အလ်-အစ်ရာ · 87/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
إِلَّا رَحْمَةً مِّن رَّبِّكَ ۚ إِنَّ فَضْلَهُ كَانَ عَلَيْكَ كَبِيرًا ۝٨٧
Illaa rahmatam mir Rabbik; inna fadlahoo kaana `alaika kabeeraa
📖 မြန်မာဘာသာ
သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကရုဏာတော်အားဖြင့်သာ (ထိုသို့ရုပ်သိမ်းခြင်းကိုပြုတော်မမူခဲ့ချေ)။ ဧကန်စင်စစ် ထိုအရှင်မြတ်၏ကျေးဇူးတော်ကား အသင်၏အပေါ်၌ ကြီးမားလှပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အရှင်မြတ်၏ ကရုဏာတော်မှလွဲ၍ သင်တို့ထံ ထိုကုရ်အာန်ကို ငါအရှင်မြတ် ဖျောက်ဖျက်ပစ်မည်ဟု ငါအရှင်မြတ် မိန့်တော်မူခဲ့လျှင် ထိုသို့ ဖျောက်ဖျက်ပစ်နိုင်သည့် တန်ခိုးတော်ရှိပါသည်။ သို့သော် သင့်အား ကရုဏာထားတော်မူသောကြောင့် ထိုကုရ်အာန်ကို ထိန်းသိမ်းစောင့်ရှောက်ထားတော်မူသည်။
  2. ဤအာယသ်တော်သည် ရှေးအာယသ်တော်များနှင့် ဆက်စပ်လျက် ရှိပါသည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အလိုတော်ရှိပါက တမန်တော်မုဟမ္မဒ်(ဆွ)ထံ ထုတ်ဖော်ခဲ့သော ကုရ်အာန်ကျမ်းတော်မြတ်ကို ဖျောက်ဖျက်ပစ်နိုင်တော်မူပါသည်။ သို့သော် သင့်အား ကရုဏာထားတော်မူသောကြောင့် ထိုသို့ မပြုလုပ်ဘဲ ကုရ်အာန်ကို ထိန်းသိမ်းစောင့်ရှောက်ထားတော်မူသည်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်သည် သင့်အပေါ်၌ အလွန်ကြီးမားလှပါသည်။ အရှင်မြတ်သည် သင့်အား တမန်တော်အဖြစ် ခန့်အပ်တော်မူခြင်း၊ သင့်ဖြင့် တမန်တော်များကို အဆုံးသတ်တော်မူခြင်း၊ သင့်ထံ ကုရ်အာန်ကျမ်းတော်မြတ်ကို ထုတ်ဖော်ချပေးတော်မူခြင်း၊ ထိုကုရ်အာန်ကို သင့်ရင်ထဲ၌ ထိန်းသိမ်းစောင့်ရှောက်ထားတော်မူခြင်း၊ ချီးမြှင့်ခံရသော မြင့်မြတ်သည့်နေရာကို ပေးသနားတော်မူခြင်း စသည့် ကျေးဇူးတော်များသည် အလွန်ကြီးမားလှပါသည်။
  3. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိကျေးဇူးတော်ဖြင့် မိမိဖန်ဆင်းထားသော သတ္တဝါများကို ကရုဏာထားတော်မူသည်။ ထိုကရုဏာတော်ကြောင့်သာ ကုရ်အာန်ကျမ်းတော်မြတ်သည် ယနေ့တိုင် ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရပြီး မည်သည့်အခါမျှ ပြောင်းလဲခြင်း၊ ဖျောက်ဖျက်ခြင်း မခံရပါ။
  • ကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်၏ ကြီးမားသော ကျေးဇူးတော်တစ်ခု ဖြစ်ပါသည်။ ထိုကျမ်းတော်မြတ်ကို လိုက်နာကျင့်သုံးခြင်းဖြင့် လူသားများသည် လမ်းမှန်ကို ရရှိနိုင်ပါသည်။
  • တမန်တော်မုဟမ္မဒ်(ဆွ)သည် လူသားအားလုံးအတွက် ကရုဏာတော်အဖြစ် စေလွှတ်ခြင်းခံရသူ ဖြစ်ပါသည်။ ထို့ကြောင့် သူ့အား ချစ်ခင်လေးစားခြင်း၊ သူ့လမ်းစဉ်ကို လိုက်နာခြင်းသည် ကရုဏာတော်ကို ခံစားရခြင်း ဖြစ်ပါသည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိချ


📜 အာယာသ် 85-89 — စူရာ အလ်-အစ်ရာ

85وَيَسْأَلُونَكَ عَنِ الرُّوحِ ۖ قُلِ الرُّوحُ مِنْ أَمْرِ رَبِّي وَمَا أُوتِيتُم مِّنَ الْعِلْمِ إِلَّا قَلِيلًا
စင်စစ် ၎င်းတို့သည် အသင့်အား ‘ရူဟ်’ အသက်ဇီဝိန်နှင့်စပ်လျဉ်း၍ မေးမြန်းကြကုန်၏။ အသင်သည်(၎င်းတို့အား ဤသို့)ပြောကြားပါလေ။ (အချင်းတို့)အသက်ဇီဝိန်သည်ငါ့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၏အမိန့်တော်အတိုင်း ဖြစ်လာသည်။ စင်စစ် အသင်တို့သည် အနည်းငယ်မျှသော အသိပညာကိုသာ ချီးမြှင့်ပေးသနားတော်မူခြင်းခံခဲ့ကြရကုန်သတည်းဟူ၍(4င်းတို့အား)ပြောကြားပါလေ။(တစ်နည်း) စင်စစ် ၎င်းတို့သည် အသင့်အား (စမ်းသပ်လိုသောအားဖြင့်) ရူဟ်(၏အဖြစ်အမှန်)ကို မေးမြန်းကြကုန်၏။အသင်သည် (၎င်းတို့အား ဤသို့ပြောဆို (ဖြေကြား)ပါလေ။(အချင်းတို့) ရူဟ်(နှင့်စပ်လျဉ်း၍ အကျဉ်းအားဖြင့် ဤသို့သိထားကြလေကုန်။ ယင်းရူဟ်)သည်၊ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်၏ အမိန့်တော်အတိုင်း ဖြစ်လာ(သောအရာဝတ္ထုဖြစ်ပေ)သည်။ စင်စစ်(ယင်း၏)အဖြစ်အမှန် မှာမူကား အသင်တို့သည် (မိမိတို့၌ရှိသောအသိဉာဏ်နှင့်အမျှ)အနည်းငယ်လိုအပ်သမျှသော အသိပညာကိုသာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံခဲ့ကြရ(သဖြင့် ယင်းရူဟ်၏ အဖြစ်အမှန်ကိုသိနားလည်နိုင်ကြမည်လည်းမဟုတ်သောကြောင့်လည်းကောင်း၊အသင်တို့အဖို့ လိုအပ်သော ပညာလည်းမဟုတ်သောကြောင့်လည်းကောင်း၊ ဖော်ပြခြင်းမပြုဘဲ ထားရှိခြင်းဖြစ်) ပေသည်။
86وَلَئِن شِئْنَا لَنَذْهَبَنَّ بِالَّذِي أَوْحَيْنَا إِلَيْكَ ثُمَّ لَا تَجِدُ لَكَ بِهِ عَلَيْنَا وَكِيلًا
စင်စစ် အကယ်၍ ငါအရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အသင်၏အထံသို့ ငါအရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူခဲ့သည့် (ကုရ်အာန်ကျမ်းတော် မြတ်)ကို အမှန်ပင်ပြန်လည်ရုပ်သိမ်းတော်မူပေမည်။ ထို့နောက် ယင်းကုရ်အာန်ကျမ်းတော်မြတ်နှင့်စပ်လျဉ်း၍ ငါအရှင်မြတ်နှင့် ဆန့်ကျင်သောအားကိုးအားထား တစ်ဦးတစ်ယောက်ကိုမျှပင် အသင်တွေ့ရှိလိမ့်မည် မဟုတ်ပေ။
87إِلَّا رَحْمَةً مِّن رَّبِّكَ ۚ إِنَّ فَضْلَهُ كَانَ عَلَيْكَ كَبِيرًا
သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကရုဏာတော်အားဖြင့်သာ (ထိုသို့ရုပ်သိမ်းခြင်းကိုပြုတော်မမူခဲ့ချေ)။ ဧကန်စင်စစ် ထိုအရှင်မြတ်၏ကျေးဇူးတော်ကား အသင်၏အပေါ်၌ ကြီးမားလှပေသတည်း။
88قُل لَّئِنِ اجْتَمَعَتِ الْإِنسُ وَالْجِنُّ عَلَىٰ أَن يَأْتُوا بِمِثْلِ هَٰذَا الْقُرْآنِ لَا يَأْتُونَ بِمِثْلِهِ وَلَوْ كَانَ بَعْضُهُمْ لِبَعْضٍ ظَهِيرًا
(အို-နဗီတမန်တော်)အသင်သည် (ဤသို့) ပြောကြားပါလေ။ (အချင်းတို့)စင်စစ်အကယ်၍ လူသားအပေါင်းတို့သည်လည်းကောင်း၊ ဂျင်(န်)အပေါင်း တို့သည်လည်းကောင်း၊ဤကုရ်အာန်ကျမ်းတော်မြတ်နှင့်တူသော ကျမ်းကို (စီကုံးရေးသား၍)ယူလာရန် စုရုံးကြပြီးလျှင် တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းခဲ့ငြားလည်း၊ ၎င်းတို့သည် ယင်းကုရ်အာန်ကျမ်းတော်မြတ်နှင့် တူသောကျမ်းကို (စီကုံးရေးသား) ယူဆောင်လာ နိုင်ကြမည်အလျှင်း မဟုတ်ပေ။
89وَلَقَدْ صَرَّفْنَا لِلنَّاسِ فِي هَٰذَا الْقُرْآنِ مِن كُلِّ مَثَلٍ فَأَبَىٰ أَكْثَرُ النَّاسِ إِلَّا كُفُورًا
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့ (သိနားလည်ကြစေအံ့သော)ငှာ ဤကုရ်အာန်ကျမ်းတော် မြတ်တွင်ဥပမာပုံဆောင်ချက်အလုံးစုံကို နည်းအမျိုးမျိုးဖြင့် မိန့်ကြားထားတော်မူသည်။ သို့တစေလည်း(မက္ကာသားတို့အနက်)အများဆုံးသောသူတို့သည် ငြင်းပယ်မှုမှတစ်ပါး အခြားမည်သည်ကိုမျှ နှစ်သက်ခဲ့ ကြသည် မဟုတ်ပေ။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
87အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 87

စူရာ အလ်-အစ်ရာ အာယာသ် 87 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ကရုဏာတော်အားဖြင့်သာ (ထိုသို့ရုပ်သိမ်းခြင်းကိုပြုတော်မမူခဲ့ချေ)။ ဧကန်စင်စစ် ထိုအရှင်မြတ်၏ကျေးဇူးတော်ကား အသင်၏အပေါ်၌ ကြီးမားလှပေသတည်း။

စူရာ အာယာသ် 87/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 85–89. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers