အဇ်-ဇုမား · 52/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
أَوَلَمْ يَعْلَمُوا أَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ ۝٥٢
Awalam ya`lamooo annal laaha yabsutur rizqa limai yashaaa`u wa yaqdir; inna fee zaalika la Aayaatil liqamai yu`minoon
📖 မြန်မာဘာသာ
၎င်းတို့သည် သိရှိခဲ့ကြသည်မဟုတ်လော။ ဧကန်စင်စစ် အလ္လာဟ်အရှင်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို တိုးပွားစေတော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည်ပင်(မိမိအလိုတော်ရှိတော်မူသောသူအား စားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူ၏။ မလွဲဧကန် ဤသည်၌ သက်ဝင်ယုံကြည်ကြကုန်သော အမျိုးသားတို့အဖို့ သက်သေအထောက်အထားများ အမှန်ပင် ရှိကြပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 50-54 — စူရာ အဇ်-ဇုမား

50قَدْ قَالَهَا الَّذِينَ مِن قَبْلِهِمْ فَمَا أَغْنَىٰ عَنْهُم مَّا كَانُوا يَكْسِبُونَ
ဧကန်စင်စစ် ဤသည့်ပြောဆိုမှုကို ၎င်းတို့အလျင် ရှိခဲ့ကြသောသူများကလည်း ပြောဆိုခဲ့ဘူးကြကုန်၏။ သို့တစ်စေလည်း ၎င်းတို့၏ဆည်းပူးချက် တို့မှာ (ပြစ်ဒဏ်ကာကွယ်ရန်) ၎င်းတို့အဖို့ အသုံးဝင်ခဲ့သည် မရှိပေ။
51فَأَصَابَهُمْ سَيِّئَاتُ مَا كَسَبُوا ۚ وَالَّذِينَ ظَلَمُوا مِنْ هَٰؤُلَاءِ سَيُصِيبُهُمْ سَيِّئَاتُ مَا كَسَبُوا وَمَا هُم بِمُعْجِزِينَ
ထို့နောက် ၎င်းတို့၌ ၎င်းတို့၏ ဆည်းပူးချက်များ၏ ဆိုးရွားသောအန္တရာယ်များသည် သက်ရောက်ခဲ့လေ၏။ ထိုနည်းတူစွာ ဤ(လက်ရှိသွေဖည်ငြင်းပယ်)သူတို့အနက် မတရားကျူးလွန်ခဲ့ကြသော သူတို့အပေါ် ၌လည်း မကြာမြင့်မီပင် ၎င်းတို့၏ဆည်းပူးချက်များ၏ အန္တရာယ်များသည် သက်ရောက်မည်ဖြစ်၏။ စင်စစ်မှာကား ၎င်းတို့သည် (အလ္လာဟ်အရှင်မြတ်အား) မစွမ်းဆောင်နိုင်အောင် ပြုစွမ်းနိုင်ကြသူများ မဟုတ်ပေ။
52أَوَلَمْ يَعْلَمُوا أَنَّ اللَّهَ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ
၎င်းတို့သည် သိရှိခဲ့ကြသည်မဟုတ်လော။ ဧကန်စင်စစ် အလ္လာဟ်အရှင်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို တိုးပွားစေတော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည်ပင်(မိမိအလိုတော်ရှိတော်မူသောသူအား စားနပ်ရိက္ခာကို) ကျပ်တည်းစေတော်မူ၏။ မလွဲဧကန် ဤသည်၌ သက်ဝင်ယုံကြည်ကြကုန်သော အမျိုးသားတို့အဖို့ သက်သေအထောက်အထားများ အမှန်ပင် ရှိကြပေသတည်း။
53۞ قُلْ يَا عِبَادِيَ الَّذِينَ أَسْرَفُوا عَلَىٰ أَنفُسِهِمْ لَا تَقْنَطُوا مِن رَّحْمَةِ اللَّهِ ۚ إِنَّ اللَّهَ يَغْفِرُ الذُّنُوبَ جَمِيعًا ۚ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ
(အို-နဗီတမန်တော်) အသင်သည်(ငါအရှင်မြတ်၏ကိုယ်စား) ပြောကြားပါလေ။ အို-မိမိတို့ အပေါ်၌ အလွန်အမင်း လွန်ကျူးခဲ့ကြကုန်သော ငါအရှင်မြတ်၏ ကျွန်အပေါင်းတို့၊ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ မျှော်လင့်ချက် မကင်းမဲ့ကြကုန်လင့်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုအလုံးစုံတို့ကို ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပေမည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် အလွန်တရာ သနားကြင်နာ ညှာတာတော်မူသောအရှင် ဖြစ်တော်မူ၏။
54وَأَنِيبُوا إِلَىٰ رَبِّكُمْ وَأَسْلِمُوا لَهُ مِن قَبْلِ أَن يَأْتِيَكُمُ الْعَذَابُ ثُمَّ لَا تُنصَرُونَ
၎င်းပြင် အသင်တို့သည် မိမိတို့ထံ ပြစ်ဒဏ်ဆိုက်ရောက်၍မလာမီပင် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ဘက်တော်သို့ ပြန်လှည့်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းကိုလည်းကောင်း၊ ပြုကြလေကုန်။ ထို (ပြစ်ဒဏ်ဆိုက်ရောက်၍လာပြီး)နောက်တွင် အသင်တို့သည် (မည်သည့်) အကူအညီ(ကိုမျှ)ရရှိကြမည် မဟုတ်ပေ။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
52အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 52

စူရာ အဇ်-ဇုမား အာယာသ် 52 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့သည် သိရှိခဲ့ကြသည်မဟုတ်လော။ ဧကန်စင်စစ် အလ္လာဟ်အရှင်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို တိုးပွားစေတော်မူ၏။ ထိုနည်းတူစွာ အရှင်မြတ်သည်ပင်(မိမိအလိုတော်ရှိတော်မူသောသူအား စားနပ်ရိက္ခာကို)…

စူရာ အာယာသ် 52/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 50–54. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers