ဂါဖီရ် · 44/85
ဘာသာပြန် အသံနိုင်ငံ — စူရာ ဂါဖီရ်
فَسَتَذْكُرُونَ مَا أَقُولُ لَكُمْ ۚ وَأُفَوِّضُ أَمْرِي إِلَى اللَّهِ ۚ إِنَّ اللَّهَ بَصِيرٌ بِالْعِبَادِ ۝٤٤
Fasatazkuroona maaa aqoolu lakum; wa ufawwidu amreee ilal laah; innallaaha baseerum bil`ibaad
📖 မြန်မာဘာသာ
စင်စစ်သော်ကား မကြာမြင့်မီ အသင်တို့သည် ကျွန်ုပ်တို့ အသင်တို့အား ပြောဆိုသောစကားများကို ပြန်လည်၍ သတိရရှိကြပေမည်။ ထို့ပြင် ကျွန်ုပ်မူကား မိမိအရေးကိစ္စကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ လွှဲအပ်လိုက်ပြီ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် (မိမိ)ကျွန်တို့အား ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 42-46 — စူရာ ဂါဖီရ်

42تَدْعُونَنِي لِأَكْفُرَ بِاللَّهِ وَأُشْرِكَ بِهِ مَا لَيْسَ لِي بِهِ عِلْمٌ وَأَنَا أَدْعُوكُمْ إِلَى الْعَزِيزِ الْغَفَّارِ
အသင်တို့သည် ကျွန်ုပ်အား ကျွန်ုပ် အလ္လာဟ်အရှင်မြတ်အား သွေဖည်ငြင်းပယ်ရန်လည်းကောင်း၊ ကျွန်ုပ်တွင် မည်သည့်အသိပညာ၊ မည်သည့်သက်သေသာဓက တစ်စုံတစ်ရာမျှမရှိသောအရာကို ကျွန်ုပ် ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ရန်လည်းကောင်း၊ ဖိတ်ခေါ်ကြကုန်၏။ အမှန်စင်စစ်သော်ကား ကျွန်ုပ်သည် အသင်တို့အား လွန်စွာနိုင်နင်း၊ လွှမ်းမိုးတော်မူသော၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသော အရှင်မြတ်အထံတော်သို့ပင် ဖိတ်ခေါ်လျက် ရှိပေသည်။
43لَا جَرَمَ أَنَّمَا تَدْعُونَنِي إِلَيْهِ لَيْسَ لَهُ دَعْوَةٌ فِي الدُّنْيَا وَلَا فِي الْآخِرَةِ وَأَنَّ مَرَدَّنَا إِلَى اللَّهِ وَأَنَّ الْمُسْرِفِينَ هُمْ أَصْحَابُ النَّارِ
မချွတ်မလွဲ ကျွန်ုပ်အား၊ အသင်တို့ ဖိတ်ခေါ်နေသောအရာသည် ဤပစ္စုပ္ပန်လောက၌လည်း ဟစ်ခေါ် တသရန် မထိုက်ပေ။ အာခိရတ်တမလွန်ဘဝ၌လည်း ဟစ်ခေါ်တသရန် မထိုက်ပေ။ ထို့ပြင် ကျွန်ုပ်တို့ သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ ပြန်ကြရပေမည်။ ထိုမှတစ်ပါး စည်းကမ်းကျူးလွန်သောသူတို့သည် ငရဲသားများပင် ဖြစ်ကြကုန်၏။
44فَسَتَذْكُرُونَ مَا أَقُولُ لَكُمْ ۚ وَأُفَوِّضُ أَمْرِي إِلَى اللَّهِ ۚ إِنَّ اللَّهَ بَصِيرٌ بِالْعِبَادِ
စင်စစ်သော်ကား မကြာမြင့်မီ အသင်တို့သည် ကျွန်ုပ်တို့ အသင်တို့အား ပြောဆိုသောစကားများကို ပြန်လည်၍ သတိရရှိကြပေမည်။ ထို့ပြင် ကျွန်ုပ်မူကား မိမိအရေးကိစ္စကို အလ္လာဟ်အရှင်မြတ်အထံတော်သို့ လွှဲအပ်လိုက်ပြီ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် (မိမိ)ကျွန်တို့အား ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
45فَوَقَاهُ اللَّهُ سَيِّئَاتِ مَا مَكَرُوا ۖ وَحَاقَ بِآلِ فِرْعَوْنَ سُوءُ الْعَذَابِ
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထို ("မုအ်မင်န်") သက်ဝင်ယုံကြည်သူအား ၎င်းတို့ ကြံစည်ခဲ့ကြကုန်သော အကြံအစည်၏ဘေးအန္တရာယ်တို့မှ ဖယ်ရှားပေးတော်မူခဲ့၏။သို့ရာတွင် ‘ဖစ်ရ်အောင်န်’၏ ခြွေရံသင်းပင်တို့ကိုမူကား ဆိုးယုတ်သော ပြစ်ဒဏ်သည် ဝန်းဝိုင်းခဲ့ပေသည်။
46النَّارُ يُعْرَضُونَ عَلَيْهَا غُدُوًّا وَعَشِيًّا ۖ وَيَوْمَ تَقُومُ السَّاعَةُ أَدْخِلُوا آلَ فِرْعَوْنَ أَشَدَّ الْعَذَابِ
ထိုသူတို့မှာ နံနက်ယံ၌လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ ငရဲမီး၏ရှေ့ဝယ် ထုတ်ဆောင်ပြသခြင်းကို ခံကြရကုန်၏။ ထိုမှတစ်ပါး ကိယာမတ်အချိန် ဆိုက်ရောက်၍လာသောနေ့၌မူကား၊ အသင်တို့သည် "ဖစ်ရ်အောင်န်"၏ ခြွေရံသင်းပင်းတို့အား ပြင်းထန်လှစွာသော ပြစ်ဒဏ်တွင် ဝင်ရောက်စေကြလေကုန်(ဟု အလ္လာဟ်အရှင်မြတ်သည် "မလာအိကဟ်"ကောင်းကင်တမန်တို့အား မိန့်တော်မူအံ့သတည်း။)
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
44အာယာသ်

ဘာသာပြန် — ဂါဖီရ် 44

စူရာ ဂါဖီရ် အာယာသ် 44 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား မကြာမြင့်မီ အသင်တို့သည် ကျွန်ုပ်တို့ အသင်တို့အား ပြောဆိုသောစကားများကို ပြန်လည်၍ သတိရရှိကြပေမည်။ ထို့ပြင် ကျွန်ုပ်မူကား…

စူရာ အာယာသ် 44/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 42–46. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers