အီဗ်ရာဟီမ် · 15/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
وَاسْتَفْتَحُوا وَخَابَ كُلُّ جَبَّارٍ عَنِيدٍ ۝١٥
Wastaftahoo wa khaaba kullu jabbaarin `aneed
📖 မြန်မာဘာသာ
ယင်း(ရစူလ်တမန်တော်သို့မဟုတ် ယင်းကာဖိရ်သွေဖည်ငြင်းပယ်သောသူ)တို့သည် အကူအညီ သို့မဟုတ်အဆုံးအဖြတ်တောင်းခဲ့ကြလေသည်။ ထိုအခါ ခေါင်းမာသောမောက်မာသူအသီးသီးတို့သည် ရည်ရွယ်ချက် (မအောင်မြင်)ပျက်စီးဆုံးပါးခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်။
  • وَاسْتَفْتَحُوا: တမန်တော်များသည် မိမိတို့အား ကူညီအောင်မြင်စေရန် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းတောင်းဆိုခဲ့ကြသည်။
  • خَابَ: ဆုံးရှုံးခဲ့သည်။ မျှော်လင့်ချက် ပျက်ပြားခဲ့သည်။
  • جَبَّارٍ: မာန်မာနထောင်လွှားသူ။ မိမိအလိုဆန္ဒအတိုင်း လူများကို အတင်းအကြပ် ခိုင်းစေသူ။
  • عَنِيدٍ: အမှန်တရားကို ခေါင်းမာစွာ ဆန့်ကျင်သူ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

တမန်တော်များသည် မိမိတို့၏ ရှင်သခင်အပေါ် ယုံကြည်စိတ်ချစွာဖြင့် ရန်သူများအပေါ် အောင်မြင်မှုရရှိရန်နှင့် မိမိတို့အကြား တရားမှန်ကန်စွာ စီရင်ဆုံးဖြတ်ပေးရန် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းပန်ကြားခဲ့ကြသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့၏ ဆုတောင်းချက်ကို လက်ခံတော်မူခဲ့သည်။ ထိုအခါ အမှန်တရားကို လက်မခံဘဲ မာန်မာနထောင်လွှားသော သူတိုင်း၊ အမှန်တရား ထင်ရှားလာသော်လည်း ခေါင်းမာစွာ လိုက်နာရန် ငြင်းပယ်သော သူတိုင်းသည် ဆုံးရှုံးခြင်း၊ ပျက်စီးခြင်းသို့ ရောက်ရှိခဲ့ကြရသည်။ မိမိတို့၏ အာဏာစက်ဖြင့် လူများကို အတင်းအကြပ် ခိုင်းစေပြီး အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်ခြင်းနှင့် သက်သက်သော ကိုးကွယ်မှုကို လက်မခံသော မာနကြီးသူများအားလုံး ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ရှိကြရသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • အလ္လာဟ်အရှင်မြတ်သည် မိမိအား ယုံကြည်စိတ်ချစွာဖြင့် ဆုတောင်းပန်ကြားသူများ၏ ဆုတောင်းချက်ကို လက်ခံတော်မူသည်။ ထို့ကြောင့် မည်သည့်အခက်အခဲနှင့် ရင်ဆိုင်ရပါစေ အလ္လာဟ်အရှင်မြတ်ထံသာ ပြန်လည်မျှော်လင့်ရမည်။
  • မာန်မာနထောင်လွှားခြင်းနှင့် အမှန်တရားကို ခေါင်းမာစွာ ဆန့်ကျင်ခြင်းသည် ပျက်စီးဆုံးရှုံးခြင်း၏ အကြောင်းရင်းဖြစ်သည်။ နှိမ့်ချမှုနှင့် အမှန်တရားကို လက်ခံမှုသာ ကယ်တင်ခြင်း၏ လမ်းဖြစ်သည်။
  • အစ္စလာမ်သည် မိမိကိုယ်ကို မြင့်မြတ်အောင် ပြုမူခြင်း၊ အခြားသူများကို အတင်းအကြပ် ခိုင်းစေခြင်းကို လုံးဝ လက်မခံပါ။ ၎င်းသည် အလ္လာဟ်အရှင်မြတ်၏ တရားစီရင်ချက်ကို ခံယူရမည့် အန္တရာယ်ရှိသော လုပ်ရပ်ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် တရားမှန်ကန်စွာ စီရင်ဆုံးဖြတ်တော်မူသော အရှင်ဖြစ


📜 အာယာသ် 13-17 — စူရာ အီဗ်ရာဟီမ်

13وَقَالَ الَّذِينَ كَفَرُوا لِرُسُلِهِمْ لَنُخْرِجَنَّكُم مِّنْ أَرْضِنَا أَوْ لَتَعُودُنَّ فِي مِلَّتِنَا ۖ فَأَوْحَىٰ إِلَيْهِمْ رَبُّهُمْ لَنُهْلِكَنَّ الظَّالِمِينَ
ထိုမှတစ်ပါး ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်ကြကုန်သောသူတို့သည်မိမိတို့ ရစူလ်တမန်တော်များအားဧကန်မလွဲ ကျွန်ုပ်တို့သည် အသင်တို့အား ကျွန်ုပ်တို့၏ မြို့ရွာ၊နယ်မြေအတွင်းမှ မုချနှင်ထုတ်ကြပေမည်။ သို့တည်းမဟုတ်အသင်တို့သည် ကျွန်ုပ်ကို၏သာသနာထဲသို့ မုချပြန်ဝင်ကြရလိမ့်မည်ဟုပြောဆို (ခြိမ်းခြောက်)ခဲ့လေသည်။ ထိုရောအခါဝယ် ၎င်းရစူလ်တမန်တော်များထံ ၎င်းတို့၏အရှင်မြတ်ကမလွဲဧကန် ငါအရှင်မြတ်သည်(ဤသို့) မတရားပြုမူသောသူတို့အား မုချပျက်စီးစေတော်မူအံ့ဟု အမိန့်တော်ချပေးတော်မူခဲ့လေသတည်း။
14وَلَنُسْكِنَنَّكُمُ الْأَرْضَ مِن بَعْدِهِمْ ۚ ذَٰلِكَ لِمَنْ خَافَ مَقَامِي وَخَافَ وَعِيدِ
၎င်းပြင် အမှန်ပင် ငါအရှင်မြတ်သည် ၎င်းတို့မရှိကြသည့်နောက်တွင် အသင်တို့အား မြို့ရွာနယ်မြေ၌ နေရာချ၍ပေးတော်မူအံ့။ ဤ(ကတိဝန်ခံချက်)သည်ကား ငါအရှင်မြတ်၏ ေ့ရှတော်မှောက်ဝယ် မတ်တတ်ရပ်ရမည်ကို စိုးရိမ်သောသူ၏အဖို့လည်းကောင်း၊ ငါအရှင်မြတ် ချိန်းချက်ထားတော်မူသော ပြစ်ဒဏ်ကို ကြောက်ရွံ့သောသူ၏အဖို့လည်းကောင်း၊ ဖြစ်ပေသတည်း။
15وَاسْتَفْتَحُوا وَخَابَ كُلُّ جَبَّارٍ عَنِيدٍ
ယင်း(ရစူလ်တမန်တော်သို့မဟုတ် ယင်းကာဖိရ်သွေဖည်ငြင်းပယ်သောသူ)တို့သည် အကူအညီ သို့မဟုတ်အဆုံးအဖြတ်တောင်းခဲ့ကြလေသည်။ ထိုအခါ ခေါင်းမာသောမောက်မာသူအသီးသီးတို့သည် ရည်ရွယ်ချက် (မအောင်မြင်)ပျက်စီးဆုံးပါးခဲ့လေသတည်း။
16مِّن وَرَائِهِ جَهَنَّمُ وَيُسْقَىٰ مِن مَّاءٍ صَدِيدٍ
၎င်း၏ရှေ့ဝယ် ဂျဟန္နမ်ငရဲဘုံသည် ရှိနေပေသည်။ ၎င်းပြင် ယင်းသည် ပြည်ပုပ်ရေတိုက်ကျွေးခြင်းကို ခံရပေမည်။
17يَتَجَرَّعُهُ وَلَا يَكَادُ يُسِيغُهُ وَيَأْتِيهِ الْمَوْتُ مِن كُلِّ مَكَانٍ وَمَا هُوَ بِمَيِّتٍ ۖ وَمِن وَرَائِهِ عَذَابٌ غَلِيظٌ
(၎င်းသည် ယင်းပြည်ပုပ်ရေကို တစ်ကျိုက်စီသောက်မျိုအံ့။ သို့ရာတွင် ၎င်းသည် ယင်းပြည် ပုတ်ရေကိုလည်ချောင်းအောက် ခဲယဉ်းစွာမျိုချရလတ္တံ့)။ ၎င်းပြင် မရဏသေခြင်းတရားသည် အဖက်ဖက်မှ ယင်း၏ထံသို့ ရောက်ရှိလာပေအံ့။ သို့ရာတွင် ၎င်းမှာမူကား သေဆုံးနိုင်မည်မဟုတ်ပေ။ထိုမှတစ်ပါး ၎င်း၏ေ့ရှ၌ ပြင်းထန်လှစွာသော(အခြား)ပြစ်ဒဏ်တစ်မျိုးလည်းရှိအံ့သတည်း။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
15အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 15

စူရာ အီဗ်ရာဟီမ် အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယင်း(ရစူလ်တမန်တော်သို့မဟုတ် ယင်းကာဖိရ်သွေဖည်ငြင်းပယ်သောသူ)တို့သည် အကူအညီ သို့မဟုတ်အဆုံးအဖြတ်တောင်းခဲ့ကြလေသည်။ ထိုအခါ ခေါင်းမာသောမောက်မာသူအသီးသီးတို့သည် ရည်ရွယ်ချက် (မအောင်မြင်)ပျက်စီးဆုံးပါးခဲ့လေသတည်း။

စူရာ အာယာသ် 15/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers