ယူနူစ် · 10/109
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူနူစ်
دَعْوَاهُمْ فِيهَا سُبْحَانَكَ اللَّهُمَّ وَتَحِيَّتُهُمْ فِيهَا سَلَامٌ ۚ وَآخِرُ دَعْوَاهُمْ أَنِ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ ۝١٠
Da`waahum feehaa Subbaanakal laahumma wa tahiyyatuhum feehaa salaam; wa aakhiru da`waahum anil hamdu lillaahi Rabbil `aalameen
📖 မြန်မာဘာသာ
ယင်းသုခဘုံနန်းဥယျာဉ်များတွင် ထိုသူတို့၏စကားသည် အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏ ဟူ၍လည်းကောင်း၊ ထိုသူတို့၏နှုတ်ခွန်းဆက်ခြင်းသည် စလာမ်ဟူ၍လည်းကောင်း၊ ထိုသူတို့၏နောက်ဆုံး (နိဂုံးချုပ်) စကားသည် ချီးမွမ်းထောမနာပြုခြင်းအပေါင်းတို့အား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ အပ်စပ်သည်ဟူ၍ လည်းကောင်း ဖြစ်အံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
  • دَعْوَاهُمْ (ဒအ်ဝါဟွမ်): သူတို့၏ ဆုတောင်းချက်၊ ခေါ်ဆိုမှု၊ ပြောဆိုမှု။
  • سُبْحَانَكَ (ဆုဘ်ဟာနက): အို အလ္လာဟ်၊ ကိုယ်တော်သည် ချို့ယွင်းချက်အပေါင်းမှ ကင်းစင်တော်မူ၏။
  • اللَّهُمَّ (အလ္လာဟုမ်မ): အို အလ္လာဟ် (ဆုတောင်းရာတွင် အလ္လာဟ်ကို ခေါ်ဆိုသည့် စကားလုံး)။
  • تَحِيَّتُهُمْ (တဟိယျတုဟွမ်): သူတို့၏ နှုတ်ခွန်းဆက်ခြင်း၊ ကြိုဆိုနှုတ်ဆက်ခြင်း။
  • سَلَامٌ (စလာမ်): ငြိမ်းချမ်းမှု၊ ဘေးကင်းလုံခြုံမှု။
  • آخِرُ دَعْوَاهُمْ (အာခိရု ဒအ်ဝါဟွမ်): သူတို့၏ ဆုတောင်းချက်၏ အဆုံးသတ်။
  • الْحَمْدُ لِلَّهِ (အလ်ဟမ်ဒု လိလ္လာဟ်): ချီးမွမ်းခြင်းအားလုံးသည် အလ္လာဟ်အတွက်ဖြစ်၏။
  • رَبِّ الْعَالَمِينَ (ရဗ္ဗിൽ အာလမීန): လောကများအားလုံးကို ဖန်ဆင်းမွေးမြူထိန်းသိမ်းတော်မူသော အရှင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဂျန္နသ်ဥယျာဉ်တော်အတွင်း ယုံကြည်သူများ၏ ပြောဆိုမှုနှင့် ဆုတောင်းချက်မှာ အလ္လာဟ်အရှင်မြတ်အား ချို့ယွင်းချက်အပေါင်းမှ ကင်းစင်ကြောင်း ဂုဏ်တော်ဖွင့်ဆိုခြင်း၊ အို အလ္လာဟ် ကိုယ်တော်သည် ချို့ယွင်းချက်အပေါင်းမှ ကင်းစင်တော်မူ၏ ဟု လျှောက်ထားခြင်းဖြစ်သည်။ ထိုဥယျာဉ်တော်အတွင်း သူတို့၏ နှုတ်ခွန်းဆက်ခြင်းမှာ ငြိမ်းချမ်းသာယာမှု ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်၊ ကောင်းကင်တမန်များနှင့် သူတို့အချင်းချင်း အပြန်အလှန် နှုတ်ဆက်ကြသည်မှာ စလာမ် (ငြိမ်းချမ်းမှု) ဖြစ်သည်။ သူတို့၏ ဆုတောင်းချက်၏ အဆုံးသတ်မှာ လောကများအားလုံးကို ဖန်ဆင်းမွေးမြူထိန်းသိမ်းတော်မူသော အလ္လာဟ်အရှင်မြတ်အတွက် ချီးမွမ်းခြင်းအားလုံး ဖြစ်ပါစေ ဟု လျှောက်ထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သူတို့သည် မိမိတို့၏ စကားကို အလ္လာဟ်အရှင်မြတ်အား ဂုဏ်တော်ဖွင့်ဆိုခြင်းဖြင့် အစပြုပြီး အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းဖြင့် အဆုံးသတ်ကြသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ
  • ဂျန္နသ်ဥယျာဉ်တော်သည် ငြိမ်းချမ်းသာယာမှုနှင့် ပြည့်စုံသော နေရာဖြစ်ကြောင်း သိရှိရသည်။
  • ယုံကြည်သူများသည် ဂျန္နသ်တွင် အလ္လာဟ်အရှင်မြတ်အား ဂုဏ်တော်ဖွင့်ဆိုခြင်း၊ ချီးမွမ်းခြင်းဖြင့်


📜 အာယာသ် 8-12 — စူရာ ယူနူစ်

8أُولَٰئِكَ مَأْوَاهُمُ النَّارُ بِمَا كَانُوا يَكْسِبُونَ
ထိုသူများပင် ၎င်း တို့သည်(ပြစ်မှုဒုစရိုက်များကို)ရှာဖွေဆည်းပူးလျက် ရှိခဲ့ကြသောကြောင့် ၎င်း တို့၏ ခိုကိုးရာဌာနသည် ဂျဟန္နမ်ငရဲဘုံပင် ဖြစ်လတ္တံ့။
9إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ يَهْدِيهِمْ رَبُّهُم بِإِيمَانِهِمْ ۖ تَجْرِي مِن تَحْتِهِمُ الْأَنْهَارُ فِي جَنَّاتِ النَّعِيمِ
ဧကန်စင်စစ် အကြင်သူများသည် သက်ဝင်ယုံကြည်ခဲ့ကြ၏။ ၎င်း ပြင် ထိုသူများသည် ကောင်းမြတ်သောအကျင့်သီလများကို ပြုလုပ်ဆောက်တည်ကြ၏။ ၎င်း တို့အား၎င်း တို့ကို ဖန်ဆင်းမွေးမြူတော် မူသောအရှင်မြတ်သည် ၎င်း တို့၏ အီမာန်သက်ဝင်ယုံကြည်မှုကြောင့် ချမ်းသာသုခနှင့် ပြည့်စုံသော ဥယျာဉ်များသို့ ပို့ဆောင်တော်မူမည် ဖြစ်သည်။ ၎င်း တို့(နေထိုင်ရာ)အောက်၌ �မ်းရေချောင်းများ စီးတွေလျက်ရှိပေမည်။
10دَعْوَاهُمْ فِيهَا سُبْحَانَكَ اللَّهُمَّ وَتَحِيَّتُهُمْ فِيهَا سَلَامٌ ۚ وَآخِرُ دَعْوَاهُمْ أَنِ الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ
ယင်းသုခဘုံနန်းဥယျာဉ်များတွင် ထိုသူတို့၏စကားသည် အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏ ဟူ၍လည်းကောင်း၊ ထိုသူတို့၏နှုတ်ခွန်းဆက်ခြင်းသည် စလာမ်ဟူ၍လည်းကောင်း၊ ထိုသူတို့၏နောက်ဆုံး (နိဂုံးချုပ်) စကားသည် ချီးမွမ်းထောမနာပြုခြင်းအပေါင်းတို့အား စကြဝဠာခပ်သိမ်းတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ အပ်စပ်သည်ဟူ၍ လည်းကောင်း ဖြစ်အံ့သတည်း။
11۞ وَلَوْ يُعَجِّلُ اللَّهُ لِلنَّاسِ الشَّرَّ اسْتِعْجَالَهُم بِالْخَيْرِ لَقُضِيَ إِلَيْهِمْ أَجَلُهُمْ ۖ فَنَذَرُ الَّذِينَ لَا يَرْجُونَ لِقَاءَنَا فِي طُغْيَانِهِمْ يَعْمَهُونَ
၎င်း ပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူများထံသို့ ၎င်း တို့အကောင်းကို အလျင်အမြန်တောင်းဆိုသကဲ့သို့ အဆိုးကို ပို့ဆောင်(သက်ရောက်) စေတော်မူပါလျှင် ၎င်း တို့၏သက်တမ်းသည် မုချ အဆုံးသတ်ပြီး ဖြစ်ချေမည်။ သို့ရာတွင် ငါအရှင်မြတ်သည် ငါအရှင်မြတ် နှင့်တွေ့ရမည်ကို မမျှော်လင့်သောသူများအား ၎င်း တို့၏ မောက်မာဆိုးသွမ်းမှု၌ တဝေ့လည်လည် ဖြစ်ရှိနေကြရန် စွန့်ပစ်၍ ထားတော်မူသည်။
12وَإِذَا مَسَّ الْإِنسَانَ الضُّرُّ دَعَانَا لِجَنبِهِ أَوْ قَاعِدًا أَوْ قَائِمًا فَلَمَّا كَشَفْنَا عَنْهُ ضُرَّهُ مَرَّ كَأَن لَّمْ يَدْعُنَا إِلَىٰ ضُرٍّ مَّسَّهُ ۚ كَذَٰلِكَ زُيِّنَ لِلْمُسْرِفِينَ مَا كَانُوا يَعْمَلُونَ
သို့ရာတွင် လူသား၌ ဘေးဒုက္ခ(အချို့) ဆိုက်ရောက်လာသောအခါ ၎င်း သည် ငါအရှင်မြတ်အား လဲလျောင်းလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ မတ်တတ်ရပ်လျက်ဖြစ်စေ ဟစ်ခေါ်လေတော့၏။ တစ်ဖန် ငါအရှင်မြတ်သည် ၎င်း ၏ဘေးဒုက္ခ ကို ကင်းဝေးပပျောက်စေတော်မူခဲ့သည်ရှိသော် ၎င်း သည်ငါအရှင်မြတ်အား မိမိ၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခအတွက်(တစ်ကြိမ်တစ်ခါမျှ) ဟစ်ခေါ်ခြင်း မပြုခဲ့ဘိသကဲ့သို့ပင် ဖြစ်သွားပြန်၏။ ဤကဲ့သို့ပင် စည်းမဲ့ကမ်းမဲ့ ပြုလုပ်သော သူတို့အမြင်၌ ၎င်း တို့ ပြုလုပ်လျက် ရှိခဲ့သည်များသည် လှပတင့်တယ်စွာ တွေ့မြင်ရလေသတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
10အာယာသ်

ဘာသာပြန် — ယူနူစ် 10

စူရာ ယူနူစ် အာယာသ် 10 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယင်းသုခဘုံနန်းဥယျာဉ်များတွင် ထိုသူတို့၏စကားသည် အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏ ဟူ၍လည်းကောင်း၊ ထိုသူတို့၏နှုတ်ခွန်းဆက်ခြင်းသည် စလာမ်ဟူ၍လည်းကောင်း၊ ထိုသူတို့၏နောက်ဆုံး (နိဂုံးချုပ်)…

စူရာ အာယာသ် 10/109 — စူရာ ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူနူစ် နားထောင်, စူရာ ယူနူစ် ဘာသာပြန်, စူရာ ယူနူစ် mp3, စူရာ ယူနူစ် pdf. အာယာသ် 8–12. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers