အရ်-ရာအ်ဒ် · 26/43
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရာအ်ဒ်
اللَّهُ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ ۚ وَفَرِحُوا بِالْحَيَاةِ الدُّنْيَا وَمَا الْحَيَاةُ الدُّنْيَا فِي الْآخِرَةِ إِلَّا مَتَاعٌ ۝٢٦
Allaahu yabsutur rizqa limai yashaaa`u wa yaqdir; wa farihoo bilhayaatid dunyaa wa mal hayaatud dunya fil Aakhirati illaa mataa
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို တိုးချဲ့၍ပေးတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသောသူ၏အပေါ်၌ စားနပ်ရိက္ခာကို) ကျဉ်းမြောင်း စေတော်မူ၏။ သို့ရာတွင်ထိုသူတို့သည် ဤလောကီဘဝ၌ အသက်ရှင်မှုကြောင့်ပင် ဝမ်းမြောက်ရွှင်မြူးခဲ့ကြလေသည်။ စင်စစ်မှာမူကား ဤလောကီဘဝ၌ အသက်ရှင်မှုသည် အနည်းငယ်တဒင်္ဂမျှ အကျိုးခံစားခြင်းသာလျှင် ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ဘာသာပြန်ဆိုချက် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်များ
  • ယဗ်စုသွ်သ် (يَبْسُطُ): ကျယ်ဝန်းစေသည်၊ တိုးချဲ့ပေးသည်။
  • ရိဇ်က် (الرِّزْقَ): ရိဇ်က်၊ အသက်မွေးဝမ်းကျောင်းပစ္စည်း။
  • ယက္ကဒိရု (يَقْدِرُ): ကျဉ်းမြောင်းစေသည်၊ ကန့်သတ်ပေးသည်။
  • ဖရိဟူ (فَرِحُوا): သူတို့ဝမ်းမြောက်ကြသည်၊ ပျော်ရွှင်ကြသည်။
  • မသာအ် (مَتَاعٌ): ခေတ္တခံစားရသော ပစ္စည်း၊ ယာယီအသုံးအဆောင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ရှိသူအား ရိဇ်က်ကို ကျယ်ဝန်းစေတော်မူသည်။ မိမိအလိုတော်ရှိသူအား ကျဉ်းမြောင်းစေတော်မူသည်။ ရိဇ်က်ကျယ်ဝန်းခြင်းသည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ပြသော လက္ခဏာမဟုတ်သလို၊ ရိဇ်က်ကျဉ်းမြောင်းခြင်းသည်လည်း အရှင်မြတ်၏ အမျက်တော်ကို ပြသော လက္ခဏာမဟုတ်ပေ။ ဤသည်မှာ အလ္လာဟ်အရှင်မြတ်၏ စမ်းသပ်မှုနှင့် ဉာဏ်ပညာတော်အတိုင်း ဖြစ်သည်။ ကာဖိရ်များသည် လောကီဘဝကို ရရှိသောအခါ ထိုဘဝ၌သာ စွဲလမ်းဝမ်းမြောက်ကြသည်။ သို့သော် လောကီဘဝသည် အာခိရသ်ဘဝနှင့် နှိုင်းယှဉ်လျှင် ခေတ္တခဏသာ ခံစားရသော ယာယီပစ္စည်းမျှသာ ဖြစ်သည်။ မကြာမီ ကုန်ဆုံးသွားမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် ရိဇ်က်ကို ပေးတော်မူသော အရှင်ဖြစ်ကြောင်း သိရှိစေသည်။ လူသားတို့သည် ရိဇ်က်အတွက် အလ္လာဟ်အရှင်မြတ်ကိုသာ အားထားရမည်။
  • ရိဇ်က်ကျယ်ဝန်းခြင်း သို့မဟုတ် ကျဉ်းမြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်၏ စမ်းသပ်မှုဖြစ်ကြောင်း နားလည်စေသည်။ ထို့ကြောင့် ချမ်းသာခြင်း၊ ဆင်းရဲခြင်းတို့ဖြင့် ဂုဏ်ယူခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း မပြုရ။
  • လောကီဘဝသည် ယာယီသာဖြစ်ကြောင်း သိရှိစေသည်။ ထို့ကြောင့် လောကီဘဝ၏ ပစ္စည်းဥစ္စာများကို စွဲလမ်းခြင်းထက် အာခိရသ်ဘဝအတွက် ပြင်ဆင်ခြင်းသည် ပိုမိုအကျိုးရှိသည်။
  • အစ္စလာမ်သာသနာသည် လောကီနှင့် အာခိရသ် နှစ်ဘဝစလုံးအတွက် မျှတသော လမ်းညွှန်ချက်ကို ပေးကြောင်း သိရှိစေသည်။
  • ဤအာယသ်တော်သည် လူသားတို့အား အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်စိတ်ချမှုထားရန်၊ လောကီဘဝ၏ ယာယီပျော်ရွှင်မှုများကို လိုက်စားခြင်းထက်


📜 အာယာသ် 24-28 — စူရာ အရ်-ရာအ်ဒ်

24سَلَامٌ عَلَيْكُم بِمَا صَبَرْتُمْ ۚ فَنِعْمَ عُقْبَى الدَّارِ
(ယင်းမလာအိကဟ် ကောင်းကင်တမန်များသည် ၎င်းတို့ထံဝင်ရောက်ကြသောအခါ ဤသို့နှုတ်ခွန်းဆက်သပြောဆိုကြမည်ဖြစ်၏)။ အသင်တို့သည်(လောကီဘဝ၌)ခန္တီတရားထားရှိ၍ တည်တံ့ကြံ့ခိုင်စွာ ရှိခဲ့ကြသည့်အတွက် ငြိမ်းချမ်း သာယာမှုသည် အသင်တို့အပေါ်၌ ကျရောက်ပါစေသား။ဤ တမလွန်ဘဝ၌ (အသင်တို့ခံစားကြရမည့်)အကျိုးသည်အလွန် ကောင်းမြတ်လှပေသည်တကား။
25وَالَّذِينَ يَنقُضُونَ عَهْدَ اللَّهِ مِن بَعْدِ مِيثَاقِهِ وَيَقْطَعُونَ مَا أَمَرَ اللَّهُ بِهِ أَن يُوصَلَ وَيُفْسِدُونَ فِي الْأَرْضِ ۙ أُولَٰئِكَ لَهُمُ اللَّعْنَةُ وَلَهُمْ سُوءُ الدَّارِ
သို့ရာတွင် အကြင်သူသည် အလ္လာဟ်အရှင်မြတ်နှင့်ထားရှိသော ပဋိညာဉ်ဝန်ခံချက်ကို ယင်းပဋိညာဉ်ခံဝန်ချက်ကို အခိုင်အမာပြုလုပ်ပြီးနောက် ဖောက်ဖျက်ကြကုန်၏။ ထို့ပြင်၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ဆက်စပ်၍ထားရန် အမိန့်ပေးတော်မူသည်များကိုလည်း ဖြတ်တောက်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ကမ္ဘာမြေဝယ် ဆူပူသောင်း ကျန်းလျက်လည်းရှိကြကုန်၏။ ထိုကဲ့သို့သူတို့၌ ကရုဏာတော်မှ ကင်းဝေးခြင်းသည်ရှိပေမည်။ ထိုမှတစ်ပါး ၎င်းတို့၌ ထိုလောက၏အကျိုးယုတ်မှုသည်လည်း ရှိပေမည်သတည်း။
26اللَّهُ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ ۚ وَفَرِحُوا بِالْحَيَاةِ الدُّنْيَا وَمَا الْحَيَاةُ الدُّنْيَا فِي الْآخِرَةِ إِلَّا مَتَاعٌ
အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို တိုးချဲ့၍ပေးတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသောသူ၏အပေါ်၌ စားနပ်ရိက္ခာကို) ကျဉ်းမြောင်း စေတော်မူ၏။ သို့ရာတွင်ထိုသူတို့သည် ဤလောကီဘဝ၌ အသက်ရှင်မှုကြောင့်ပင် ဝမ်းမြောက်ရွှင်မြူးခဲ့ကြလေသည်။ စင်စစ်မှာမူကား ဤလောကီဘဝ၌ အသက်ရှင်မှုသည် အနည်းငယ်တဒင်္ဂမျှ အကျိုးခံစားခြင်းသာလျှင် ဖြစ်ပေသတည်း။
27وَيَقُولُ الَّذِينَ كَفَرُوا لَوْلَا أُنزِلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ ۗ قُلْ إِنَّ اللَّهَ يُضِلُّ مَن يَشَاءُ وَيَهْدِي إِلَيْهِ مَنْ أَنَابَ
ထို့ပြင် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့က ၎င်း၏အပေါ်၌ ၎င်းအားမွေးမြူဖန်ဆင်း တော်မူသောအရှင်မြတ်အထံတော်မှ တန်ခိုးပြာဋိဟာ တစ်ရပ်ရပ်သည် အဘယ့်ကြောင့် ချပေးခြင်းကို မခံခဲ့ရပါသနည်းဟု ပြောဆိုကြကုန်၏။ (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)ပြောဆိုဖြေကြားပါလေ။ (အချင်းတို့)ဧကန်မလွဲအလ္လာဟ် အရှင်မြတ်သည် မိမိအလိုရှိတော်မူသော သူတို့အားလမ်းမှား၌ပင် ရှိစေတော်မူ၏။ သို့ရာတွင် ထိုအရှင်မြတ်သည်မိမိဘက်သို့ ပြန်လှည့်သောသူတို့ ကိုမူကား တရားလမ်းမှန်ကိုပြသတော်မူပေသတည်း၊
28الَّذِينَ آمَنُوا وَتَطْمَئِنُّ قُلُوبُهُم بِذِكْرِ اللَّهِ ۗ أَلَا بِذِكْرِ اللَّهِ تَطْمَئِنُّ الْقُلُوبُ
အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့၏ စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းဖြင့် ငြိမ်းအေးကြည်နူး၍ သွားလေသည်။ ကောင်းစွာမှတ်ယူကြလေကုန်။ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသခြင်းဖြင့် စိတ်နှလုံးများသည် ငြိမ်းအေးကြည်နူး၍ သွားသည်ချည်းသာတည်း။
အရ်-ရာအ်ဒ်ကုရ်အာန် ညွှန်းကိန်း
43အာယာသ်
MedinanRevelation
26အာယာသ်

ဘာသာပြန် — အရ်-ရာအ်ဒ် 26

စူရာ အရ်-ရာအ်ဒ် အာယာသ် 26 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို တိုးချဲ့၍ပေးတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်(မိမိအလိုရှိတော်မူသောသူ၏အပေါ်၌ စားနပ်ရိက္ခာကို) ကျဉ်းမြောင်း စေတော်မူ၏။ သို့ရာတွင်ထိုသူတို့သည်…

စူရာ အာယာသ် 26/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 24–28. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers