အန်-နီဆာ · 130/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَإِن يَتَفَرَّقَا يُغْنِ اللَّهُ كُلًّا مِّن سَعَتِهِ ۚ وَكَانَ اللَّهُ وَاسِعًا حَكِيمًا ۝١٣٠
Wa iny-yatafarraqaa yughnil laahu kullam min sa`atih; wa kaanal laahu Waasi`an Hakeemaa
📖 မြန်မာဘာသာ
သို့ရာတွင် အကယ်၍ ထို (ဇနီးမောင်နှံ) နှစ်ဦးတို့သည် (မိမိတို့အချင်းချင်း သင့်မြတ်နိုင်ခြင်းငှာ နည်းလမ်းမရှိတော့၍) ကွာရှင်းခွဲခွာကြပါမူ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ များပြားသောကျေးဇူးတော်ဖြင့် (ယင်းဇနီးမောင်နှံနှစ်ဦးတို့အား) တစ်ဦးကိုတစ်ဦး မတောင့်တ မကြောင့်ကြရအောင် ပြုလုပ်ပေးတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်ပေါများကြွယ်ဝတော်မူသော ကျေးဇူးတော်ရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ယတဖရ်ရကာ (يَتَفَرَّقَا): လင်မယားနှစ်ဦး ကွဲကွာသွားခြင်း၊ ကွာရှင်းခြင်း သို့မဟုတ် ခုလ်အ် (ဇနီးဖက်မှ ခွဲထွက်ခွင့်တောင်းခံခြင်း) ဖြင့် ခွဲခွာခြင်းကို ဆိုလိုသည်။
  • ယုဂ်နိလ္လာဟု (يُغْنِ اللَّهُ): အလ္လာဟ်အရှင်မြတ်သည် ကြွယ်ဝစေတော်မူမည်၊ လုံလောက်စေတော်မူမည်၊ မလိုအပ်အောင် ဖြည့်ဆည်းပေးတော်မူမည်။
  • ကုလ္လန် (كُلًّا): နှစ်ဦးစလုံးကို၊ တစ်ဦးချင်းစီကို။
  • မိန် စအတိဟိ (مِّن سَعَتِهِ): ထိုအရှင်မြတ်၏ ကျယ်ဝန်းသော ကျေးဇူးတော်၊ ကြွယ်ဝမှုတော်မှ။
  • ဝါစိအန် (وَاسِعًا): ကျယ်ဝန်းတော်မူသော၊ ကျေးဇူးတော်အနန္တရှိတော်မူသော။
  • ဟကီမာ (حَكِيمًا): ဉာဏ်ပညာနှင့် ပြည့်စုံတော်မူသော၊ အရာခပ်သိမ်းကို မှန်ကန်စွာ စီမံခန့်ခွဲတော်မူသော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

လင်မယားနှစ်ဦးသည် ကွာရှင်းခြင်း သို့မဟုတ် ခုလ်အ်ဖြင့် ခွဲခွာရန် ဆုံးဖြတ်ကြပြီး အမှန်တကယ် ကွဲကွာသွားကြပါက အလ္လာဟ်အရှင်မြတ်သည် ထိုနှစ်ဦးစလုံးကို အရှင်မြတ်၏ ကျယ်ဝန်းလှသော ကျေးဇူးတော်မှ ကြွယ်ဝလုံလောက်စေတော်မူမည်။ ဆိုလိုသည်မှာ ဇနီးဖြစ်သူသည် အခြားသူတစ်ဦးနှင့် လက်ထပ်ခွင့်ရမည်၊ ခင်ပွန်းဖြစ်သူလည်း အခြားသူတစ်ဦးနှင့် လက်ထပ်ခွင့်ရမည်ဖြစ်ပြီး မည်သူမျှ ဆင်းရဲကျပ်တည်းစွာ မကျန်ရစ်စေရန် အရှင်မြတ်က ဖြည့်ဆည်းပေးတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတော်နှင့် ကရုဏာတော် အနန္တကျယ်ဝန်းတော်မူသောအရှင်၊ မိမိ၏ စီမံခန့်ခွဲမှုနှင့် ဆုံးဖြတ်ချက်များတွင် ဉာဏ်ပညာအပြည့်အဝရှိတော်မူသောအရှင် ဖြစ်တော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် မိမိကျေးကျွန်များအတွက် အမြဲတမ်း အထွက်လမ်းနှင့် ဖြည့်ဆည်းမှုကို ပြင်ဆင်ထားတော်မူသည်။ လင်မယားကွဲကွာသွားသောအခါတွင်ပင် နှစ်ဦးစလုံးအတွက် ကြွယ်ဝလုံလောက်မှုကို အာမခံတော်မူသည်။
  • အလ္လာဟ်အရှင်မြတ်သည် ဝါစိအ် (ကျယ်ဝန်းတော်မူသောအရှင်) ဖြစ်တော်မူသောကြောင့် အရှင်မြတ်၏ ကျေးဇူးတော်သည် မည်သည့်အခြေအနေတွင်မဆို လုံလောက်နိုင်သည်။ လူသားများအနေဖြင့်


📜 အာယာသ် 128-132 — စူရာ အန်-နီဆာ

128وَإِنِ امْرَأَةٌ خَافَتْ مِن بَعْلِهَا نُشُوزًا أَوْ إِعْرَاضًا فَلَا جُنَاحَ عَلَيْهِمَا أَن يُصْلِحَا بَيْنَهُمَا صُلْحًا ۚ وَالصُّلْحُ خَيْرٌ ۗ وَأُحْضِرَتِ الْأَنفُسُ الشُّحَّ ۚ وَإِن تُحْسِنُوا وَتَتَّقُوا فَإِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا
ထို့ပြင်တဝ အကယ်၍ အကြင်မိန်းမတစ်ဦးသည် မိမိလင်ယောက်ျား၏ နှိပ်စက်ခြင်းကိုသော်လည်းကောင်း၊ လျစ်လျူရှု စွန့်ပစ်ထားခြင်းကိုသော်လည်းကောင်း စိုးရိမ်မကင်းဖြစ်ခဲ့အံ့။ သို့ဖြစ်ခဲ့သော် ထို (ဇနီးမောင်နှံ) နှစ်ဦးတို့သည် အကယ်၍ ပြန်လည်သင့်မြတ်စေသော စည်းကမ်းချက်တစ်စုံတစ်ခုကို သတ်မှတ်ခြင်းအားဖြင့် ပြန်လည်သင့်မြတ်ကြပါလျှင်၊ ၎င်းနှစ်ဦး၏အပေါ်၌ အပြစ်တစ်စုံတစ်ရာမျှ မရှိချေ။ (မည်သို့ပင်ဖြစ်စေကာမူ) ပြန်လည်သင့်မြတ်ခြင်းသည် အကောင်းဆုံးပင်ဖြစ်ချေသည်။ အမှန်စင်စစ်သော်ကား လောဘရမ္မက်သည် (လူတို့၏) စိတ်တွင် ရှိမြဲပင်ဖြစ်ပေသည်။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ဇနီးမိန်းမတို့နှင့်) ကောင်းစွာဆက်ဆံ၍ (၎င်းတို့အား လျစ်လျူရှု စွန့်ပစ်ထားခြင်းမှ) ကြဉ်ရှောင်ကြပါမူ၊ (အသင်တို့သည် ကြီးကျယ်လှသော ကုသိုလ်အကျိုးရရှိကြအံ့၊ အဘယ်ကြောင့်ဆိုသော်) အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုမူသမျှတို့ကို ဧကန်စင်စစ် အကြွင်းမဲ့ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
129وَلَن تَسْتَطِيعُوا أَن تَعْدِلُوا بَيْنَ النِّسَاءِ وَلَوْ حَرَصْتُمْ ۖ فَلَا تَمِيلُوا كُلَّ الْمَيْلِ فَتَذَرُوهَا كَالْمُعَلَّقَةِ ۚ وَإِن تُصْلِحُوا وَتَتَّقُوا فَإِنَّ اللَّهَ كَانَ غَفُورًا رَّحِيمًا
ထိုမှတပါးတုံ အသင်တို့သည် (မည်မျှပင် တရားမျှတစေရန်) ဆန္ဒထားရှိကြသော်လည်း (မိမိတို့၏ တစ်ဦးထက်ပိုသော) ဇနီးမိန်းမတို့၏စပ်ကြားဝယ် (အဘက်ဘက်မှ) တရားမျှတအောင် အလျင်း ပြုနိုင်ကြမည်မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်တို့ သည် (ဇနီးမိန်းမတစ်ဦး�းဘက်သို့) လုံးဝ တစ်ဘက်သက် ယိမ်းယိုင်မသွားကြကုန်လင့်။ သို့ (ယိမ်းယိုင်ကြ) ပါလျှင် အသင်တို့သည် (အခြား) ဇနီးမိန်းမကို တွဲလျားထားဘိသကဲ့သို့ ဖြစ်အံ့။ သို့ရာတွင် အကယ်၍ အသင်တို့သည် (ဇနီးမိန်းမတို့နှင့်ပတ်သက်၍ မိမိတို့၏ချွတ်ယွင်းချက်များကို) ပြုပြင်၍ (တစ်ဘက်သက် ဇနီးမိန်းမ တစ်ဦးဦးဘက်သို့ ယိမ်းယိုင်ခြင်းမှ) ဆင်ခြင်ကြပါမူ အလ္လာဟ်အရှင်မြတ်သည် မလွဲဧကန် အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
130وَإِن يَتَفَرَّقَا يُغْنِ اللَّهُ كُلًّا مِّن سَعَتِهِ ۚ وَكَانَ اللَّهُ وَاسِعًا حَكِيمًا
သို့ရာတွင် အကယ်၍ ထို (ဇနီးမောင်နှံ) နှစ်ဦးတို့သည် (မိမိတို့အချင်းချင်း သင့်မြတ်နိုင်ခြင်းငှာ နည်းလမ်းမရှိတော့၍) ကွာရှင်းခွဲခွာကြပါမူ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ များပြားသောကျေးဇူးတော်ဖြင့် (ယင်းဇနီးမောင်နှံနှစ်ဦးတို့အား) တစ်ဦးကိုတစ်ဦး မတောင့်တ မကြောင့်ကြရအောင် ပြုလုပ်ပေးတော်မူအံ့။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်ပေါများကြွယ်ဝတော်မူသော ကျေးဇူးတော်ရှင်၊ ကျိုးကြောင်းဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်မြတ် ဖြစ်တော်မူပေသတည်း။
131وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۗ وَلَقَدْ وَصَّيْنَا الَّذِينَ أُوتُوا الْكِتَابَ مِن قَبْلِكُمْ وَإِيَّاكُمْ أَنِ اتَّقُوا اللَّهَ ۚ وَإِن تَكْفُرُوا فَإِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَانَ اللَّهُ غَنِيًّا حَمِيدًا
ထို့ပြင်တဝ အာကာသကောင်းကင်များ၌ ရှိရှိသမျှသော အရာဝတ္ထုများကိုလည်းကောင်း၊ ပထဝီမြေကြီး၌ ရှိရှိသမျှသော အရာဝတ္ထုများကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူ၏။ မုချဧကန် ငါအရှင်မြတ်သည် အသင်တို့အလျင် ကျမ်းဂန်ရရှိပြီးဖြစ်သောသူတို့ကိုလည်းကောင်း၊ အသင်တို့ကိုလည်းကောင်း၊ “အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားကြောက်ရွံ့ကြကုန်လော့” ဟု အမိန့်ပေးတော်မူခဲ့၏။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် မယုံမကြည် သွေဖည်ငြင်းပယ်ကြပါမူ (အလ္လာဟ်အရှင်မြတ်၌ မည်သို့မျှ အကျိုးယုတ်နစ်နာမှုရှိမည်မဟုတ်၊ အသင်တို့၌သာ အကျိုးယုတ်နစ်နာမှုရှိအံ့။ အဘယ်ကြောင့်ဆိုသော်) အာကာသကောင်းကင်များနှင့် ပထဝီမြေကြီး၌ ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူသောကြောင့်တည်း။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသောအရှင်၊ ချီးမွမ်းထောပနာပြုခြင်းအပေါင်းကို ခံထိုက်တော်မူသောအရှင် ဖြစ်တော်မူသတည်း။
132وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَكَفَىٰ بِاللَّهِ وَكِيلًا
အမှန်စင်စစ် အာကာသကောင်းကင်များနှင့် ပထဝီမြေကြီး၌ရှိရှိသမျှတို့ကို အလ္လာဟ်အရှင်မြတ်သာ ပိုင်ဆိုင်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် ကိစ္စအဝဝကို ပြီးစီးအောင် စီမံပြုလုပ် ပေးတော်မူသော အရှင်မြတ်အဖြစ် လုံလောက်တော်မူသောအရှင် ဖြစ်တော်မူသည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
130အာယာသ်

ဘာသာပြန် — အန်-နီဆာ 130

စူရာ အန်-နီဆာ အာယာသ် 130 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အကယ်၍ ထို (ဇနီးမောင်နှံ) နှစ်ဦးတို့သည် (မိမိတို့အချင်းချင်း သင့်မြတ်နိုင်ခြင်းငှာ နည်းလမ်းမရှိတော့၍) ကွာရှင်းခွဲခွာကြပါမူ အလ္လာဟ်အရှင်မြတ်သည်…

စူရာ အာယာသ် 130/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 128–132. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers