ثُمَّ لَآتِيَنَّهُم مِّن بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَانِهِمْ وَعَن شَمَائِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَاكِرِينَ ١٧
🔤 Transliteration
Summa la aatiyannahum mim baine aideehim wa min khalfihim wa `an aimaanihim wa `an shamaaa`ilihim wa laa tajidu aksarahum shaakireen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထို့နောက် ကျွန်တော်မျိုးသည် ထိုသူတို့ထံ၊ ထိုသူတို့၏ ရှေ့မှလည်းကောင်း၊ ထိုသူတို့၏နောက်မှလည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်မှ၎င်း၊ ထိုသူတို့၏ လက်ဝဲဖက်မှလည်းကောင်း၊ (လေးဘက်လေးတန် အဖက်ဖက်မှ)ဝင်ရောက်ပါမည်။ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အနက်အများစုကို ကျေးဇူးသိတတ်သော သူများအဖြစ် တွေ့ရှိတော်မူမည် မဟုတ်ပါ။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ် ثُمَّ (သုမ်မ) — ထို့နောက်၊ ထို့နောက်တွင်။لَآتِيَنَّهُم (လအာသီယန္နဟုမ်) — ငါသည် သူတို့ထံ ဧကန်မုချ လာမည်။مِن بَيْنِ أَيْدِيهِمْ (မිန် ဗိုင်နိ အိုင်ဒီဟိမ်) — သူတို့၏ ရှေ့မှ၊ ဆိုလိုသည်မှာ အာခိရသ် (နောင်တမလွန်ဘဝ) နှင့် ပတ်သက်၍ သံသယဖြစ်စေခြင်း။وَمِنْ خَلْفِهِمْ (ဝမိန် ခလ်ဖိဟိမ်) — သူတို့၏ နောက်မှ၊ ဆိုလိုသည်မှာ ဒုန်ယာ (လောကီဘဝ) ကို စွဲလမ်းစေခြင်း။وَعَنْ أَيْمَانِهِمْ (ဝအန် အိုင်မာနိဟိမ်) — သူတို့၏ ညာဘက်မှ၊ ဆိုလိုသည်မှာ ကောင်းမှုကုသိုလ်လမ်းများ။وَعَن شَمَائِلِهِمْ (ဝအန် ရှမာအိလိဟိမ်) — သူတို့၏ ဘယ်ဘက်မှ၊ ဆိုလိုသည်မှာ မကောင်းမှုလမ်းများ။شَاكِرِينَ (ရှာကိရီန) — ကျေးဇူးတင်သောသူများ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် ရှိုင်သွာန် (အိဗ်လီးစ်) က အလ္လာဟ်အရှင်မြတ်ထံ ပြောဆိုခဲ့သော စကားကို ဖော်ပြထားခြင်း ဖြစ်သည်။ သူက လူသားများကို လမ်းမှားစေရန် ကြိုးစားမည်ဟု ကတိပြုခဲ့သည်။ သူက ဆိုသည် — ထို့နောက် ငါသည် သူတို့ထံ ရှေ့မှ၊ နောက်မှ၊ ညာဘက်မှ၊ ဘယ်ဘက်မှ ဧကန်မုချ လာမည်။ ဆိုလိုသည်မှာ သူသည် လူသားများကို လှည့်ဖြားရန် နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်မည် ဖြစ်သည်။
သူသည် အာခိရသ် (နောင်တမလွန်ဘဝ) နှင့် ပတ်သက်၍ သံသယများ ဖြစ်ပေါ်စေမည်။ ဒုန်ယာ (လောကီဘဝ) ၏ ဆွဲဆောင်မှုများကို လှုံ့ဆော်ပေးမည်။ ကောင်းမှုကုသိုလ်များ ပြုလုပ်ရာတွင် အတားအဆီး ဖြစ်စေမည်၊ သို့မဟုတ် ကောင်းမှုကို ပြုလုပ်သော်လည်း ရိယာ (ပြသမှု) ဖြစ်စေရန် သွေးဆောင်မည်။ မကောင်းမှုလမ်းများကို လှပစွာ တင်ဆက်ပေးမည်။ ဤနည်းအားဖြင့် သူသည် လူသားများကို လမ်းမှားသို့ ပို့ဆောင်ရန် နည်းလမ်းအားလုံးကို အသုံးပြုမည် ဖြစ်သည်။
ထို့နောက် ရှိုင်သွာန်က ဆက်လက်ဆိုသည် — အရှင်မြတ်၏ ကျေးဇူးတော်များကို ကျေးဇူးတင်သော သူအများစုကို အရှင်မြတ် တွေ့ရမည် မဟုတ်ပါ။ ဆိုလိုသည်မှာ လူသားအများစုသည် အီမာန် (ယုံကြည်မှု) နှင့် ကျေးဇူးတင်မှုတွင် တည်ကြည်မည် မဟုတ်ပါ။ ရှိုင်သွာန်က ဤစကားကို ခန့်မှန်းမှုဖြင့် ဆိုခဲ့သည်။ သ
ثُمَّ لَأٓتِيَنَّهُم مِّنۢ بَيۡنِ أَيۡدِيهِمۡ وَمِنۡ خَلۡفِهِمۡ وَعَنۡ أَيۡمَٰنِهِمۡ وَعَن شَمَآئِلِهِمۡۖ وَلَا تَجِدُ أَكۡثَرَهُمۡ شَٰكِرِينَ ١٧
ထို့နောက် ကျွန်တော်မျိုးသည် ထိုသူတို့ထံ၊ ထိုသူတို့၏ ရှေ့မှလည်းကောင်း၊ ထိုသူတို့၏နောက်မှလည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်မှ၎င်း၊ ထိုသူတို့၏ လက်ဝဲဖက်မှလည်းကောင်း၊ (လေးဘက်လေးတန် အဖက်ဖက်မှ)ဝင်ရောက်ပါမည်။ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အနက်အများစုကို ကျေးဇူးသိတတ်သော သူများအဖြစ် တွေ့ရှိတော်မူမည် မဟုတ်ပါ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 15-19 — စူရာ အလ်-အာအ်ရာဖ်
15 قَالَ إِنَّكَ مِنَ الْمُنظَرِينَ
(သို့ဖြစ်ပေရာ) ထိုအရှင်မြတ်က (ဟယ်အစ်ဗ်လီးစ်) မုချဧကန် အသင်သည် ရွှေ့ဆိုင်းခွင့် ရရှိပြီးဖြစ်သည်ဟု မိန့်ကြားတော်မူ၏။
16 قَالَ فَبِمَا أَغْوَيْتَنِي لَأَقْعُدَنَّ لَهُمْ صِرَاطَكَ الْمُسْتَقِيمَ
(ထိုအခါ) ၎င်းအစ်ဗ်လီးစ်က (ဤသို့)လျှောက်ထားခဲ့လေ၏။ (အို-အရှင်) အရှင်မြတ်သည် ကျွန်တော်မျိုးအားလမ်းမှားစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်လည်း ၎င်းတို့(အားလမ်းမှားစေရန်)အလို့ငှာ အရှင်မြတ်၏တရားလမ်းမှန်၌ မုချ(ပုန်းလျှိုးချောင်းမြောင်း၍)ထိုင်နေပါမည်။
17 ثُمَّ لَآتِيَنَّهُم مِّن بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَانِهِمْ وَعَن شَمَائِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَاكِرِينَ
ထို့နောက် ကျွန်တော်မျိုးသည် ထိုသူတို့ထံ၊ ထိုသူတို့၏ ရှေ့မှလည်းကောင်း၊ ထိုသူတို့၏နောက်မှလည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်မှ၎င်း၊ ထိုသူတို့၏ လက်ဝဲဖက်မှလည်းကောင်း၊ (လေးဘက်လေးတန် အဖက်ဖက်မှ)ဝင်ရောက်ပါမည်။ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အနက်အများစုကို ကျေးဇူးသိတတ်သော သူများအဖြစ် တွေ့ရှိတော်မူမည် မဟုတ်ပါ။
18 قَالَ اخْرُجْ مِنْهَا مَذْءُومًا مَّدْحُورًا ۖ لَّمَن تَبِعَكَ مِنْهُمْ لَأَمْلَأَنَّ جَهَنَّمَ مِنكُمْ أَجْمَعِينَ
(ထိုအခါ)ထိုအရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (ဟယ်-အစ်ဗ်လီးစ်) အသင်သည် ထို(ဂျန္နတ်အမတသုခဘုံ)မှ ဂုဏ်သရေသိမ်ဖျင်းစွာ နှင်ထုတ်ခြင်းခံရသူအဖြစ် ထွက်သွားလော့။ အမှန်စင်စစ်၊ ၎င်းတို့အနက် မည်သူမဆိုအသင်၏နောက်ကိုလိုက်ခဲ့ပါမူ ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို မလွဲဧကန် အသင်တို့အားလုံးဖြင့် ဖြည့်တော်မူအံ့။[အသင်ထိုမှထွက်လေ ဆိုလိုသည်ကား အသင်သည် ဂျန္နတ်မှထွက်လေ။ သို့မဟုတ် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်ထိုအရှင်မြတ်၏ ကောင်းကင်တမန်များ၏ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းခံရသူအဖြစ်’ဂျန္နတ်’မှ အနှင်ခံရသူအဖြစ်နှင့် ထွက်လေ။ဆိုလိုသည်ကား အခြားမုခပါဌ်တော်များတွင် ပါရှိသည့်အတိုင်း’အစ်ဗ်လစ်’ သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခဲ့ရသည်။ အပါးတော်မှ အနှင်ခံခဲ့ရသည်ဟူ၏။]
19 وَيَا آدَمُ اسْكُنْ أَنتَ وَزَوْجُكَ الْجَنَّةَ فَكُلَا مِنْ حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ الشَّجَرَةَ فَتَكُونَا مِنَ الظَّالِمِينَ
၎င်းပြင် အို-အာဒမ်၊ အသင်သည် မိမိကြင်ရာနှင့်တကွ ဂျန္နတ် အမတသုခဘုံ၌ နေထိုင်ပါလေ။ ထို့နောက်အသင်တို့နှစ်ဦးသည် မိမိတို့အလိုရှိရာ နေရာမှ စားသုံးကြလေကုန်။ သို့ရာတွင် ဤသစ်ပင်အနီးသို့ပင် မချဉ်းကပ်ကြကုန်လင့်။သို့မဟုတ်လျှင် အသင်တို့နှစ်ဦးသည်(လည်း) နစ်နာဆုံးရှုံးသူတို့တွင်အပါအဝင် ဖြစ်သွားကြလတ္တံ။
ဘာသာပြန် — အလ်-အာအ်ရာဖ် 17 စူရာ အလ်-အာအ်ရာဖ် အာယာသ် 17 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ကျွန်တော်မျိုးသည် ထိုသူတို့ထံ၊ ထိုသူတို့၏ ရှေ့မှလည်းကောင်း၊ ထိုသူတို့၏နောက်မှလည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်မှ၎င်း၊ ထိုသူတို့၏ လက်ဝဲဖက်မှလည်းကောင်း၊…
စူရာ အာယာသ် 17/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 15–19. မြန်မာဘာသာ: ภาษาไทย.