْ لِبَاسًا يُوَارِي سَوْآتِكُمْ وَرِيشًا ۖ وَلِبَاسُ التَّقْوَىٰ ذَٰلِكَ خَيْرٌ ۚ ذَٰلِكَ مِنْ آيَاتِ اللَّهِ لَعَلَّهُمْ يَذَّكَّرُونَ
အို-အာဒမ်၏ သားသမီးအပေါင်းတို့၊ ငါအရှင်မြတ်သည် အသင်တို့၏အရှက်ကို ဖုံးအုပ်သည့် အဝတ်အစားကိုလည်းကောင်း(အသင်တို့လှပအောင်ဆင်ယင်ရန်)ဝတ်စားတန်ဆာကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့လေသည်။သို့ရာတွင် ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ခြင်း၊ ဟီရိဩတ္တပ္ပတရားတည်းဟူသော ဝတ်စားတန်ဆာသည်ကားအမြင့်မြတ်ဆုံးပင်ဖြစ်ပေသည်။ ဤကား ၎င်းတို့လေ့လာမှတ်သား စဉ်းစားဆင်ခြင်နိုင်ကြရန် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာ တစ်ရပ်ပင်တည်း။
27يَا بَنِي آدَمَ لَا يَفْتِنَنَّكُمُ الشَّيْطَانُ كَمَا أَخْرَجَ أَبَوَيْكُم مِّنَ الْجَنَّةِ يَنزِعُ عَنْهُمَا لِبَاسَهُمَا لِيُرِيَهُمَا سَوْآتِهِمَا ۗ إِنَّهُ يَرَاكُمْ هُوَ وَقَبِيلُهُ مِنْ حَيْثُ لَا تَرَوْنَهُمْ ۗ إِنَّا جَعَلْنَا الشَّيَاطِينَ أَوْلِيَاءَ لِلَّذِينَ لَا يُؤْمِنُونَ
အို-အာဒမ်၏သားသမီးအပေါင်းတို့၊ ရှိုင်တွာန်မိစ္ဆာကောင်သည် အသင်တို့၏မိဘနှစ်ပါး (အာဒမ်နှင့်ဟောင်ဝါတို့)အား ၎င်းတို့နှစ်ဦးသည် ၎င်းတို့အရှက်ကို မြင်နိုင်စေရန်၎င်းတို့(၏ခန္ဓာကိုယ်)မှ ၎င်းတို့၏ အဝတ်အစားများကို ကျွတ်စေလျက် ဂျန္နတ်အမတသုခဘုံမှ ထွက်စေဘိသကဲ့သို့ (ယင်းရှိုင်တွာန် မိစ္ဆာကောင်သည်) အသင်တို့အားလည်း အလွဲသွေးဆောင် ဖြားယောင်းနိုင်ခွင့် မရှိစေရ။ စင်စစ်သော်ကား ယင်းရှိုင်တွာန်မိစ္ဆာကောင် ကိုယ်တိုင်သည်လည်းကောင်း၊ ယင်း၏မျိုးနွယ်တို့သည်လည်းကောင်း၊ အသင်တို့အား၊ အသင်တို့ ၎င်းတို့ကိုမမြင်နိုင်သောနည်းဖြင့် မြင်ကြကုန်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည် ရှိုင်တွာန်မိစ္ဆာကောင်တို့ကို အီမာန်သက်ဝင် ယုံကြည်မှုမရှိကြသောသူတို့၏ အဆွေခင်ပွန်းများ ပြုလုပ်တော်မူခဲ့လေသတည်း။(တစ်နည်း)အို-အာဒမ်၏သားသမီးအပေါင်းတို့၊ ရှိုင်တွာန်သည် အသင်တို့၏မိဘနှစ်ပါးတို့အား ၎င်းတို့၏အရှက်ကို ၎င်းတို့အားပြသရန်အတွက် ၎င်းတို့ထံမှ ၎င်းတို့၏ဝတ်စားတန်ဆာကိုချွတ်ကာ ဂျန္နတ်မှထုတ်ခဲ့သကဲ့သို့ အသင်တို့အားသွေးဆောင်ဖြားယောင်းခွင့် မရရှိစေနှင့်။ ဧကန်မုချ ရှိုင်တွာန်နှင့် ၎င်း၏အုပ်စုသည် အသင်တို့အား ၎င်းတို့ကို အသင်တို့မမြင်နိုင်ကြသောနည်းဖြင့်မြင်ကြ၏။ ဧကန်မုချ ငါအရှင်မြတ်သည် ရှိုင်တွာန်များကိုအီမာန်ယုံကြည်မရှိကြသောသူများ၏ အဆွေခင်ပွန်းအဖြစ် လုပ်ထားတော်မူသည်။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
25အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 25

စူရာ အလ်-အာအ်ရာဖ် အာယာသ် 25 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်က အသင်တို့သည် ထိုပထဝီမြေ၌ အသက်ထင်ရှား နေထိုင်ကြရမည်။ ၎င်းပြင် ပထဝီမြေ၌ပင်သေကြရမည်။ ၎င်းပြင် (ရှင်ပြန်ထ မြောက်မည့်နေ့တွင်လည်း)…

စူရာ အာယာသ် 25/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 23–27. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers