အလ်-အာအ်ရာဖ် · 16/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
قَالَ فَبِمَا أَغْوَيْتَنِي لَأَقْعُدَنَّ لَهُمْ صِرَاطَكَ الْمُسْتَقِيمَ ۝١٦
Qaala fabimaaa aghway tanee la aq`udanna lahum Siraatakal Mustaqeem
📖 မြန်မာဘာသာ
(ထိုအခါ) ၎င်းအစ်ဗ်လီးစ်က (ဤသို့)လျှောက်ထားခဲ့လေ၏။ (အို-အရှင်) အရှင်မြတ်သည် ကျွန်တော်မျိုးအားလမ်းမှားစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်လည်း ၎င်းတို့(အားလမ်းမှားစေရန်)အလို့ငှာ အရှင်မြတ်၏တရားလမ်းမှန်၌ မုချ(ပုန်းလျှိုးချောင်းမြောင်း၍)ထိုင်နေပါမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • أَغْوَيْتَنِي (အာဂ်ဝိုင်သနီ) — အလ္လာဟ်အရှင်မြတ်က ကျွန်ုပ်အား လမ်းလွဲစေခဲ့သည်၊ ပျက်စီးဆုံးရှုံးစေခဲ့သည်။
  • لَأَقْعُدَنَّ (လအက်က်အုဒန်န) — ကျွန်ုပ် ဧကန်အမှန် ထိုင်စောင့်မည်၊ ပိတ်ဆို့မည်။
  • صِرَاطَكَ الْمُسْتَقِيمَ (ဆွိရာသွက်ကလ် မွတ်စ်သကီမ) — အရှင်မြတ်၏ ဖြောင့်မတ်သော လမ်းတော်၊ ဣစ္စလာမ်သာသနာတော်၏ လမ်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ရှိုင်သွာန်(အိဗ်လီးစ်)က ဤသို့ဆိုခဲ့သည် — အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်အား လမ်းလွဲစေတော်မူခဲ့သောကြောင့်၊ ကျွန်ုပ်သည် အာဒမ်၏ သားသမီးများအား အရှင်မြတ်၏ ဖြောင့်မတ်သော လမ်းတော်မှ လှည့်ဖျားရန်၊ ထိုလမ်းပေါ်တွင် ထိုင်စောင့်၍ ပိတ်ဆို့တားဆီးရန် ဧကန်အမှန် ကြိုးပမ်းမည်ဟု ကျိန်ဆိုခဲ့သည်။ သူသည် မိမိ၏ မာန်မာနကြောင့် အာဒမ်အား ရှိခိုးရန် အမိန့်တော်ကို ဖီဆန်ခဲ့ပြီး၊ ထိုအပြစ်အတွက် အလ္လာဟ်အရှင်မြတ်က သူ့အား လမ်းလွဲစေတော်မူခဲ့သည်။ ထို့နောက် သူသည် လူသားများကို ဣစ္စလာမ်သာသနာတော်၊ ကောင်းမှုကုသိုလ်များ၏ လမ်းမှ လှည့်ဖျားရန်၊ သူတို့နှင့် ထိုလမ်းကြားတွင် ပိတ်ဆို့ရန် ကတိပြုခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ လူသားများကို မိမိကဲ့သို့ပင် လမ်းလွဲစေရန်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် လူသားများအား ဖြောင့်မတ်သော လမ်းတော်ကို ညွှန်ပြတော်မူပြီး၊ ထိုလမ်းသည် ဣစ္စလာမ်သာသနာတော်ပင်ဖြစ်သည်။ ဤလမ်းကို လိုက်လျှောက်ခြင်းဖြင့် လူသားများသည် ကမ္ဘာ့ဘဝနှင့် နောင်ဘဝတွင် အောင်မြင်မှုရရှိမည်။
  • ရှိုင်သွာန်သည် လူသားများကို လမ်းလွဲစေရန် အမြဲတမ်း ကြိုးပမ်းနေသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် လူသားများအား ရှိုင်သွာန်၏ လှည့်ဖျားမှုမှ ကာကွယ်ရန် လမ်းညွှန်ချက်များနှင့် အကာအကွယ်များကို ပေးအပ်ထားတော်မူသည်။
  • မာန်မာနထားခြင်းသည် လမ်းလွဲမှုနှင့် ပျက်စီးမှုကို ဖြစ်စေသည်။ အိဗ်လီးစ်၏ အဖြစ်မှ သင်ခန်းစာယူရမည်။
  • အလ္လာဟ်အရှင်မြတ်သည် အလွန်ကြီးမားသော ခွင့်လွှတ်မှုနှင့် ကရုဏာတော်ရှင်ဖြစ်သည်။ လူသားများသည် အမှားပြုမိပါက နောင်တရ၍


📜 အာယာသ် 14-18 — စူရာ အလ်-အာအ်ရာဖ်

14قَالَ أَنظِرْنِي إِلَىٰ يَوْمِ يُبْعَثُونَ
(ထိုအခါ) ယင်းအစ်ဗ်လီးစ်က အို-အရှင်အရှင်မြတ်သည် ကျွန်တော်မျိုးအား ပြစ်ဒဏ်ပေး တော်မူခြင်းမှလည်းကောင်း၊ အသက်သေခြင်းမှလည်းကောင်း၊ သတ္တဝါအပေါင်းတို့ ရှင်ပြန်ထကြရမည့်နေ့အထိ ရွှေ့ဆိုင်းပေးတော်မူပါဟု လျှောက်ထားခဲ့လေ၏။
15قَالَ إِنَّكَ مِنَ الْمُنظَرِينَ
(သို့ဖြစ်ပေရာ) ထိုအရှင်မြတ်က (ဟယ်အစ်ဗ်လီးစ်) မုချဧကန် အသင်သည် ရွှေ့ဆိုင်းခွင့် ရရှိပြီးဖြစ်သည်ဟု မိန့်ကြားတော်မူ၏။
16قَالَ فَبِمَا أَغْوَيْتَنِي لَأَقْعُدَنَّ لَهُمْ صِرَاطَكَ الْمُسْتَقِيمَ
(ထိုအခါ) ၎င်းအစ်ဗ်လီးစ်က (ဤသို့)လျှောက်ထားခဲ့လေ၏။ (အို-အရှင်) အရှင်မြတ်သည် ကျွန်တော်မျိုးအားလမ်းမှားစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်လည်း ၎င်းတို့(အားလမ်းမှားစေရန်)အလို့ငှာ အရှင်မြတ်၏တရားလမ်းမှန်၌ မုချ(ပုန်းလျှိုးချောင်းမြောင်း၍)ထိုင်နေပါမည်။
17ثُمَّ لَآتِيَنَّهُم مِّن بَيْنِ أَيْدِيهِمْ وَمِنْ خَلْفِهِمْ وَعَنْ أَيْمَانِهِمْ وَعَن شَمَائِلِهِمْ ۖ وَلَا تَجِدُ أَكْثَرَهُمْ شَاكِرِينَ
ထို့နောက် ကျွန်တော်မျိုးသည် ထိုသူတို့ထံ၊ ထိုသူတို့၏ ရှေ့မှလည်းကောင်း၊ ထိုသူတို့၏နောက်မှလည်းကောင်း၊ ထိုသူတို့၏ လက်ယာဘက်မှ၎င်း၊ ထိုသူတို့၏ လက်ဝဲဖက်မှလည်းကောင်း၊ (လေးဘက်လေးတန် အဖက်ဖက်မှ)ဝင်ရောက်ပါမည်။ ၎င်းပြင် အရှင်မြတ်သည် ထိုသူတို့အနက်အများစုကို ကျေးဇူးသိတတ်သော သူများအဖြစ် တွေ့ရှိတော်မူမည် မဟုတ်ပါ။
18قَالَ اخْرُجْ مِنْهَا مَذْءُومًا مَّدْحُورًا ۖ لَّمَن تَبِعَكَ مِنْهُمْ لَأَمْلَأَنَّ جَهَنَّمَ مِنكُمْ أَجْمَعِينَ
(ထိုအခါ)ထိုအရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ (ဟယ်-အစ်ဗ်လီးစ်) အသင်သည် ထို(ဂျန္နတ်အမတသုခဘုံ)မှ ဂုဏ်သရေသိမ်ဖျင်းစွာ နှင်ထုတ်ခြင်းခံရသူအဖြစ် ထွက်သွားလော့။ အမှန်စင်စစ်၊ ၎င်းတို့အနက် မည်သူမဆိုအသင်၏နောက်ကိုလိုက်ခဲ့ပါမူ ငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို မလွဲဧကန် အသင်တို့အားလုံးဖြင့် ဖြည့်တော်မူအံ့။[အသင်ထိုမှထွက်လေ ဆိုလိုသည်ကား အသင်သည် ဂျန္နတ်မှထွက်လေ။ သို့မဟုတ် အသင်သည် အလ္လာဟ်အရှင်မြတ်နှင့်ထိုအရှင်မြတ်၏ ကောင်းကင်တမန်များ၏ ကဲ့ရဲ့ပြစ်တင်ရှုတ်ချခြင်းခံရသူအဖြစ်’ဂျန္နတ်’မှ အနှင်ခံရသူအဖြစ်နှင့် ထွက်လေ။ဆိုလိုသည်ကား အခြားမုခပါဌ်တော်များတွင် ပါရှိသည့်အတိုင်း’အစ်ဗ်လစ်’ သည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးခဲ့ရသည်။ အပါးတော်မှ အနှင်ခံခဲ့ရသည်ဟူ၏။]
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
16အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 16

စူရာ အလ်-အာအ်ရာဖ် အာယာသ် 16 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ၎င်းအစ်ဗ်လီးစ်က (ဤသို့)လျှောက်ထားခဲ့လေ၏။ (အို-အရှင်) အရှင်မြတ်သည် ကျွန်တော်မျိုးအားလမ်းမှားစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်လည်း ၎င်းတို့(အားလမ်းမှားစေရန်)အလို့ငှာ အရှင်မြတ်၏တရားလမ်းမှန်၌ မုချ(ပုန်းလျှိုးချောင်းမြောင်း၍)ထိုင်နေပါမည်။

စူရာ အာယာသ် 16/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 14–18. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, October 20, 2026

Don't forget us in your sincere prayers