အလ်-အန်ဘီယာ · 31/112
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဘီယာ
وَجَعَلْنَا فِي الْأَرْضِ رَوَاسِيَ أَن تَمِيدَ بِهِمْ وَجَعَلْنَا فِيهَا فِجَاجًا سُبُلًا لَّعَلَّهُمْ يَهْتَدُونَ ۝٣١
Wa ja`alnaa fil ardi rawaasiya an tameeda bihim wa ja`alnaa feehaa fijaajan subulal la`allahum yahtadoon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေ၌ ယင်းပထဝီမြေသည် ၎င်းတို့နှင့်တကွ လှုပ်ရှား(ယိမ်းယိုင်သွား)ခြင်းမရှိနိုင်ရန် တောင်များကို (ကျောက်ဆူးများအဖြစ်)ချထား တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းတို့လိုရာသို့ ရောက်ရှိနိုင်ကြ အံ့သောငှာ ယင်းတောင်များ၌ တောင်ကြား လမ်းများကို လမ်းများအဖြစ်ပြုလုပ်ထားတော်မူခဲ့ လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာမြေပြင်တွင် တည်ငြိမ်စေသော တောင်များကို ဖန်ဆင်းတော်မူခြင်း၊ လမ်းများ ဖန်ဆင်းတော်မူခြင်း။
  2. အလ္လာဟ်အရှင်မြတ်သည် ဤကမ္ဘာမြေပြင်ပေါ်တွင် လေးလံပြီး ခိုင်မာသော တောင်ကြီးများကို စိုက်ထူထားတော်မူခဲ့သည်။ ထိုတောင်များသည် ကမ္ဘာမြေကို လူသားတို့နှင့်အတူ လှုပ်ရှားမလွင့်မျောစေရန် တည်ငြိမ်စေသည်။ ထို့ပြင် အရှင်မြတ်သည် ထိုတောင်များကြားတွင် ကျယ်ဝန်းသော လမ်းများ၊ ချိုင့်ဝှမ်းများကို ဖန်ဆင်းပေးထားတော်မူသည်။ ဤသည်မှာ လူသားတို့သည် မိမိတို့၏ ခရီးသွားလာမှုများတွင် လိုရာခရီးသို့ ရောက်ရှိနိုင်ရန်၊ မိမိတို့၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ လိုအပ်ချက်များကို ရှာဖွေနိုင်ရန်အတွက် ဖြစ်သည်။ ထို့ကြောင့် လူသားတို့သည် ထိုလမ်းများအတိုင်း လျှောက်လှမ်းကာ မိမိတို့၏ ဘဝလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ကြသည်။
  3. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ် ကြီးမားသော ကရုဏာတော်ကို ပိုင်ဆိုင်တော်မူသည်။ ကမ္ဘာမြေကို တည်ငြိမ်စေရန် တောင်များကို စိုက်ထူပေးခြင်း၊ လမ်းများ ဖန်ဆင်းပေးခြင်းသည် လူသားတို့၏ အသက်ရှင်သန်ရေးအတွက် လိုအပ်သော စီမံပေးမှုများ ဖြစ်သည်။
  • ဤကမ္ဘာမြေကြီးနှင့် ၎င်းပေါ်ရှိ အရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခြင်းတော်ဖြစ်သည်။ ထို့ကြောင့် လူသားတို့သည် ဖန်ဆင်းရှင်တစ်ဆူတည်းဖြစ်သော အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကိုးကွယ်သင့်သည်။
  • အရှင်မြတ်သည် လူသားတို့အား လမ်းများဖြင့် လမ်းညွှန်ပေးထားသကဲ့သို့ ဘာသာရေးဆိုင်ရာ လမ်းညွှန်မှုကိုလည်း ပေးအပ်ထားတော်မူသည်။ ထို့ကြောင့် လူသားတို့သည် ဤလောကီဘဝတွင်သာမက တမလွန်ဘဝအတွက်ပါ လမ်းညွှန်မှုကို ရှာဖွေသင့်သည်။
  • ဤအာယသ်တော်သည် အစ္စလာမ်ဘာသာ၏ အလှအပကို ထင်ဟပ်စေသည်။ အကြောင်းမှာ အစ္စလာမ်သည် လူသားတို့၏ လောကီရေးရာနှင့် ဘာသာရေးရာ နှစ်မျိုးလုံးကို ဟန်ချက်ညီညီ ဖြည့်ဆည်းပေးသော ဘာသာဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား လမ်းညွှန်ပေးရန် အမြဲတမ်း အသင့်ရှိတော်မူသည်။ ထို့ကြောင့် လူသားတို့သည် အရှင်မြတ်ထံ ပြန်လှည့်ကာ လမ်းညွှန်မှုကို တောင်းခံသင့်သည်။


📜 အာယာသ် 29-33 — စူရာ အလ်-အန်ဘီယာ

29۞ وَمَن يَقُلْ مِنْهُمْ إِنِّي إِلَٰهٌ مِّن دُونِهِ فَذَٰلِكَ نَجْزِيهِ جَهَنَّمَ ۚ كَذَٰلِكَ نَجْزِي الظَّالِمِينَ
စင်စစ် ၎င်းတို့အနက် မည်သူမဆို ကျွန်ုပ်သည်လည်း ထိုအရှင်မြတ်အပြင် ကိုးကွယ်ရာအရှင်(တစ်ပါး) ဖြစ်သည်ဟု ပြောဆိုပါမူ ငါအရှင်မြတ်သည် ၎င်းအား ဂျဟန္နမ်ငရဲဘုံ၏ ပြစ်ဒဏ်ကို ပေးတော်မူမည်။ ငါအရှင်မြတ်သည် ကျူးလွန်သူတို့အား ဤနည်းအတိုင်းပင် ပြစ်ဒဏ်ပေးတော်သည်သာ ဖြစ်သည်။
30أَوَلَمْ يَرَ الَّذِينَ كَفَرُوا أَنَّ السَّمَاوَاتِ وَالْأَرْضَ كَانَتَا رَتْقًا فَفَتَقْنَاهُمَا ۖ وَجَعَلْنَا مِنَ الْمَاءِ كُلَّ شَيْءٍ حَيٍّ ۖ أَفَلَا يُؤْمِنُونَ
စင်စစ် မိုးကောင်းကင်များသည်လည်းကောင်း၊ပထဝီမြေသည်လည်းကောင်း၊ ပိတ်လျက်ရှိခဲ့သည်။ ထို့နောက်ငါအရှင်မြတ်သည် ယင်း(မိုးကောင်းကင်နှင့်ပထဝီမြေ)နှစ်ခုစလုံးကို ဖွင့်ပေးတော်မူခဲ့သည်။ (ဤသည်ကို)ကာဖိရ်များမသိ မမြင်ခဲ့ကြလေသလော။ ထို့ပြင်ငါအရှင်မြတ်သည် ရေဖြင့် သက်ရှိသတ္တဝါ ခပ်သိမ်းကိုဖန်ဆင်းတော်မူခဲ့၏။ သို့ပါလျက် ၎င်းတို့သည်သင်ဝင်ယုံကြည်ခြင်း မရှိကြလေသလော။
31وَجَعَلْنَا فِي الْأَرْضِ رَوَاسِيَ أَن تَمِيدَ بِهِمْ وَجَعَلْنَا فِيهَا فِجَاجًا سُبُلًا لَّعَلَّهُمْ يَهْتَدُونَ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေ၌ ယင်းပထဝီမြေသည် ၎င်းတို့နှင့်တကွ လှုပ်ရှား(ယိမ်းယိုင်သွား)ခြင်းမရှိနိုင်ရန် တောင်များကို (ကျောက်ဆူးများအဖြစ်)ချထား တော်မူခဲ့လေသည်။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းတို့လိုရာသို့ ရောက်ရှိနိုင်ကြ အံ့သောငှာ ယင်းတောင်များ၌ တောင်ကြား လမ်းများကို လမ်းများအဖြစ်ပြုလုပ်ထားတော်မူခဲ့ လေသည်။
32وَجَعَلْنَا السَّمَاءَ سَقْفًا مَّحْفُوظًا ۖ وَهُمْ عَنْ آيَاتِهَا مُعْرِضُونَ
၎င်းပြင် ငါအရှင်မြတ်သည် မိုးကောင်းကင် ကို(ပြိုပျက်ခြင်းမှ) ထိန်းသိမ်းပြီးဖြစ်သော အမိုး ပြုလုပ်တော်မူခဲ့လေသည်။ သို့ပါလျက် ၎င်းတို့သည် ယင်းမိုးကောင်းကင်ရှိ သက်သေလက္ခဏာများမှ မျက်နှာလွှဲလျက် ရှိကြကုန်၏။
33وَهُوَ الَّذِي خَلَقَ اللَّيْلَ وَالنَّهَارَ وَالشَّمْسَ وَالْقَمَرَ ۖ كُلٌّ فِي فَلَكٍ يَسْبَحُونَ
စင်စစ် ထိုအရှင်မြတ်သည်ပင် ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊ နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ ဖန်ဆင်းတော်မူခဲ့သော အရှင် ဖြစ်တော်မူ၏။(ထို ဂြိုဟ်နက္ခတ်) အသီးသီးတို့သည် (မိမိတို့သက်ဆိုင်ရာ)ဂြိုဟ်နက္ခတ်လမ်း အသီးသီးတွင် လှည့်ပတ်သွားလာ လှုပ်ရှားလျက် ပင် ရှိကြကုန်သတည်း။
အလ်-အန်ဘီယာကုရ်အာန် ညွှန်းကိန်း
112အာယာသ်
MeccanRevelation
31အာယာသ်

ဘာသာပြန် — အလ်-အန်ဘီယာ 31

စူရာ အလ်-အန်ဘီယာ အာယာသ် 31 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေ၌ ယင်းပထဝီမြေသည် ၎င်းတို့နှင့်တကွ လှုပ်ရှား(ယိမ်းယိုင်သွား)ခြင်းမရှိနိုင်ရန် တောင်များကို (ကျောက်ဆူးများအဖြစ်)ချထား တော်မူခဲ့လေသည်။ ထို့ပြင်…

စူရာ အာယာသ် 31/112 — စူရာ အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဘီယာ နားထောင်, စူရာ အလ်-အန်ဘီယာ ဘာသာပြန်, စူရာ အလ်-အန်ဘီယာ mp3, စူရာ အလ်-အန်ဘီယာ pdf. အာယာသ် 29–33. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers