فَلَمَّا ذَهَبُوا بِهِ وَأَجْمَعُوا أَن يَجْعَلُوهُ فِي غَيَابَتِ الْجُبِّ ۚ وَأَوْحَيْنَا إِلَيْهِ لَتُنَبِّئَنَّهُم بِأَمْرِهِمْ هَٰذَا وَهُمْ لَا يَشْعُرُونَ ١٥
🔤 Transliteration
Falammaa zahaboo bihee wa ajma`ooo anyyaj`aloohu fee ghayaabatil jubb; wa awyainaaa ilaihi latunabbi `annahum bi amrihim haaza wa hum laa yash`uroon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့နောက် ထိုနောင်တော်တို့သည် ထိုယူဆွဖ်အား ခေါ်ဆောင်သွားကြပြီးလျှင် ၎င်းအားရေတွင်း၏ စောက်နက်ထဲတွင်ပစ်ချကြရန် တညီတညွတ်တည်း ပြဌာန်းခဲ့ကြသောအခါ ငါအရှင်မြတ်သည် ထိုယူဆွဖ်ထံ (အို-ယူဆွဖ်) အသင်သည် (တစ်ချိန်တွင်) ၎င်းတို့အား ၎င်းတို့၏ ဤအပြုအမူကိုအမှန်ပင်ထုတ်ဖော်၍ပြောကြားမည်ဖြစ်၏။ သို့ရာတွင် (ထိုအချိန်တွင်) ၎င်းတို့သည် အသင်အားသိရှိ၍ မှတ်မိကြလိမ့်မည်မဟုတ်ကြောင်း အမိန့်တော်ထုတ်ပြန်တော်မူခဲ့ပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ ဖလမ္မါ ဇဟဗူ ဗိဟိ (فَلَمَّا ذَهَبُوا بِهِ ) — သူတို့သည် သူ့ကို ခေါ်သွားကြသောအခါ။အဂျ်မအူ (أَجْمَعُوا ) — စိတ်ပိုင်းဖြတ်၍ ညီညွတ်စွာ ဆုံးဖြတ်ကြသည်။ဃယာဗသိလ် ဂျုဗ္ဗိ (غَيَابَتِ الْجُبِّ ) — ရေတွင်းအတွင်း၏ မမြင်နိုင်သော အနက်ပိုင်းအရပ်။အူဟိုင်နာ (أَوْحَيْنَا ) — ငါအရှင်မြတ်သည် ဗျာဒိတ်ပေးတော်မူခဲ့သည်။လသွန်ဗִּအန္နဟုမ်း (لَتُنَبِّئَنَّهُم ) — သင့်သည် သူတို့အား အသိပေးရမည် ဧကန်ဖြစ်သည်။လာ ယရှ်အုရူန (لَا يَشْعُرُونَ ) — သူတို့သည် မသိရှိကြပေ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် တမန်တော် ယအ်ကူဗ် (အလိုင်ဟိစ်စလာမ်) သည် သားတော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) ကို သူ၏ ညီအစ်ကိုများနှင့်အတူ လွှတ်လိုက်တော်မူခဲ့သည်။ သူတို့သည် သူ့ကို ခေါ်သွားပြီး လူအများ၏ မျက်စိမှ ကွယ်ရာသော အရပ်သို့ ရောက်သောအခါ၊ သူ့ကို ရေတွင်းအတွင်း၏ အနက်ဆုံးအရပ်တွင် ပစ်ချရန် စိတ်ပိုင်းဖြတ်၍ ညီညွတ်စွာ ဆုံးဖြတ်ကြလေသည်။ ထိုအချိန်တွင် အလ္လာဟ်အရှင်မြတ်သည် ယူစုဖ် (အလိုင်ဟိစ်စလာမ်) ထံသို့ ဗျာဒိတ်ပေးတော်မူခဲ့သည်။ ထိုဗျာဒိတ်တော်မှာ သူသည် နောင်အနာဂတ်ကာလတွင် ရှင်သန်ကြီးထွားလာပြီးနောက်၊ ဤညီအစ်ကိုများသည် သူ့အား မည်သူမည်ဝါမှန်း မသိရှိကြဘဲ သူတို့၏ ဤပြုလုပ်ခဲ့သော အမှုကိစ္စကို သူတို့အား ပြန်လည်အသိပေးပြောဆိုမည် ဖြစ်ကြောင်း ဖြစ်လေသည်။ သူတို့သည် ထိုအချိန်တွင် ဤကလေးသည် ယူစုဖ်ဖြစ်ကြောင်း လုံးဝမသိရှိကြပေ။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ၁။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ရွေးချယ်ထားသော ကျေးကျွန်များကို အခက်အခဲကြီးထဲတွင် ပစ်ထားတော်မူသော်လည်း၊ သူတို့ကို အထီးကျန်စွာ မထားခဲ့ပါ။ ရေတွင်းအနက်ထဲတွင် ရောက်နေသော ယူစုဖ်ကလေးငယ်အား ဗျာဒိတ်ပေးတော်မူခဲ့သည်ကို ကြည့်ပါ။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်သည် မိမိချစ်သော ကျေးကျွန်များနှင့် အမြဲအတူရှိတော်မူကြောင်း ဖော်ပြသည်။
၂။ ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ရခြင်းသည် အဆုံးသတ်မဟုတ်ပါ။ ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် ရေတွင်းထဲတွင် ရောက်န
فَلَمَّا ذَهَبُواْ بِهِۦ وَأَجۡمَعُوٓاْ أَن يَجۡعَلُوهُ فِي غَيَٰبَتِ ٱلۡجُبِّۚ وَأَوۡحَيۡنَآ إِلَيۡهِ لَتُنَبِّئَنَّهُم بِأَمۡرِهِمۡ هَٰذَا وَهُمۡ لَا يَشۡعُرُونَ ١٥
ထို့နောက် ထိုနောင်တော်တို့သည် ထိုယူဆွဖ်အား ခေါ်ဆောင်သွားကြပြီးလျှင် ၎င်းအားရေတွင်း၏ စောက်နက်ထဲတွင်ပစ်ချကြရန် တညီတညွတ်တည်း ပြဌာန်းခဲ့ကြသောအခါ ငါအရှင်မြတ်သည် ထိုယူဆွဖ်ထံ (အို-ယူဆွဖ်) အသင်သည် (တစ်ချိန်တွင်) ၎င်းတို့အား ၎င်းတို့၏ ဤအပြုအမူကိုအမှန်ပင်ထုတ်ဖော်၍ပြောကြားမည်ဖြစ်၏။ သို့ရာတွင် (ထိုအချိန်တွင်) ၎င်းတို့သည် အသင်အားသိရှိ၍ မှတ်မိကြလိမ့်မည်မဟုတ်ကြောင်း အမိန့်တော်ထုတ်ပြန်တော်မူခဲ့ပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 13-17 — စူရာ ယူစူဖ်
13 قَالَ إِنِّي لَيَحْزُنُنِي أَن تَذْهَبُوا بِهِ وَأَخَافُ أَن يَأْكُلَهُ الذِّئْبُ وَأَنتُمْ عَنْهُ غَافِلُونَ
(ထိုအခါ ၎င်းတို့၏ခမည်းတော်က ဤသို့)ဖြေဆိုပြန်ကြားခဲ့လေသည်။ (အို-ငါ၏ချစ်သားတို့) ဧကန်စင်စစ် ငါသည် အသင်တို့ ထိုယူစုဖ်အားခေါ် ဆောင်သွားခြင်းအားဖြင့် ပူဆွေးရမည်မှာ ဧကန်မလွဲပင်။ ထိုမှတစ်ပါး အသင်တို့သည် ထိုယူဆွဖ်အားသတိမမူ မေ့လျော့နေစဉ်အခိုက် ၎င်းအား ဝံပုလွေကိုက်စားမည်ကိုလည်း ငါသည် စိုးရိမ်မိပေသတည်း။
14 قَالُوا لَئِنْ أَكَلَهُ الذِّئْبُ وَنَحْنُ عُصْبَةٌ إِنَّا إِذًا لَّخَاسِرُونَ
(ထိုအခါ နောင်တော်များက ဤသို့)လျှောက်ထားခဲ့ကြပြန်၏။ (အို-ဖခမည်းတော်) အမှန်စင်စစ် ကျွန်ုပ်တို့သည် ရင်းနှီးပွန်းတီး အားအင်တောင့်တင်း သောအုပ်စုတစ်စုပင်ဖြစ်ကြပါလျက် အကယ်၍ ထိုယူဆွဖ်အား ဝံပုလွေကိုက်စားခဲ့ပါလျှင် ကျွန်ုပ်တို့သည် အမှန်ပင် ပျက်စီးဆုံးပါးသူများသာဖြစ်ကြပါလိမ့်မည်။
15 فَلَمَّا ذَهَبُوا بِهِ وَأَجْمَعُوا أَن يَجْعَلُوهُ فِي غَيَابَتِ الْجُبِّ ۚ وَأَوْحَيْنَا إِلَيْهِ لَتُنَبِّئَنَّهُم بِأَمْرِهِمْ هَٰذَا وَهُمْ لَا يَشْعُرُونَ
ထို့နောက် ထိုနောင်တော်တို့သည် ထိုယူဆွဖ်အား ခေါ်ဆောင်သွားကြပြီးလျှင် ၎င်းအားရေတွင်း၏ စောက်နက်ထဲတွင်ပစ်ချကြရန် တညီတညွတ်တည်း ပြဌာန်းခဲ့ကြသောအခါ ငါအရှင်မြတ်သည် ထိုယူဆွဖ်ထံ (အို-ယူဆွဖ်) အသင်သည် (တစ်ချိန်တွင်) ၎င်းတို့အား ၎င်းတို့၏ ဤအပြုအမူကိုအမှန်ပင်ထုတ်ဖော်၍ပြောကြားမည်ဖြစ်၏။ သို့ရာတွင် (ထိုအချိန်တွင်) ၎င်းတို့သည် အသင်အားသိရှိ၍ မှတ်မိကြလိမ့်မည်မဟုတ်ကြောင်း အမိန့်တော်ထုတ်ပြန်တော်မူခဲ့ပေသတည်း။
16 وَجَاءُوا أَبَاهُمْ عِشَاءً يَبْكُونَ
ထို့နောက် ယင်းနောင်တော်များသည် ၎င်းတို့၏ဖခမည်းတော်ထံသို့ ညမှောင်ခါစအချိန်တွင် ငိုကြွေးလျက်(ပြန်)လာခဲ့ကြလေသည်။
17 قَالُوا يَا أَبَانَا إِنَّا ذَهَبْنَا نَسْتَبِقُ وَتَرَكْنَا يُوسُفَ عِندَ مَتَاعِنَا فَأَكَلَهُ الذِّئْبُ ۖ وَمَا أَنتَ بِمُؤْمِنٍ لَّنَا وَلَوْ كُنَّا صَادِقِينَ
(ခမည်းတော်ထံသို့ရောက်လတ်သော် ဤသို့)လျှောက်ထားခဲ့ကြသည်။ အို-ကျွန်ုပ်တို့၏ ဖခမည်းတော်ဧကန်အမှန် ကျွန်ုပ်တို့သည် ယူဆွဖ်အား မိမိတို့၏ပစ္စည်း(အဝတ်အစား)များ အနီးတွင်(အစောင့်)ထားခဲ့ပြီး အပြေးပြိုင်ရန်သွားခဲ့ကြပါသည်။ သို့ဖြစ်သောကြောင့် ထိုယူဆွဖ်အား ဝံပုလွေသည် ကိုက်စားပစ်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည်(မည်မျှပင်) သစ္စာဝါဒီများဖြစ်ကြသော်လည်း ဖခမည်းတော်မှာမူကား ကျွန်ုပ်တို့အား ယုံကြည်မည်မဟုတ်ပါပေ။ သတ်ပစ်ကြလေကုန်။ သို့တည်းမဟုတ် ၎င်းအား တိုင်းတစ်ပါးသို့(သွား(သွားရောက်)စွန့်ပစ်ခဲ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့၏ခမည်းတော်သည် အသင်တို့ဘက်သို့ပြန်လှည့်၍ မျက်နှာသာပေးရပေလိမ့်မည်။ ထို့နောက် အသင်တို့သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ မိမိတို့အပြစ်ကို ဝန်ချတောင်းပန်ကာ)ဖြောင့်မှန်သောလူစုပြန်၍ဖြစ်ကြလေကုန်။ (လိမ့်မည်။)(တစ်နည်း)၎င်းတို့က (ဖခင်ကြီးထံ၌) လျှောက်ထားခဲ့ကြသည်မှာ အို-ကျွန်တော်တို့၏ဖခင်၊ ဧကန်အမှန် ကျွန်တော်တို့သည် (သူ့ထက်ငါသာအောင်) အချင်းချင်း အပြေးပြိုင်၍လာခဲ့ကြပါသည်။ ၎င်းပြင် ယူဆွဖ်ကို ကျွန်တော်တို့၏ပစ္စည်း(များ)အနီး၌ ထားခဲ့ကြပါသည်။ သို့ဖြစ်ပေရာ(ရုတ်တရက်)ဝံပုလွေသည် သူ့ကို ကိုက်စားသွားပါသည်။ ကျွန်တော်တို့သည်အဘယ်မျှပင် မှန်ကန်သူများ ဖြစ်ကြသော်လည်း အသင်(ဖခင်ကြီး)ကား ကျွန်တော်တို့အား ယုံကြည်မည် မဟုတ်ပါပေ။
ဘာသာပြန် — ယူစူဖ် 15 စူရာ ယူစူဖ် အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ထိုနောင်တော်တို့သည် ထိုယူဆွဖ်အား ခေါ်ဆောင်သွားကြပြီးလျှင် ၎င်းအားရေတွင်း၏ စောက်နက်ထဲတွင်ပစ်ချကြရန် တညီတညွတ်တည်း ပြဌာန်းခဲ့ကြသောအခါ ငါအရှင်မြတ်သည် ထိုယူဆွဖ်ထံ…
စူရာ အာယာသ် 15/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.