အလ်-ဗကရ · 269/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
يُؤْتِي الْحِكْمَةَ مَن يَشَاءُ ۚ وَمَن يُؤْتَ الْحِكْمَةَ فَقَدْ أُوتِيَ خَيْرًا كَثِيرًا ۗ وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ ۝٢٦٩
Yu`til Hikmata mai yashaaa`; wa mai yutal Hikmata faqad ootiya khairan kaseeraa; wa maa yazzakkaru illaaa ulul albaab
📖 မြန်မာဘာသာ
ထိုအရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများ ကိုသာ ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူလေသည်။ အမှန်စင်စစ်သော်ကား ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူခြင်း ခံရသောသူသည် အလွန်တရာမျှ များပြားလှသော ဂုဏ်ကျေ�ဇူးတော်ကို ပေးသနားတော်မူခြင်းခံရသော သူတည်း။ သို့ရာတွင် စူးစမ်းဆင်ခြင်သော နိသမ္မ ဉာဏ်ရှင်များမှအပ လူတိုင်း သတိသံဝေဂတရားရရှိသည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 267-271 — စူရာ အလ်-ဗကရ

267يَا أَيُّهَا الَّذِينَ آمَنُوا أَنفِقُوا مِن طَيِّبَاتِ مَا كَسَبْتُمْ وَمِمَّا أَخْرَجْنَا لَكُم مِّنَ الْأَرْضِ ۖ وَلَا تَيَمَّمُوا الْخَبِيثَ مِنْهُ تُنفِقُونَ وَلَسْتُم بِآخِذِيهِ إِلَّا أَن تُغْمِضُوا فِيهِ ۚ وَاعْلَمُوا أَنَّ اللَّهَ غَنِيٌّ حَمِيدٌ
အို-’အီမာန်’ ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် မိမိတို့ ရှာဖွေလုပ်ကိုင်၍ ရရှိသော သန့်စင်သောဥစ္စာပစ္စည်းများအနက်မှလည်းကောင်း၊ ငါအရှင်မြတ် သည်အသင် တို့အဖို့ မြေမှထွက်စေသော (သစ်သီးသစ်ဥ၊သတ္တုအစရှိသည်) တို့အနက် မလှည်းကောင်း၊ ပေးကမ်းစွန့်ကြဲကြကုန်။ သို့ရာတွင် အသင်တို့သည်(သေးနုပ်သိမ်ဖျင်း) မသန့်ရှင်းသောဥစ္စာ ပစ္စည်း များကိုမူ ပေးကမ်းစွန့်ကြဲလှူဒါန်းရန်စိတ်ကူးမျှ မထည့်ကြကုန် လင့်။ စင်စစ်တမူကား (သူတစ်ပါးတို့က အသင်တို့အား ထိုကဲ့ သို့�ေးနုပ်သိမ်ဖျင်း မသန့်ရှင်းသော ပစ္စည်းများကိုပေးကမ်း သည်ရှိသော်) အသင်တို့ကိုယ်တိုင်ပင် ယင်းပစ္စည်းများကို ယူ ကြမည့် သူများမဟုတ်ချေ။သို့ရာတွင်(အားနာသောအားဖြင့်) မျက်စိမှိတ်၍သာယူကြပေမည်။ ထို့ပြင်တဝ မုချဧကန် အလ္လာဟ်အရှင်မြတ်သည်လိုလားတောင်းတခြင်း အပေါင်း တို့မှ ကင်းစင်တော်မူသောအရှင်၊ ခြီးမွမ်းဘွယ်ရာ ဂုဏ်အဖြာ ဖြာနှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူသည်ကိုလည်း အသင်တို့သည် ယုံကြည်မှတ်ယူကြကုန်လော့။
268الشَّيْطَانُ يَعِدُكُمُ الْفَقْرَ وَيَأْمُرُكُم بِالْفَحْشَاءِ ۖ وَاللَّهُ يَعِدُكُم مَّغْفِرَةً مِّنْهُ وَفَضْلًا ۗ وَاللَّهُ وَاسِعٌ عَلِيمٌ
ရှိုင်တွာန်သည် အသင်တို့အား၊ (မိမိတို့ဥစ္စာပစ္စည်းများကို လှူဒါန်းရန် ကြံရွယ်သော အချိန် အခါမျိုး၌၊ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲခြင်းအားဖြင့် အသင်တို့သည်)ဆင်းရဲနွမ်းပါး၍ သွားကြမည်ဟု ခြိမ်းခြောက်ကာ၊ (ပေးကမ်းစွန့်ကြဲခြင်းမပြုဘဲ)၊ စေးနဲ၍နေကြရန် ညွှန်ကြားလေသည်။သို့ရာတွင် အလ္လာဟ်အရှင်မြတ်မူကား၊ (ယင်းကဲ့သို့ ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းအားဖြင့်၊) အသင်တို့အား မိမိအထံတော်မှ(အသင်တို့၏ပြစ်မှုဒုစရိုက်များကို) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ပေးကမ်း လှူဒါန်းခြင်း၏အကျိုးကို ပေါများစွာ ပေးသနားတော်မူမည်ဟူ၍လည်းကောင်း၊ ကတိထားရှိတော်မူလေသည်။ အကြောင်းတမူကားအလ္လာဟ်အရှင်မြတ်သည် ကျယ်ဝန်းစွာ ပေးသနားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အြွကင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
269يُؤْتِي الْحِكْمَةَ مَن يَشَاءُ ۚ وَمَن يُؤْتَ الْحِكْمَةَ فَقَدْ أُوتِيَ خَيْرًا كَثِيرًا ۗ وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ
ထိုအရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများ ကိုသာ ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူလေသည်။ အမှန်စင်စစ်သော်ကား ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူခြင်း ခံရသောသူသည် အလွန်တရာမျှ များပြားလှသော ဂုဏ်ကျေ�ဇူးတော်ကို ပေးသနားတော်မူခြင်းခံရသော သူတည်း။ သို့ရာတွင် စူးစမ်းဆင်ခြင်သော နိသမ္မ ဉာဏ်ရှင်များမှအပ လူတိုင်း သတိသံဝေဂတရားရရှိသည်မဟုတ်ပေ။
270وَمَا أَنفَقْتُم مِّن نَّفَقَةٍ أَوْ نَذَرْتُم مِّن نَّذْرٍ فَإِنَّ اللَّهَ يَعْلَمُهُ ۗ وَمَا لِلظَّالِمِينَ مِنْ أَنصَارٍ
စင်စစ်တမူကား အသင်တို့သည် မည်သည့် လှူဒါန်းခြင်းကိုမဆို ပေးကမ်းလှူဒါန်းကြသည်ဖြစ်စေ၊ သို့မဟုတ်သူသည် ယင်းတို့အား ကုံလုြွံကယ်ဝသူများဟူ၍ ထင်မှတ်လေသည်။ (သို့ရာတွင်) အသင်သည် ယင်းသူတို့၏ ရုပ်ရည်လက္ခဏာအမူအရာ(ကို ကြည့်ရှုရုံမျှ)ဖြင့် (ထိုသူတို့၏ ဆင်းရဲမည် သည့်အဓိဋ္ဌာန်ပြုခြင်း ကိုမဆို ဓိဋ္ဌာန်ကြ သည်ဖြစ်စေဧကန်ဆတ်ဆတ် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့ပြုလုပ်သမျှသော) ထိုထိုကိစ္စ အဝဝတို့ကို အြွကင်းမဲ့ သိရှိတော်မူပေသည်။ (သို့အြွကင်းမဲ့ သိတော်မူသည့်အတိုင်း ကောင်းသူတို့အားကောင်းကျိုး၊ မကောင်းသူတို့အား မကောင်း ကျိုးများကိုပေးတော်မူမည်)၊ သို့ရာတွင် (ရှင်ပြန်ထမည့်နေ့ တွင်) မတရားပြုလုပ်သူတို့အား ကူညီမစ ကယ်ဆယ်မည့်သူဟူ၍ တ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ချေ။
271إِن تُبْدُوا الصَّدَقَاتِ فَنِعِمَّا هِيَ ۖ وَإِن تُخْفُوهَا وَتُؤْتُوهَا الْفُقَرَاءَ فَهُوَ خَيْرٌ لَّكُمْ ۚ وَيُكَفِّرُ عَنكُم مِّن سَيِّئَاتِكُمْ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
အကယ်၍ အသင်တို့သည်(မိမိတို့ပေးကမ်း စွန့်ကြဲကြကုန်သော) အလှူဝတ္ထုများကို ထင်ရှား စွာ (လှူဒါန်းပေးကမ်းကြပါမူ) ယင်းသို့ထင်ရှားစေ ခြင်းသည်လည်းကောင်းမြတ်၏။ သို့ရာတွင် အကယ်၍ အသင်တို့သည် ယင်း(ပေးကမ်းလှူဒါန်း ကြကုန်သော) အလှူဝတ္ထုများကို လျှို့ဝှက်စွာသူဆင်းရဲတို့အား ပေးကမ်းစွန့်ကြဲကြပါမူ၊ ယင်းသို့ လျှို့ဝှက်ခြင်းသည်ကား အသင်တို့အဘို့ရာ သာ၍ပင် ကောင်းမြတ်ပေသည်။ ထို့ပြင် (အလ္လာဟ်အရှင်မြတ်သည်) အသင်တို့၏ဒုစရိုက်မှုအချို့တို့ကို ဖယ်ရှားတော်မူအံ့။ အကြောင်းမူကားအလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သောကိစ္စရပ်တို့ကို အြွကင်းမဲ့ ကြားသိတော်မူသောအရှင်တည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
269အာယာသ်

ဘာသာပြန် — အလ်-ဗကရ 269

စူရာ အလ်-ဗကရ အာယာသ် 269 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုအရှင်မြတ်သည် မိမိနှစ်လိုတော်မူသောသူများ ကိုသာ ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူလေသည်။ အမှန်စင်စစ်သော်ကား ဉာဏ်ပညာ အမြော်အမြင်ကို ပေးသနားတော်မူခြင်း…

စူရာ အာယာသ် 269/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 267–271. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers