အလ်-အာအ်ရာဖ် · 92/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
الَّذِينَ كَذَّبُوا شُعَيْبًا كَأَن لَّمْ يَغْنَوْا فِيهَا ۚ الَّذِينَ كَذَّبُوا شُعَيْبًا كَانُوا هُمُ الْخَاسِرِينَ ۝٩٢
Allazeena kazzaboo Shu`aiban ka al alm yaghnaw feehaa; allazeena kazzaboo Shu`aiban kaanoo humul khaasireen
📖 မြန်မာဘာသာ
နဗီတမန်တော်(ရှုအိုက်ဗ်)အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသော သူတို့သည် ထိုအိမ် (ဝါ)မြို့ရွာတွင် အလျင်း နေထိုင်ခဲ့ကြဖူးသည်မရှိသကဲ့သို့ပင် ပျက်စီးခဲ့ကြကုန်၏။ နဗီတမန်တော် (ရှုအိုက်ဗ်)ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသောသူတို့သည်ပင်လျှင် ဆုံးရှုံးနစ်နာသူများ ဖြစ်ခဲ့ကြသည်တကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 90-94 — စူရာ အလ်-အာအ်ရာဖ်

90وَقَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ لَئِنِ اتَّبَعْتُمْ شُعَيْبًا إِنَّكُمْ إِذًا لَّخَاسِرُونَ
၎င်းပြင် ထို(နဗီတမန်တော်)ရှုအိုက်ဗ်၏ အမျိုးသားတို့အနက်မှ သွေဖည်ငြင်းပယ်ကြသော အကြီးအကဲတို့က(မိမိတို့အမျိုးသားချင်းတို့အား အို-အချင်းတို့) အကယ်၍အသင်တို့သည် ရှုအိုက်ဗ် ၏အမိန့်ကို လိုက်နာကြပါလျှင် မုချစင်စစ် အသင်တို့သည် ဆုံးရှုံးနစ်နာသူများ ဖြစ်ကြကုန်အံ့ဟုပြောဆိုခဲ့ကြကုန်၏။
91فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
ထို့နောက် ၎င်းတို့အား မြေငလျင်သည် ဖမ်းဆီးကွပ်မျက်လိုက်၏။ သို့ဖြစ်ရာတွင် ၎င်းတို့သည် မိမိတို့နေအိမ်(ဝါ)မြို့ရွာတွင် မှောက်လျက်သေကြေ ပျက်စီးသွားကြချေသတည်း။
92الَّذِينَ كَذَّبُوا شُعَيْبًا كَأَن لَّمْ يَغْنَوْا فِيهَا ۚ الَّذِينَ كَذَّبُوا شُعَيْبًا كَانُوا هُمُ الْخَاسِرِينَ
နဗီတမန်တော်(ရှုအိုက်ဗ်)အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသော သူတို့သည် ထိုအိမ် (ဝါ)မြို့ရွာတွင် အလျင်း နေထိုင်ခဲ့ကြဖူးသည်မရှိသကဲ့သို့ပင် ပျက်စီးခဲ့ကြကုန်၏။ နဗီတမန်တော် (ရှုအိုက်ဗ်)ကို မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသောသူတို့သည်ပင်လျှင် ဆုံးရှုံးနစ်နာသူများ ဖြစ်ခဲ့ကြသည်တကား။
93فَتَوَلَّىٰ عَنْهُمْ وَقَالَ يَا قَوْمِ لَقَدْ أَبْلَغْتُكُمْ رِسَالَاتِ رَبِّي وَنَصَحْتُ لَكُمْ ۖ فَكَيْفَ آسَىٰ عَلَىٰ قَوْمٍ كَافِرِينَ
ထိုအခါ ယင်းနဗီတမန်တော်(ရှုအိုက်ဗ်)သည်၎င်းတို့ထံမှ မျက်နှာလွှဲ၍ ထွက်ခဲ့လေသည်၊ ၎င်းပြင် အိုငါ၏အမျိုးသားတို့ ငါသည် ဧကန်စင်စစ် မိမိ အရှင်မြတ်ကမှာကြားတော်မူလိုက်သော အမိန့်ပညတ်တော်များကို အသင်တို့ထံအရောက် ပို့ဆောင် ခဲ့ချေပြီ။ ၎င်းပြင် ငါသည် အသင်တို့၏ကောင်းကျိုး ကိုလည်း (မုချ) သယ်ပိုးဆောင်ရွက်ခဲ့ပေပြီ။သို့ဖြစ်ပေရာ ငါသည် သွေဖည်ငြင်းပယ်ကြကုန်သော အမျိုးသားတို့ နှင့်ပက်သက်၍ အသို့လျှင် �မ်းနည်း ပူဆွေးရပါမည်နည်း ဟု ပြောကြားခဲ့လေသတည်း။(ရကူ)
94وَمَا أَرْسَلْنَا فِي قَرْيَةٍ مِّن نَّبِيٍّ إِلَّا أَخَذْنَا أَهْلَهَا بِالْبَأْسَاءِ وَالضَّرَّاءِ لَعَلَّهُمْ يَضَّرَّعُونَ
အမှန်သော်ကား၊ ငါအရှင်မြတ်သည် မည်သည့်မြို့ရွာသို့မဆို နဗီတမန်တော် တစ်ပါးပါးကို စေလွှတ်တော်မူခဲ့ပါလျှင် ထိုမြို့သူရွာသားတို့အား မာန်မာနကျိုး၍ အောက်ကျို့လာကြရန် ဆင်းရဲဒုက္ခဖြင့်လည်းကောင်း၊ ရောဂါဝေဒနာဖြင့်လည်းကောင်း၊ နှိပ်ကွက်တော်မူခဲ့လေသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
92အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 92

စူရာ အလ်-အာအ်ရာဖ် အာယာသ် 92 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : နဗီတမန်တော်(ရှုအိုက်ဗ်)အား မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြသော သူတို့သည် ထိုအိမ် (ဝါ)မြို့ရွာတွင် အလျင်း နေထိုင်ခဲ့ကြဖူးသည်မရှိသကဲ့သို့ပင် ပျက်စီးခဲ့ကြကုန်၏။ နဗီတမန်တော်…

စူရာ အာယာသ် 92/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 90–94. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers