ယူနူစ် · 65/109
ဘာသာပြန် အသံနိုင်ငံ — ယူနူစ်
وَلَا يَحْزُنكَ قَوْلُهُمْ ۘ إِنَّ الْعِزَّةَ لِلَّهِ جَمِيعًا ۚ هُوَ السَّمِيعُ الْعَلِيمُ ۝٦٥
Wa laa yahzunka qawluhum; innal `izzata lillaahi jamee`aa; Huwas Samee`ul `Aleem
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင့်အား ၎င်း တို့၏ပြောဆိုမှုသည် ဝမ်းနည်းပူဆွေးခြင်းမဖြစ်စေရ။ ဧကန် စင်စစ်တန်ခိုးသတ္တိ(ဩဇာအာဏာ)အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိကုန်၏။ ထိုအရှင်မြတ်သည် (ပြောဆိုမှုအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
🎧 နားထောင်

📜 အာယာသ် 63-67 — ယူနူစ်

63الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
၎င်း (အဆွေတော်)တို့သည် အကြင်သူတို့ပင်ထိုသူတို့သည် အီမာန်ယုံကြည်မှုထားရှိကြသည့်ပြင် (ပြစ်မှုဒုစရိုက်များမှလည်း) ရှောင်ကြဉ်လျက် ရှိခဲ့ကြကုန်သတည်း။
64لَهُمُ الْبُشْرَىٰ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۚ لَا تَبْدِيلَ لِكَلِمَاتِ اللَّهِ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
ယင်း(အဆွေတော်)တို့အဖို့ လောကီဘဝတွင်လည်းကောင်း၊ တမလွန်ဘဝတွင် လည်းကောင်း၊ ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းသည် ရှိပေသည်။ အလ္လာဟ်အရှင်မြတ်၏အာယတ်တော်များ၌ ပြောင်းလဲခြင်း အလျဉ်းမရှိချေ။ ဤသည်သာလျှင် ကြီးကျယ်မြင့်မြတ်လှစွာသော အောင်မြင်မှုပေတည်း။
65وَلَا يَحْزُنكَ قَوْلُهُمْ ۘ إِنَّ الْعِزَّةَ لِلَّهِ جَمِيعًا ۚ هُوَ السَّمِيعُ الْعَلِيمُ
(အို-နဗီတမန်တော်) အသင့်အား ၎င်း တို့၏ပြောဆိုမှုသည် ဝမ်းနည်းပူဆွေးခြင်းမဖြစ်စေရ။ ဧကန် စင်စစ်တန်ခိုးသတ္တိ(ဩဇာအာဏာ)အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိကုန်၏။ ထိုအရှင်မြတ်သည် (ပြောဆိုမှုအလုံးစုံတို့ကို) အကြွင်းမဲ့ ကြားတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့ သိမြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
66أَلَا إِنَّ لِلَّهِ مَن فِي السَّمَاوَاتِ وَمَن فِي الْأَرْضِ ۗ وَمَا يَتَّبِعُ الَّذِينَ يَدْعُونَ مِن دُونِ اللَّهِ شُرَكَاءَ ۚ إِن يَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ
(အို-ကြားနာရသူ အပေါင်းတို့) အသင်တို့ သည်(ကောင်းစွာ) သတိမူကြလေကုန်၊ ဧကန်အမှန် မိုးကောင်း ကင်၌ရှိသူတို့ကိုလည်းကောင်း၊ ကမ္ဘာ မြေပြင်ဝယ် ရှိသူတို့ကို လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင်ပိုင်ဆိုင်တော်မူ၏။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုနှိုင်းယှဉ်ဖက်များ�ဖြစ်ဟစ်ခေါ် ကိုးကွယ်ကြကုန်သောသူတို့သည် (မိမိတို့၏)ထင်မြင်ယူဆချက်မှအပ အခြားတစ်စုံတစ်ရာကို လိုက်နာကြသည် မဟုတ်ပေ။ စင်စစ်မူကား၎င်း တို့သည် ရမ်းဆ(ကျင့်ကြံ) နေကြသည်သာတည်း။
67هُوَ الَّذِي جَعَلَ لَكُمُ اللَّيْلَ لِتَسْكُنُوا فِيهِ وَالنَّهَارَ مُبْصِرًا ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَسْمَعُونَ
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် အသင် တို့အဖို့ ညဉ့်ကိုအသင်တို့ အိပ်စက်နားနေကြရန်လည်းကောင်း၊ နေ့ကို မြင်နိုင်စွမ်းရှိစေသောအရာအဖြစ်လည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့ပေသည်။ ဤ (မည်သော)အချက်တို့တွင် (အာရုံစိုက်လျှင်)ကြားနာသူ တို့အဖို့ သက်သေသာဓကများသည် ရှိချေသတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
65အာယာသ်

ဘာသာပြန် — ယူနူစ် 65

စူရာ ယူနူစ် အာယာသ် 65 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင့်အား ၎င်း တို့၏ပြောဆိုမှုသည် ဝမ်းနည်းပူဆွေးခြင်းမဖြစ်စေရ။ ဧကန် စင်စစ်တန်ခိုးသတ္တိ(ဩဇာအာဏာ)အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာရှိကုန်၏။ ထိုအရှင်မြတ်သည် (ပြောဆိုမှုအလုံးစုံတို့ကို)…

စူရာ အာယာသ် 65/109 — ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: ယူနူစ် နားထောင်, ယူနူစ် ဘာသာပြန်, ယူနူစ် mp3, ယူနူစ် pdf. အာယာသ် 63–67. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers