အလ်-အစ်ရာ · 82/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
وَنُنَزِّلُ مِنَ الْقُرْآنِ مَا هُوَ شِفَاءٌ وَرَحْمَةٌ لِّلْمُؤْمِنِينَ ۙ وَلَا يَزِيدُ الظَّالِمِينَ إِلَّا خَسَارًا ۝٨٢
Wa nunazzilu minal quraani maa huwa shifaaa`unw wa rahmatul lilmu;mineena wa laa yazeeduz zaalimeena illaa khasaaraa
📖 မြန်မာဘာသာ
စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်တွင် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ အနာရောဂါကင်းပျောက်စေသောအရာကို ချပေးသနားတော်မူလေသည်။ သို့ရာတွင် ထိုအရာသည် မတရားကျူးလွန်သူ တို့၌ ဆုံးရှုံးမှုမှတစ်ပါး(အခြားတစ်စုံတစ်ရာ) ကိုတိုးပွားစေခြင်း အလျင်းရှိမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ

  • وَنُنَزِّلُ (ဝ་နုနဇ်ဇိလု) — ငါအရှင်မြတ်သည် အဆက်မပြတ် ချပေးတော်မူသည်။
  • شِفَاءٌ (ရှိဖာအွန်) — ရောဂါပျောက်ကင်းစေသော ဆေးဝါး။ ဤနေရာတွင် စိတ်နှလုံး၏ ရောဂါများဖြစ်သော သံသယ၊ မိစ္ဆာအယူ၊ မောဟတို့မှ ကင်းစင်စေခြင်းကို ဆိုလိုသည်။
  • رَحْمَةٌ (ရဟ်မသွန်) — ကရုဏာတော်၊ ကောင်းချီးမင်္ဂလာ။
  • الظَّالِمِينَ (ဇွာလိမီန) — မတရားသူများ၊ မိမိကိုယ်ကို မတရားပြုသူများ။ ဤနေရာတွင် ကုရ်အာန်ကို ငြင်းပယ်သူများကို ဆိုလိုသည်။
  • خَسَارًا (ခါဆာရန်) — ဆုံးရှုံးမှု၊ ပျက်စီးမှု၊ နစ်နာမှု။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်မှ ယုံကြည်သူများအတွက် ရောဂါပျောက်ကင်းစေသော ဆေးဝါးနှင့် ကရုဏာတော်ကို ချပေးတော်မူသည်။ ဤကုရ်အာန်သည် စိတ်နှလုံးတွင် ဖြစ်ပေါ်နေသော မောဟ၊ သံသယ၊ မယုံကြည်မှုစသော ရောဂါများကို ပျောက်ကင်းစေသည်။ ထို့အပြင် ကုရ်အာန်ဖြင့် ရုက္ယဟ်ပြုလုပ်ခြင်းအားဖြင့် ကိုယ်ခန္ဓာ၏ ရောဂါများလည်း ပျောက်ကင်းနိုင်သည်။ ယုံကြည်ပြီး လက်တွေ့ကျင့်သုံးသူများအတွက် ဤကုရ်အာန်သည် ကရုဏာတော်၏ အကြောင်းရင်းလည်း ဖြစ်သည်။

သို့သော် မတရားသူများ၊ ကုရ်အာန်ကို ငြင်းပယ်သူများအတွက်မူ ဤကုရ်အာန်သည် သူတို့၏ ဆုံးရှုံးမှုကိုသာ တိုးပွားစေသည်။ အကြောင်းမှာ သူတို့သည် ကုရ်အာန်ကို ကြားသောအခါ ပို၍ ဒေါသထွက်ကြပြီး၊ ငြင်းပယ်မှုနှင့် မျက်နှာလွှဲမှုကို ပို၍ တိုးပွားစေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ကုရ်အာန်သည် သူတို့အတွက် ပျက်စီးဆုံးရှုံးမှုကိုသာ ပို၍ ဖြစ်စေသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • ကုရ်အာန်ကျမ်းတော်မြတ်သည် စိတ်နှလုံးနှင့် ကိုယ်ခန္ဓာ နှစ်မျိုးစလုံးအတွက် ဆေးဝါးဖြစ်သည်။ ထို့ကြောင့် ဝမ်းနည်းမှု၊ စိုးရိမ်မှု၊ သံသယများကို ဖြေလျော့ရန် ကုရ်အာန်ကို ဖတ်ရွတ်ခြင်း၊ နားထောင်ခြင်းသည် အလွန်အကျိုးရှိသည်။
  • ကုရ်အာန်သည် ယုံကြည်သူများအတွက် ကရုဏာတော်ဖြစ်သည်။ ထို့ကြောင့် ကုရ်အာန်ကို လိုက်နာကျင့်သုံးသူများသည် ဤဘဝနှင့် နောင်ဘဝတွင် ကောင်းချီးမင်္ဂ


📜 အာယာသ် 80-84 — စူရာ အလ်-အစ်ရာ

80وَقُل رَّبِّ أَدْخِلْنِي مُدْخَلَ صِدْقٍ وَأَخْرِجْنِي مُخْرَجَ صِدْقٍ وَاجْعَل لِّي مِن لَّدُنكَ سُلْطَانًا نَّصِيرًا
၎င်းပြင် အသင်သည် အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား (မဒီနဟ်မြို့တော်သို့) နှစ်သက်ကောင်းမွန်စွာဝင်ရောက်စေခြင်းမျိုးနှင့်ဝင်ရောက် စေတော်မူပါ။ ထိုနည်းတူစွာအရှင်မြတ်သည် ကျွန်တော်မျိုးအား (မက္ကဟ်မြို့တော်မှ)နှစ်သက်ကောင်းမွန်စွာ ထွက်စေခြင်းမျိုးနှင့် ထွက်စေတော်မူပါ။ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိအထံတော်မှ ကူညီစောင်မမည့် အားအင်စိုးမိုးမှုကို ချီးမြှင့်ပေးသနားတော်မူပါဟု လျှောက်ထားလျက်ရှိပါလေ။
81وَقُلْ جَاءَ الْحَقُّ وَزَهَقَ الْبَاطِلُ ۚ إِنَّ الْبَاطِلَ كَانَ زَهُوقًا
ထို့ပြင် အသင်သည် (ဤသို့) ပြောကြားပါလေ။အမှန်သည် ရောက်ရှိလာခဲ့ချေပြီ၊ ၎င်းပြင် အမှားသည် ပျောက်ကွယ်သွားခဲ့လေပြီ၊ ဧကန်မလွဲ အမှားသည် ကွယ်ပျောက်မည့်အရာပင် ဖြစ်ခဲ့ပေသတည်း။(ဟူ၍ဖြစ်၏)။
82وَنُنَزِّلُ مِنَ الْقُرْآنِ مَا هُوَ شِفَاءٌ وَرَحْمَةٌ لِّلْمُؤْمِنِينَ ۙ وَلَا يَزِيدُ الظَّالِمِينَ إِلَّا خَسَارًا
စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်တွင် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ အနာရောဂါကင်းပျောက်စေသောအရာကို ချပေးသနားတော်မူလေသည်။ သို့ရာတွင် ထိုအရာသည် မတရားကျူးလွန်သူ တို့၌ ဆုံးရှုံးမှုမှတစ်ပါး(အခြားတစ်စုံတစ်ရာ) ကိုတိုးပွားစေခြင်း အလျင်းရှိမည်မဟုတ်ပေ။
83وَإِذَا أَنْعَمْنَا عَلَى الْإِنسَانِ أَعْرَضَ وَنَأَىٰ بِجَانِبِهِ ۖ وَإِذَا مَسَّهُ الشَّرُّ كَانَ يَئُوسًا
အမှန်စင်စစ် ငါအရှင်မြတ်သည် လူသား၏အပေါ်၌ ကျေးဇူးပြုလေတော်မူသောအခါဝယ်၊ ၎င်းသည် မျက်နှာလွှဲ၍ ဝေးစွာဖယ်ရှောင်သွားလေ့ရှိပေသည်။ သို့ရာတွင်ယင်းလူသား၌ ဘေးဒုက္ခရောက်လေသော် ၎င်းသည် မျှော်လင့်ချက်ကင်းသူ ဖြစ်သွားလေတော့သတည်း။
84قُلْ كُلٌّ يَعْمَلُ عَلَىٰ شَاكِلَتِهِ فَرَبُّكُمْ أَعْلَمُ بِمَنْ هُوَ أَهْدَىٰ سَبِيلًا
(အို-နဗီတမန်တော်) အသင်သည်(ဤသို့) ပြောကြားပါလေ။ လူတိုင်းလူတိုင်းသည် မိမိနည်းလမ်း အတိုင်းပင်ကျင့်မူလေ့ရှိပေသည်။ သို့ရာတွင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မည်သူက လမ်းမှန်ဆုံးသောသူဖြစ်သည်ကို အသိတော်မူဆုံး အရှင်မြတ် ဖြစ်တော်မူလေသတည်း။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
82အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 82

စူရာ အလ်-အစ်ရာ အာယာသ် 82 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ် ငါအရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်တွင် မုအ်မင်န်သက်ဝင်ယုံကြည်သူတို့၏ အနာရောဂါကင်းပျောက်စေသောအရာကို ချပေးသနားတော်မူလေသည်။ သို့ရာတွင် ထိုအရာသည် မတရားကျူးလွန်သူ တို့၌…

စူရာ အာယာသ် 82/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 80–84. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers