ဟူဒ် · 21/123
ဘာသာပြန် အသံနိုင်ငံ — ဟူဒ်
أُولَٰئِكَ الَّذِينَ خَسِرُوا أَنفُسَهُمْ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ ۝٢١
Ulaaa`ikal lazeena khasirooo anfusahum wa dalla `anhum maa kaanoo yaftaroon
📖 မြန်မာဘာသာ
ဤသူများပင် မိမိတို့ကိုယ်ကို မိမိတို့ ဆုံးရှုံး နစ်နာစေခဲ့ကြသောသူများတည်း။ ထို့ပြင် ၎င်းတို့ထံမှ ၎င်းတို့ လီဆယ်ဖန်တီးခဲ့ကြသော (ကိုးကွယ်ရာများသည်) ပျောက်ကွယ်၍သွားကြလေပြီ။
🎧 နားထောင်

📜 အာယာသ် 19-23 — ဟူဒ်

19الَّذِينَ يَصُدُّونَ عَن سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا وَهُم بِالْآخِرَةِ هُمْ كَافِرُونَ
(ထိုကျူးကျော်စော်ကားသော)သူများကားအကြင်သူတို့ပင်၊ ထိုသူတို့သည် (သူတစ်ပါးတို့ အားလည်း)အလ္လာဟ်အရှင်မြတ်လမ်းတော်မှ ပိတ်ပင်တားဆီးကြလေသည်။၎င်းပြင် ထိုသူတို့သည် ထိုလမ်းတွင် ကွေ့ကောက်မှုကို ရှာကြံကြလေသည်။ ထိုမှတစ်ပါး ၎င်းတို့ကိုယ်တိုင်ပင်နောင်တမလွန်ဘဝကို ငြင်းပယ်သူများ ဖြစ်ကြကုန်သတည်း။ (တစ်နည်း)၎င်းတို့သည်ကား နောင်တမလွန်ဘဝကိုပင် ငြင်းပယ်သူများဖြစ်ကြပေသတည်း။
20أُولَٰئِكَ لَمْ يَكُونُوا مُعْجِزِينَ فِي الْأَرْضِ وَمَا كَانَ لَهُم مِّن دُونِ اللَّهِ مِنْ أَوْلِيَاءَ ۘ يُضَاعَفُ لَهُمُ الْعَذَابُ ۚ مَا كَانُوا يَسْتَطِيعُونَ السَّمْعَ وَمَا كَانُوا يُبْصِرُونَ
ဤသူများသည် ကမ္ဘာမြေ၌လည်း (အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ပေးတော်မူခြင်းမှ)လွတ်မြောက်နိုင်သူများမဟုတ်ခဲ့ကြချေ။ ထိုမှတစ်ပါး ၎င်းတို့၌ အလ္လာဟ်အရှင်မြတ်နှင့်ယှဉ်ပြိုင်၍ ကူညီစောင်မမည့်သူဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။ (ယနေ့မူကား) ၎င်းတို့၌ပြစ်ဒဏ်သည် နှစ်ဆ ပြုလုပ်ခြင်းကို ခံရပေမည်။ ၎င်းတို့သည်(မလိုမုန်းတီးမှုကြောင့် ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း) ကြားနာနိုင်စွမ်းမရှိခဲ့ကြပေ။ (အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာသာဓကများကိုလည်း)မြင်နိုင်ကြသည် မရှိခဲ့ချေ။
21أُولَٰئِكَ الَّذِينَ خَسِرُوا أَنفُسَهُمْ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ
ဤသူများပင် မိမိတို့ကိုယ်ကို မိမိတို့ ဆုံးရှုံး နစ်နာစေခဲ့ကြသောသူများတည်း။ ထို့ပြင် ၎င်းတို့ထံမှ ၎င်းတို့ လီဆယ်ဖန်တီးခဲ့ကြသော (ကိုးကွယ်ရာများသည်) ပျောက်ကွယ်၍သွားကြလေပြီ။
22لَا جَرَمَ أَنَّهُمْ فِي الْآخِرَةِ هُمُ الْأَخْسَرُونَ
ဧကန်မလွဲ ၎င်းတို့သည်ပင် နောင်တမလွန်ဘဝတွင် အနစ်နာဆုံးသော သူများဖြစ်ကြပေမည်။
23إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ وَأَخْبَتُوا إِلَىٰ رَبِّهِمْ أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်း မြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည် ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် မိမိတို့၏အရှင်မြတ်ရှေ့တော်ဝယ် ကျိုးနွံခဲ့ကြကုန်၏။ ထိုသူများ ကား ဂျန္နတ်အမတသုခဘုံသားများဖြစ်ကြကုန်၏။ ထိုသူတို့သည် ယင်း ဂျန္နတ်အမတသုခဘုံ၌ထာဝစဉ် နေထိုင်စံမြန်းကြရမည့်သူများပင်တည်း။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
21အာယာသ်

ဘာသာပြန် — ဟူဒ် 21

စူရာ ဟူဒ် အာယာသ် 21 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဤသူများပင် မိမိတို့ကိုယ်ကို မိမိတို့ ဆုံးရှုံး နစ်နာစေခဲ့ကြသောသူများတည်း။ ထို့ပြင် ၎င်းတို့ထံမှ ၎င်းတို့ လီဆယ်ဖန်တီးခဲ့ကြသော (ကိုးကွယ်ရာများသည်)…

စူရာ အာယာသ် 21/123 — ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: ဟူဒ် နားထောင်, ဟူဒ် ဘာသာပြန်, ဟူဒ် mp3, ဟူဒ် pdf. အာယာသ် 19–23. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers