စဗ · 39/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
قُلْ إِنَّ رَبِّي يَبْسُطُ الرِّزْقَ لِمَن يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ لَهُ ۚ وَمَا أَنفَقْتُم مِّن شَيْءٍ فَهُوَ يُخْلِفُهُ ۖ وَهُوَ خَيْرُ الرَّازِقِينَ ۝٣٩
Qul inna Rabbee yabsutur rizqa limai yashaaa`u min `ibaadihee wa yaqdiru lah; wa maaa anfaqtum min shai`in fahuwa yukhlifuhoo wa Huwa khairur raaziqeen
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မူသော) သူအား (စားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူ၏။ ၎င်းပြင် အသင်တို့သည်မည်သည့် တစ်စုံတစ်ရာကိုမဆို (ထိုအရှင်မြတ် နှစ်လိုတော်မူရာ၌) သုံးစွဲ လှူဒါန်းခဲ့ကြလျှင် ထိုအရှင်မြတ်သည် ၎င်း၏အစားကိုပေးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စားနပ်ရိက္ခာချီးမြှင့်သူတို့အနက် အကောင်းဆုံးပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အရှင်သခင်သည် မိမိအစေခံများထဲမှ မိမိအလိုရှိသူအား ရိက္ခာချဲ့ထွင်ပေးသည်၊ မိမိအလိုရှိသူအား ကျဉ်းမြောင်းစေသည်။ "အလ္လာဟ်အရှင်မြတ်သည် ရိက္ခာပေးသနားသူများထဲမှ အကောင်းဆုံးဖြစ်သည်" ဆိုသည်မှာ ပေးသနားခြင်းတွင် အကောင်းဆုံးဖြစ်သည်။
  2. အို တမန်တော်၊ ဤဥစ္စာနှင့် သားသမီးများဖြင့် မာန်တက်နေသူများအား ပြောလော့။ ဧကန်စင်စစ် ငါ၏အရှင်သခင်သည် မိမိအစေခံများထဲမှ မိမိအလိုရှိသူအား ရိက္ခာကို ကျယ်ဝန်းစေသည်၊ မိမိအလိုရှိသူအား ကျဉ်းမြောင်းစေသည်။ ဤသည်မှာ အရှင်မြတ်၏ ဉာဏ်ပညာနှင့်အညီ ဖြစ်သည်။ သင်တို့သည် အလ္လာဟ်အရှင်မြတ် အမိန့်ပေးထားသည့်အတိုင်း မည်သည့်အရာကိုမဆို သုံးစွဲလှူဒါန်းလျှင် အရှင်မြတ်သည် လောကီဘဝတွင် အကောင်းဆုံးအစားထိုးပေးမည်၊ နောင်တမလွန်ဘဝတွင် အကျိုးအမြတ်ဖြင့် ဆပ်ပေးမည်။ အလ္လာဟ်အရှင်မြတ်သည် ရိက္ခာပေးသနားသူများထဲမှ အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ရိက္ခာကို အရှင်မြတ်ထံသာ တောင်းခံပါ၊ အရှင်မြတ် အမိန့်ပေးထားသည့် အကြောင်းရင်းများကို ရှာဖွေဆောင်ရွက်ပါ။
  3. ဤအာယတ်တော်မှ ရရှိသည့် အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် ရိက္ခာကို မိမိအလိုရှိသူအား ကျယ်ဝန်းစေသည်၊ မိမိအလိုရှိသူအား ကျဉ်းမြောင်းစေသည်။ ဤသည်မှာ အရှင်မြတ်၏ ဉာဏ်ပညာနှင့် စမ်းသပ်မှုဖြစ်သည်။
  • လှူဒါန်းသုံးစွဲခြင်းသည် ဆုံးရှုံးခြင်းမဟုတ်၊ အရှင်မြတ်သည် လောကီဘဝတွင် အကောင်းဆုံးအစားထိုးပေးမည်၊ နောင်တမလွန်ဘဝတွင် အကျိုးအမြတ်ဖြင့် ဆပ်ပေးမည်။
  • အလ္လာဟ်အရှင်မြတ်သည် ရိက္ခာပေးသနားသူများထဲမှ အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ရိက္ခာအတွက် အရှင်မြတ်ထံသာ မျှော်လင့်ရမည်။
  • ဤအာယတ်တော်သည် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသည်။ အကြောင်းမှာ အရှင်မြတ်သည် လှူဒါန်းသူများအား ဆပ်ပေးမည်ဟု ကတိပေးထားပြီး၊ ရိက္ခာပေးသနားသူများထဲမှ အကောင်းဆုံးဖြစ်သည်။


📜 အာယာသ် 37-41 — စူရာ စဗ

37وَمَا أَمْوَالُكُمْ وَلَا أَوْلَادُكُم بِالَّتِي تُقَرِّبُكُمْ عِندَنَا زُلْفَىٰ إِلَّا مَنْ آمَنَ وَعَمِلَ صَالِحًا فَأُولَٰئِكَ لَهُمْ جَزَاءُ الضِّعْفِ بِمَا عَمِلُوا وَهُمْ فِي الْغُرُفَاتِ آمِنُونَ
စင်စစ်သော်ကား အသင်တို့၏ ပစ္စည်းဥစ္စာများသည်လည်းကောင်း၊ အသင်တို့၏သားသမီးများ သည်လည်းကောင်း၊ အသင်တို့အား မည်သည့်အဆင့်အတန်း၌မျှ ငါအရှင်မြတ်၏အထံတော်သို့ နီးကပ်စေအံ့သောအရာများ မဟုတ်ပေ။သို့ရာတွင် မည်သူမဆို အီမာန် သက်ဝင်ယုံကြည်၍ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့မူ ၎င်းတို့အဖို့၎င်းတို့ ကျင့်မူဆောက်တည်ခဲ့ကြကုန်သော အကျင့်သီလများ၏တိုးသောအကျိုးရှိသည့်အပြင် ၎င်းတို့သည် မြင့်စွင့်သောအဆောင်များ၌ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစွာ ရှိကြပေမည်။
38وَالَّذِينَ يَسْعَوْنَ فِي آيَاتِنَا مُعَاجِزِينَ أُولَٰئِكَ فِي الْعَذَابِ مُحْضَرُونَ
သို့ရာတွင် ငါအရှင်မြတ်၏ အာယတ်တော်များကို ပျက်ပြားအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသော သူတို့မှာမူကား ပြစ်ဒဏ်၌ အဆင်သင့် ရောက်ရှိစေခြင်းခံကြရမည့်သူများပင် ဖြစ်ကြကုန်၏။
39قُلْ إِنَّ رَبِّي يَبْسُطُ الرِّزْقَ لِمَن يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ لَهُ ۚ وَمَا أَنفَقْتُم مِّن شَيْءٍ فَهُوَ يُخْلِفُهُ ۖ وَهُوَ خَيْرُ الرَّازِقِينَ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မူသော) သူအား (စားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူ၏။ ၎င်းပြင် အသင်တို့သည်မည်သည့် တစ်စုံတစ်ရာကိုမဆို (ထိုအရှင်မြတ် နှစ်လိုတော်မူရာ၌) သုံးစွဲ လှူဒါန်းခဲ့ကြလျှင် ထိုအရှင်မြတ်သည် ၎င်း၏အစားကိုပေးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် စားနပ်ရိက္ခာချီးမြှင့်သူတို့အနက် အကောင်းဆုံးပင် ဖြစ်တော်မူပေသတည်း။
40وَيَوْمَ يَحْشُرُهُمْ جَمِيعًا ثُمَّ يَقُولُ لِلْمَلَائِكَةِ أَهَٰؤُلَاءِ إِيَّاكُمْ كَانُوا يَعْبُدُونَ
၎င်းပြင် အကြင်နေ့တွင် ထိုအရှင်မြတ်သည်၎င်းတို့အားလုံးကို စုရုံးတော်မူပြီးနောက် မလာအိကဟ်ကောင်းကင်တမန်တို့အား ဤသူတို့သည် အသင်တို့အားဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည်လော ဟု မေးမြန်းတော်မူပေမည်။
41قَالُوا سُبْحَانَكَ أَنتَ وَلِيُّنَا مِن دُونِهِم ۖ بَلْ كَانُوا يَعْبُدُونَ الْجِنَّ ۖ أَكْثَرُهُم بِهِم مُّؤْمِنُونَ
ထို မလာအိကဟ် ကောင်းကင်တမန်တို့က(ဤသို့)လျှောက်ထားခဲ့ကြပေမည်။ (အို-အရှင်မြတ်၊)အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏။ ကျွန်တော်မျိုး တို့သည်အရှင်မြတ်နှင့်သာ ပတ်သက်ကြပါသည်။ ၎င်းတို့နှင့် မပတ်သက်ကြပါ။ စင်စစ်မှာကား ၎င်းတို့သည် ဂျင်န်သတ္တဝါများကိုသာ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြပါသည်။ ၎င်းတို့အနက်အများဆုံးသောသူတို့မှာ ဂျင်န်သတ္တဝါများကိုပင် ယုံကြည်သူများ ဖြစ်ခဲ့ကြပါသည်။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
39အာယာသ်

ဘာသာပြန် — စဗ 39

စူရာ စဗ အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အားဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် မိမိကျွန်များအနက် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို…

စူရာ အာယာသ် 39/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers