وَلَمَّا جَهَّزَهُم بِجَهَازِهِمْ قَالَ ائْتُونِي بِأَخٍ لَّكُم مِّنْ أَبِيكُمْ ۚ أَلَا تَرَوْنَ أَنِّي أُوفِي الْكَيْلَ وَأَنَا خَيْرُ الْمُنزِلِينَ ٥٩
🔤 Transliteration
Wa lammaa jahhazahum bijahaazihim qaala` toonee bi akhil lakum min abeekum; alaa tarawna anneee oofil kaila wa ana khairul munzileen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
တစ်ဖန် ထိုယူဆွဖ်သည် ၎င်းတို့အဖို့ (စားနပ်ရိက္ခာနှင့်စပ်လျဉ်း၍) စီမံအပ်သည့်ကိစ္စများကို ၎င်း တို့အားအဆင်သင့်ဖြစ်အောင် စီမံ၍ပေးခဲ့ပြီးသော အခါ (၎င်းတို့အားဤသို့)ပြောကြားခဲ့လေသည်။ အသင်တို့သည် မိမိတို့ခမည်းတော်ဘက်မှတော်စပ်သော အသင်တို့၏ ညီတော်အား ကျွန်ုပ်ထံခေါ်ဆောင်ခဲ့ကြလေကုန်။ အသင်တို့သည် မမြင်ကြလေသလော။ ကျွန်ုပ်သည် (စားနပ်ရိက္ခာဖြန့်ဖြူးရာတွင်) ခြင်တွယ်သောပမာဏကို အပြည့်ခြင်၍ပေးသည့်ပြင် ကျွန်ုပ်သည်အကောင်းဆုံး ဧည့်ခံသူတစ်ဦးလည်း ဖြစ်ပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ جَهَّزَهُم بِجَهَازِهِمْ — သူတို့အတွက် ခရီးသွားရန် လိုအပ်သော ရိက္ခာနှင့် ပစ္စည်းများကို ပြင်ဆင်ပေးခြင်း။الْكَيْل — အတိုင်းအဆ (သစ်စေ့၊ မျိုးစေ့ စသည်ကို ချိန်တွယ်သော ပမာဏ)။الْمُنزِلِين — ဧည့်သည်များကို လက်ခံကျွေးမွေးသူများ၊ ဧည့်ဝတ်ကျေပွန်သူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် တမန်တော် ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် သူ့ထံသို့ ရောက်လာသော ညီအစ်ကိုများအား လိုအပ်သည့် ရိက္ခာနှင့် ခရီးသွားပစ္စည်းများကို ပြည့်ပြည့်စုံစုံ ပြင်ဆင်ပေးပြီးနောက်၊ သူတို့က သူတို့တွင် ဖခင်တူညီသော ညီတစ်ဦး (ဗင်ယာမိန်) ရှိသော်လည်း ဖခင်ထံတွင် ထားခဲ့ကြောင်း ပြောပြကြသောအခါ၊ တမန်တော် ယူစုဖ်က “သင်တို့၏ ဖခင်တူညီသော ညီကို ငါ့ထံ ခေါ်လာကြပါ။ ငါသည် အတိုင်းအဆကို အပြည့်အဝ ဖြည့်ဆည်းပေးသည်ကို သင်တို့ မမြင်ကြသလော။ ငါသည် ဧည့်သည်များကို အကောင်းဆုံး လက်ခံကျွေးမွေးသူ ဖြစ်သည်” ဟု မိန့်ဆိုခဲ့သည်။
ဆိုလိုသည်မှာ — သူတို့အား ကောင်းမွန်စွာ ဧည့်ခံကျွေးမွေးပြီး၊ လိုချင်သော ကောက်ပဲသီးနှံများကို အပြည့်အဝ ပေးအပ်ခဲ့သည်။ ထို့နောက် သူတို့၏ ဖခင်တူညီသော ညီဖြစ်သူ ဗင်ယာမိန်ကို ခေါ်လာပါက နောက်ထပ် ကုလားအုတ်တစ်စီး ပမာဏအထိ ထပ်မံပေးမည်ဖြစ်ကြောင်း၊ မိမိသည် အတိုင်းအဆကို လျှော့ချသူမဟုတ်ဘဲ အပြည့်အဝ ဖြည့်ဆည်းပေးသူဖြစ်ကြောင်း၊ ဧည့်ဝတ်ကျေပွန်ရာတွင်လည်း အကောင်းဆုံးဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ ဤသို့ဖြင့် သူသည် သူတို့အား ညီဖြစ်သူကို ခေါ်လာစေရန် ဆွဲဆောင်ရာ ရောက်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ အစ္စလာမ်သည် ဧည့်ဝတ်ကျေပွန်ခြင်းကို အလွန်အလေးထားသော သွန်သင်ချက်ဖြစ်သည်။ တမန်တော် ယူစုဖ်သည် မိမိ၏ ညီအစ်ကိုများကို အကောင်းဆုံး ဧည့်ခံကျွေးမွေးခဲ့သည်။ ဤသည်မှာ မွတ်စ်လင်မ်တိုင်း လိုက်နာရမည့် စံပြပုံရိပ် ဖြစ်သည်။ ကတိအတိုင်း ဖြည့်ဆည်းခြင်း၊ အတိုင်းအဆကို အပြည့်အဝ ပေးခြင်းသည် ရိုးသားဖြောင့်မတ်မှု၏ အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ ဤအရည်အချင်းများသည် လ
وَلَمَّا جَهَّزَهُم بِجَهَازِهِمۡ قَالَ ٱئۡتُونِي بِأَخٍ لَّكُم مِّنۡ أَبِيكُمۡۚ أَلَا تَرَوۡنَ أَنِّيٓ أُوفِي ٱلۡكَيۡلَ وَأَنَا۠ خَيۡرُ ٱلۡمُنزِلِينَ ٥٩
တစ်ဖန် ထိုယူဆွဖ်သည် ၎င်းတို့အဖို့ (စားနပ်ရိက္ခာနှင့်စပ်လျဉ်း၍) စီမံအပ်သည့်ကိစ္စများကို ၎င်း တို့အားအဆင်သင့်ဖြစ်အောင် စီမံ၍ပေးခဲ့ပြီးသော အခါ (၎င်းတို့အားဤသို့)ပြောကြားခဲ့လေသည်။ အသင်တို့သည် မိမိတို့ခမည်းတော်ဘက်မှတော်စပ်သော အသင်တို့၏ ညီတော်အား ကျွန်ုပ်ထံခေါ်ဆောင်ခဲ့ကြလေကုန်။ အသင်တို့သည် မမြင်ကြလေသလော။ ကျွန်ုပ်သည် (စားနပ်ရိက္ခာဖြန့်ဖြူးရာတွင်) ခြင်တွယ်သောပမာဏကို အပြည့်ခြင်၍ပေးသည့်ပြင် ကျွန်ုပ်သည်အကောင်းဆုံး ဧည့်ခံသူတစ်ဦးလည်း ဖြစ်ပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 57-61 — စူရာ ယူစူဖ်
57 وَلَأَجْرُ الْآخِرَةِ خَيْرٌ لِّلَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
သို့ရာတွင် အီမန်သက်ဝင်ယုံကြည်၍ (ပြစ်မှုဒုစရိုက်များမှ) အမြဲတစေ ကြဉ်ရှောင်လျက်ရှိကြ သောသူတို့အဖို့မှာကား နောင်တမလွန်ဘဝ၏ အကျိုး သည် အကောင်းဆုံးပင်ဖြစ်ပေသတည်း။
58 وَجَاءَ إِخْوَةُ يُوسُفَ فَدَخَلُوا عَلَيْهِ فَعَرَفَهُمْ وَهُمْ لَهُ مُنكِرُونَ
ထို့နောက် ယူဆွဖ်၏ နောင်တော်တို့လည်း (အီဂျစ်သို့)လာခဲ့ကြပြီး၊ ယင်းယူဆွဖ်၏ထံ ဝင်ရောက်ခဲ့ကြလေသည်။ ထိုအခါ ယင်းယူဆွဖ်သည် ၎င်းတို့အား မှတ်မိခဲ့လေသည်။ သို့ရာတွင် ယင်းတို့မူကား ထိုယူဆွဖ်အား မမှတ်မိကြပေ။
59 وَلَمَّا جَهَّزَهُم بِجَهَازِهِمْ قَالَ ائْتُونِي بِأَخٍ لَّكُم مِّنْ أَبِيكُمْ ۚ أَلَا تَرَوْنَ أَنِّي أُوفِي الْكَيْلَ وَأَنَا خَيْرُ الْمُنزِلِينَ
တစ်ဖန် ထိုယူဆွဖ်သည် ၎င်းတို့အဖို့ (စားနပ်ရိက္ခာနှင့်စပ်လျဉ်း၍) စီမံအပ်သည့်ကိစ္စများကို ၎င်း တို့အားအဆင်သင့်ဖြစ်အောင် စီမံ၍ပေးခဲ့ပြီးသော အခါ (၎င်းတို့အားဤသို့)ပြောကြားခဲ့လေသည်။ အသင်တို့သည် မိမိတို့ခမည်းတော်ဘက်မှတော်စပ်သော အသင်တို့၏ ညီတော်အား ကျွန်ုပ်ထံခေါ်ဆောင်ခဲ့ကြလေကုန်။ အသင်တို့သည် မမြင်ကြလေသလော။ ကျွန်ုပ်သည် (စားနပ်ရိက္ခာဖြန့်ဖြူးရာတွင်) ခြင်တွယ်သောပမာဏကို အပြည့်ခြင်၍ပေးသည့်ပြင် ကျွန်ုပ်သည်အကောင်းဆုံး ဧည့်ခံသူတစ်ဦးလည်း ဖြစ်ပေသတည်း။
60 فَإِن لَّمْ تَأْتُونِي بِهِ فَلَا كَيْلَ لَكُمْ عِندِي وَلَا تَقْرَبُونِ
သို့ဖြစ်ပေရာ အကယ်၍သာ အသင်တို့သည်ထိုညီတော်အား ကျွန်ုပ်ထံသို့ ခေါ်ဆောင်ခြင်းမပြုခဲ့ ကြပါလျှင်အသင်တို့အဖို့ ကျွန်ုပ်ထံတွင် ခြင်တွယ်ခြင်းအလျဉ်း ရှိလိမ့်မည်မဟုတ်ပေ။ အသင်တို့သည် ကျွန်ုပ်ထံလည်း မချဉ်းကပ်ကြကုန်လင့်။
61 قَالُوا سَنُرَاوِدُ عَنْهُ أَبَاهُ وَإِنَّا لَفَاعِلُونَ
(ထိုအခါ) ၎င်းတို့က ဧကန်စင်စစ် ကျွန်ုပ်တို့သည် ထိုညီတော်အား ၎င်း၏ခမည်းတော်ထံ တောင်းခံကြပါမည်။ ကျွန်ုပ်တို့သည် ဧကန်မလွဲ (ဤအတိုင်းပင်)ပြုလုပ်ကြပါမည်ဟု ပြောဆိုဖြေကြားခဲ့ကြလေသတည်း။
ဘာသာပြန် — ယူစူဖ် 59 စူရာ ယူစူဖ် အာယာသ် 59 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : တစ်ဖန် ထိုယူဆွဖ်သည် ၎င်းတို့အဖို့ (စားနပ်ရိက္ခာနှင့်စပ်လျဉ်း၍) စီမံအပ်သည့်ကိစ္စများကို ၎င်း တို့အားအဆင်သင့်ဖြစ်အောင် စီမံ၍ပေးခဲ့ပြီးသော အခါ (၎င်းတို့အားဤသို့)ပြောကြားခဲ့လေသည်။…
စူရာ အာယာသ် 59/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 57–61. မြန်မာဘာသာ: ภาษาไทย.