ဂါဖီရ် · 20/85
ဘာသာပြန် အသံနိုင်ငံ — စူရာ ဂါဖီရ်
وَاللَّهُ يَقْضِي بِالْحَقِّ ۖ وَالَّذِينَ يَدْعُونَ مِن دُونِهِ لَا يَقْضُونَ بِشَيْءٍ ۗ إِنَّ اللَّهَ هُوَ السَّمِيعُ الْبَصِيرُ ۝٢٠
Wallaahu yaqdee bilhaqq, wallazeena yad`oona min doonihee laa yaqdoona bishai`; innal laaha Huwas Samee`ul Baseer
📖 မြန်မာဘာသာ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် တရားသဖြင့် စီရင်ဆုံးဖြတ်တော်မူပေမည်။ သို့ရာတွင် ထိုအရှင်မြတ်အား စွန့်၍လည်းကောင်း၊ ("ကာဖိရ်" သွေဖည်ငြင်းပယ်သောသူ)တို့ဟစ်ခေါ် တသကြကုန်သော (၎င်းတို့၏) ကိုးကွယ်ရာတို့မှာမူကား မည်သို့မျှ စီရင်ဆုံးဖြတ်နိုင်ကြမည် မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ မြင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • يَقْضِي (ယက်က္ဒီ) — စီရင်ဆုံးဖြတ်သည်၊ တရားစီရင်သည်။
  • بِالْحَقِّ (ဗိလ်ဟက္က်) — တရားမှန်ကန်စွာ၊ မျှတစွာ။
  • يَدْعُونَ (ယဒ်အူန) — ဟစ်ခေါ်ကိုးကွယ်ကြသည်၊ ဆုတောင်းကြသည်။
  • مِن دُونِهِ (မိန်ဒူနိဟိ) — အလ္လာဟ်အရှင်မြတ်ကို စွန့်၍ အခြားသောအရာများကို။
  • السَّمِيعُ (အစ်စမီအူ) — အရာခပ်သိမ်းကို ကြားတော်မူသောအရှင်။
  • الْبَصِيرُ (အလ်ဗဆီရူ) — အရာခပ်သိမ်းကို မြင်တော်မူသောအရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် လူသားတို့အကြား တရားမှန်ကန်စွာ၊ မျှတစွာ စီရင်ဆုံးဖြတ်တော်မူသည်။ မည်သူ့ကိုမျှ မတရားပြုတော်မမူ။ ကောင်းမှုတစ်ခုကိုမျှ လျှော့ချတော်မမူ၊ မကောင်းမှုတစ်ခုကိုမျှ ပိုမိုတော်မမူ။ ထို့နောက် အလ္လာဟ်အရှင်မြတ်ကို စွန့်၍ မိမိတို့ကိုးကွယ်နေကြသော ရုပ်တုများ၊ ဘုရားအတုများသည် မည်သည့်အရာကိုမျှ စီရင်ဆုံးဖြတ်နိုင်စွမ်းမရှိကြပေ။ အကြောင်းမှာ ၎င်းတို့သည် အရာခပ်သိမ်းကို ပိုင်ဆိုင်နိုင်စွမ်းမရှိသော အရာများဖြစ်ကြသောကြောင့်တည်း။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ ပြောဆိုချက်များကို အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ ၎င်းတို့၏ ရည်ရွယ်ချက်များနှင့် လုပ်ဆောင်ချက်များကို အကြွင်းမဲ့ မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ ထိုအရှင်မြတ်သည် ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် အစားပေးတော်မူမည်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် တရားမှန်ကန်စွာ စီရင်တော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ကြောင့် မွတ်စ်လင်မ်တို့သည် အရှင်မြတ်၏ တရားစီရင်ချက်ကို ယုံကြည်စိတ်ချသင့်သည်။
  • အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားသောအရာများကို ကိုးကွယ်ခြင်းသည် အကျိုးမရှိသော လုပ်ရပ်ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့သည် မည်သည့်အရာကိုမျှ စီရင်နိုင်စွမ်းမရှိကြသောကြောင့်တည်း။
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို ကြားတော်မူသောအရှင်၊ မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ကြောင့် လူသားတို့သည် မိမိတို့၏ ပြောဆိုချက်၊ လုပ်ဆောင်ချက်နှင့် ရည်ရွယ်ချက်များအတွက် အရှင်မြတ်ထံတော်တွင် အစားပေးခြင်းကို ခံရမည်ဖြစ်သည်။
  • ဤအာယ


📜 အာယာသ် 18-22 — စူရာ ဂါဖီရ်

18وَأَنذِرْهُمْ يَوْمَ الْآزِفَةِ إِذِ الْقُلُوبُ لَدَى الْحَنَاجِرِ كَاظِمِينَ ۚ مَا لِلظَّالِمِينَ مِنْ حَمِيمٍ وَلَا شَفِيعٍ يُطَاعُ
ထိုမှတစ်ပါး (အို-နဗီတမန်တော်)အသင်သည် ၎င်းတို့အား နီးကပ်၍လာအံ့သော(ကိယာမတ်) နေ့နှင့်စပ်လျဉ်း၍ သတိပေးနှိုးဆော်ပါလေ။ ထိုရောအခါဝယ် စိတ်နှလုံးများမှာ လွန်စွာပူဆွေးသောကကို ချုပ်တည်းမျိုသိပ်လျက် လည်မျိုများသို့ ဆို့၍ လာကြပေမည်။ (ထိုနေ့တွင်) မတရားကျူးလွန်သူတို့၌ ရင်းနှီးသောမိတ်ဆွေဟူ၍လည်း တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည် မဟုတ်ပေ။ ဩဇာညောင်းသော ကြားဝင် အသနားခံပေးအံ့သောသူဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည် မဟုတ်ပေ။
19يَعْلَمُ خَائِنَةَ الْأَعْيُنِ وَمَا تُخْفِي الصُّدُورُ
ထိုအရှင်မြတ်သည် မျက်စိများ၏ သစ္စာဖောက်မှု ခိုးဝှက်မှုကိုလည်းကောင်း၊ စိတ်နှလုံးများက လျှို့ဝှက်ထားရှိသည်တို့ကိုလည်းကောင်း၊ သိရှိတော်မူ၏။
20وَاللَّهُ يَقْضِي بِالْحَقِّ ۖ وَالَّذِينَ يَدْعُونَ مِن دُونِهِ لَا يَقْضُونَ بِشَيْءٍ ۗ إِنَّ اللَّهَ هُوَ السَّمِيعُ الْبَصِيرُ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် တရားသဖြင့် စီရင်ဆုံးဖြတ်တော်မူပေမည်။ သို့ရာတွင် ထိုအရှင်မြတ်အား စွန့်၍လည်းကောင်း၊ ("ကာဖိရ်" သွေဖည်ငြင်းပယ်သောသူ)တို့ဟစ်ခေါ် တသကြကုန်သော (၎င်းတို့၏) ကိုးကွယ်ရာတို့မှာမူကား မည်သို့မျှ စီရင်ဆုံးဖြတ်နိုင်ကြမည် မဟုတ်ပေ။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်သာလျှင် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ မြင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
21۞ أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ كَانُوا مِن قَبْلِهِمْ ۚ كَانُوا هُمْ أَشَدَّ مِنْهُمْ قُوَّةً وَآثَارًا فِي الْأَرْضِ فَأَخَذَهُمُ اللَّهُ بِذُنُوبِهِمْ وَمَا كَانَ لَهُم مِّنَ اللَّهِ مِن وَاقٍ
ထိုသူတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော၊ သို့ပြုခဲ့ကြလျှင်၊ ၎င်းတို့သည် မိမိတို့အလျင် ရှိခဲ့ဘူးကြသောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံရှိခဲ့သည်ကို မြင်ကြရပေမည်။ ထိုရှေးသူဟောင်းတို့သည် ထိုသူတို့ထက်ပင် သူရသတ္တိ၊ ခွန်အားဗလအားဖြင့်လည်းကောင်း၊ ပထဝီမြေဝယ် ချန်ရစ်ခဲ့ကြသော ခြေရာလက်ရာအားဖြင့်လည်းကောင်း၊ ပိုမိုထူးကဲသူများ ဖြစ်ခဲ့ကြပေသည်။ သို့တစေလည်း အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏ ပြစ်မှုဒုစရိုက်တို့ကြောင့် ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ၎င်းတို့၌ အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ လွတ်မြောက်စေမည့်သူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှပင် မရှိခဲ့ပေ။
22ذَٰلِكَ بِأَنَّهُمْ كَانَت تَّأْتِيهِمْ رُسُلُهُم بِالْبَيِّنَاتِ فَكَفَرُوا فَأَخَذَهُمُ اللَّهُ ۚ إِنَّهُ قَوِيٌّ شَدِيدُ الْعِقَابِ
ထိုသို့ (ဖမ်းဆီး ကွပ်မျက်ခြင်းခံခဲ့ကြရသည်မှာ)၎င်းတို့၏ရစူလ်တမန်တော်များသည် ၎င်းတို့ထံ ထင်ရှားစွာသော သက်သေသာဓက အထောက်အထားများ ဆောင်ယူခဲ့လေ့ရှိကြသော်လည်း ၎င်းတို့မှာမူကား ငြင်းပယ်လျက်ပင် ရှိခဲ့ကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အလွန်တရာ ခွန်အားဗလနှင့်ပြည့်စုံတော်မူသော ပြင်းထန်စွာ ပြစ်ဒဏ်စီရင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
20အာယာသ်

ဘာသာပြန် — ဂါဖီရ် 20

စူရာ ဂါဖီရ် အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် တရားသဖြင့် စီရင်ဆုံးဖြတ်တော်မူပေမည်။ သို့ရာတွင် ထိုအရှင်မြတ်အား စွန့်၍လည်းကောင်း၊ ("ကာဖိရ်" သွေဖည်ငြင်းပယ်သောသူ)တို့ဟစ်ခေါ် တသကြကုန်သော…

စူရာ အာယာသ် 20/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers