အလ်-အာအ်ရာဖ် · 67/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
قَالَ يَا قَوْمِ لَيْسَ بِي سَفَاهَةٌ وَلَٰكِنِّي رَسُولٌ مِّن رَّبِّ الْعَالَمِينَ ۝٦٧
Qaala yaa qawmi laisa bee safaahatunw wa laakinnee Rasoolum mir Rabbil `aalameen
📖 မြန်မာဘာသာ
(ထိုအခါ) ယင်း(နဗီတမန်တော် ဟူဒ်)က ‘အိုငါ၏အမျိုးသားတို့၊ ငါ၏အသိဉာဏ်နည်းပါးမှုသည် လုံးဝမရှိ။အမှန်စင်စစ်သော်ကား ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ပြ�စုပျိုးထောင်တော်မူသော အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူခြင်းခံရသော ရစူလ်တမန်တော်ပင် ဖြစ်ချေသည် ဟုဖြေကြားခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 65-69 — စူရာ အလ်-အာအ်ရာဖ်

65۞ وَإِلَىٰ عَادٍ أَخَاهُمْ هُودًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۚ أَفَلَا تَتَّقُونَ
ထိုနည်းတူစွာ(ငါအရှင်မြတ်သည်)အာဒ်အမျိုးသားတို့ထံ ၎င်းတို့၏ညီအစ်ကို သားချင်းဖြစ်သော (နဗီတမန်တော်)ဟူဒ် ကို(စေလွှတ်တော် မူခဲ့လေသည်။) ထိုအခါ ယင်း(နဗီတမန်တော် ဟူဒ် က အို-ငါ၏အမျိုးသားအပေါင်းတို့၊သင်တို့သည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်။ အသင်တို့၌ ထိုအလ္လာဟ်အရှင်မြတ် မှတစ်ပါးခဝပ် ကိုးကွယ်ရာဟူ၍ အလျင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည်မကြောက်ရွံ့ကြပါသလော ဟု ဟောကြားခဲ့လေသတည်း။)
66قَالَ الْمَلَأُ الَّذِينَ كَفَرُوا مِن قَوْمِهِ إِنَّا لَنَرَاكَ فِي سَفَاهَةٍ وَإِنَّا لَنَظُنُّكَ مِنَ الْكَاذِبِينَ
(ထိုအခါ) ယင်း(နဗီတမန်တော်ဟူဒ်)၏ အမျိုးသားတို့အနက် သွေဖည်ငြင်းပယ်ကြသော အကြီးအကဲတို့ကဧကန်စင်စစ် ကျွန်ုပ်တို့သည် အသင့်အား အသိဉာဏ်နည်းပါးမှုတွင် (ကျရောက် နေသည်ကို)တွေ့မြင်နေကြပါသည်။ ၎င်းပြင်မုချဧကန် ကျွန်ုပ်တို့သည် အသင့်အား ပြောဆိုသူတို့တွင် ပါဝင်သည်ဟူ၍လည်း ထင်မြင်ယူဆကြသည် ဟု ပြောဆိုကြကုန်သတည်း။
67قَالَ يَا قَوْمِ لَيْسَ بِي سَفَاهَةٌ وَلَٰكِنِّي رَسُولٌ مِّن رَّبِّ الْعَالَمِينَ
(ထိုအခါ) ယင်း(နဗီတမန်တော် ဟူဒ်)က ‘အိုငါ၏အမျိုးသားတို့၊ ငါ၏အသိဉာဏ်နည်းပါးမှုသည် လုံးဝမရှိ။အမှန်စင်စစ်သော်ကား ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ပြ�စုပျိုးထောင်တော်မူသော အရှင်မြတ်အထံတော်မှ စေလွှတ်တော်မူခြင်းခံရသော ရစူလ်တမန်တော်ပင် ဖြစ်ချေသည် ဟုဖြေကြားခဲ့လေသည်။
68أُبَلِّغُكُمْ رِسَالَاتِ رَبِّي وَأَنَا لَكُمْ نَاصِحٌ أَمِينٌ
ငါသည် မိမိအရှင်မြတ်က မှာကြားတော် မူလိုက်သောအမိန့်တော်များကို အသင်တို့ထံ ပို့ဆောင်လေသည်။ ၎င်းပြင် ငါသည် အသင်တို့၏ ကောင်းကျိုးကိုလိုလားသူ ယုံကြည်စိတ်ချရသူ အစစ်အမှန်လည်း ဖြစ်ချေသတည်း။
69أَوَعَجِبْتُمْ أَن جَاءَكُمْ ذِكْرٌ مِّن رَّبِّكُمْ عَلَىٰ رَجُلٍ مِّنكُمْ لِيُنذِرَكُمْ ۚ وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِن بَعْدِ قَوْمِ نُوحٍ وَزَادَكُمْ فِي الْخَلْقِ بَسْطَةً ۖ فَاذْكُرُوا آلَاءَ اللَّهِ لَعَلَّكُمْ تُفْلِحُونَ
အသင်တို့သည် မိမိတို့အရှင်မြတ်အထံတော်မှမိမိတို့အားသတိပေးနှိုးဆော်ရန် ဩဝါဒဓမ္မသည် မိမိတို့အနက်မှ လူတစ်ဦးမှတစ်ဆင့် မိမိတို့ထံ ရောက်ရှိလာသည်ကိုပင် အံ့ဩကြပါသလော။ အသင်တို့သည် မိမိတို့အား ထိုအရှင်မြတ်က (နဗီတမန်တော်)နူဟ်၏ အမျိုးသားများ မရှိသည့်နောက်တွင် နေရာချပေးတော်မူခဲ့သည်ကိုလည်းကောင်း၊အသင်တို့အား အရပ်အမောင်းအားဖြင့် ပိုမိုထွားကြိုင်းကြီးမားစေတော်မူခဲ့သည်ကိုလည်းကောင်း၊ ပြန်လည်သတိရကြလေကုန်။ တဖန်အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို ပြန်လည်သတိရကြလေကုန်။ သို့မှသာလျှင်အသင်တို့သည် အောင်မြင်ကြလတ္တံ့။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
67အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 67

စူရာ အလ်-အာအ်ရာဖ် အာယာသ် 67 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုအခါ) ယင်း(နဗီတမန်တော် ဟူဒ်)က ‘အိုငါ၏အမျိုးသားတို့၊ ငါ၏အသိဉာဏ်နည်းပါးမှုသည် လုံးဝမရှိ။အမှန်စင်စစ်သော်ကား ငါသည် စကြာဝဠာခပ်သိမ်းတို့ကို ပြ�စုပျိုးထောင်တော်မူသော အရှင်မြတ်အထံတော်မှ…

စူရာ အာယာသ် 67/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 65–69. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers