အန်-နာဇီအာ့ စူရာ အာရဗ်ဘာသာ နှင့် မြန်မာ
အန်-နာဇီအာ့ စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (46 အာယာသ် — مكية). အန်-နာဇီအာ့ နားထောင်, အန်-နာဇီအာ့ ဘာသာပြန်, အန်-နာဇီအာ့ mp3, အန်-နာဇီအာ့ pdf.အန်-နာဇီအာ့ စူရာ ဖတ်ရှူ နှင့် နားထောင်
🎧 အာယာသ်
M
Mishary Rashid Alafasy
✓
Mishary Rashid Alafasy
✓
M
Mahmoud Khalil Al-Husary
✓
Mahmoud Khalil Al-Husary
✓
A
Abdurrahman As-Sudais
✓
Abdurrahman As-Sudais
✓
M
Mohamed Siddiq Al-Minshawi
✓
Mohamed Siddiq Al-Minshawi
✓
A
Abdul Basit Abdul Samad
✓
Abdul Basit Abdul Samad
✓
A
Ali Al-Hudhaify
✓
Ali Al-Hudhaify
✓
A
Ahmed ibn Ali al-Ajamy
✓
Ahmed ibn Ali al-Ajamy
✓
A
Abu Bakr Ash-Shaatree
✓
Abu Bakr Ash-Shaatree
✓
M
Muhammad Ayyoub
✓
Muhammad Ayyoub
✓
A
Abdullah Basfar
✓
Abdullah Basfar
✓
A
Abdullah Al-Juhani
✓
Abdullah Al-Juhani
✓
M
Maher Al Muaiqly
✓
Maher Al Muaiqly
✓
—
x1
وَالنَّازِعَاتِ غَرْقًا ١
📖 ဘာသာပြန်
အာယာသ် 1
(ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သော သူတို့၏အသက်ဇီဝိန်များကို) ပြင်းထန်စွာ ဆွဲငင်နုတ်ထုတ်ယူကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။
وَالنَّاشِطَاتِ نَشْطًا ٢
📖 ဘာသာပြန်
အာယာသ် 2
၎င်းပြင် အထုံးအဖွဲ့ကို ဖြေပေးကြသော(ဝါ)မုအ်မင်န် သက်ဝင်ယုံကြည်သူတို့၏ အသက်ဇီဝိန်များကို လွယ်ကူ (ညင်သာ)စွာ နုတ်ယူကြသော (ကောင်းကင်တမန်)တို့အား သက်သေထူ၏။
وَالسَّابِحَاتِ سَبْحًا ٣
📖 ဘာသာပြန်
အာယာသ် 3
၎င်းပြင် (ရေကူးသကဲ့သို့) လျင်မြန်စွာကူး၍သွားကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။
فَالسَّابِقَاتِ سَبْقًا ٤
📖 ဘာသာပြန်
အာယာသ် 4
တဖန် လျင်မြန်စွာပြေးကြသော(ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။
فَالْمُدَبِّرَاتِ أَمْرًا ٥
📖 ဘာသာပြန်
အာယာသ် 5
တဖန် အရေးကိစ္စအဝဝတို့ကို နေရာတကျဖြစ်အောင် စီမံကြသော (ကောင်းကင်တမန်)တို့အား သက်သေထူတော်မူ၏။
يَوْمَ تَرْجُفُ الرَّاجِفَةُ ٦
📖 ဘာသာပြန်
အာယာသ် 6
အကြင်နေ့တွင် တုန်လှုပ်စေသောအရာ(ဝါ)ပထမအကြိမ် တံပိုးခရာမှုတ်ခြင်းသည် တုန်လှုပ်စေမည်ဖြစ်၏။
تَتْبَعُهَا الرَّادِفَةُ ٧
📖 ဘာသာပြန်
အာယာသ် 7
နောက်မှလာသောအရာ(ဝါ) ဒုတိယအကြိမ် တံပိုးခရာမှုတ်ခြင်းသည် ယင်းတုန်လှုပ်စေသောအရာ (ဝါ) ပထမအကြိမ် တံပိုးခရာမှုတ်ခြင်း၏နောက်မှ လိုက်၍လာမည်ဖြစ်၏။
قُلُوبٌ يَوْمَئِذٍ وَاجِفَةٌ ٨
📖 ဘာသာပြန်
အာယာသ် 8
ထိုနေ့တွင်ကား မြောက်မြားစွာသော စိတ်နှလုံးများသည် ချောက်ချားလျက်ရှိကြပေမည်။
أَبْصَارُهَا خَاشِعَةٌ ٩
📖 ဘာသာပြန်
အာယာသ် 9
ထို (စိတ်နှလုံးရှင်)တို့၏ မျက်စိများကား အောက်သို့စိုက်လျက် ရှိကြပေမည်။
يَقُولُونَ أَإِنَّا لَمَرْدُودُونَ فِي الْحَافِرَةِ ١٠
📖 ဘာသာပြန်
အာယာသ် 10
၎င်းတို့က "အသို့ပါနည်း၊ ကျွန်ုပ်တို့သည် မူလအခြေအနေသို့ တဖန်ပြန်၍ အမှန်ပင် ရောက်ရှိကြမည်လော၊" ဟု ပြောဆိုကြလေသည်။
أَإِذَا كُنَّا عِظَامًا نَّخِرَةً ١١
📖 ဘာသာပြန်
အာယာသ် 11
ကျွန်ုပ်တို့သည် ဆွေးမြည့်သော အရိုးများသာကျန်ရှိသောအခါ (မူလအတိုင်း ပြန်လည်ရှင်ကြရဦးမည်)လော။
قَالُوا تِلْكَ إِذًا كَرَّةٌ خَاسِرَةٌ ١٢
📖 ဘာသာပြန်
အာယာသ် 12
သို့ဖြစ်လျှင် ယင်း(ရှင်ပြန်ထခြင်း)သည် (ကျွန်ုပ်တို့အဖို့) ဆုံးရှုံးသော ရှင်ပြန်ထခြင်းပင် ဖြစ်ချေမည်ဟု ပြောဆိုကြလေသည်။
فَإِنَّمَا هِيَ زَجْرَةٌ وَاحِدَةٌ ١٣
📖 ဘာသာပြန်
အာယာသ် 13
စင်စစ် ထိုအရာကား ပြင်းထန်လှစွာသော အသံတစ်ခုသာလျှင် ဖြစ်ပေမည်။
فَإِذَا هُم بِالسَّاهِرَةِ ١٤
📖 ဘာသာပြန်
အာယာသ် 14
ထိုအခါ လူအားလုံးတို့သည် မြေမျက်နှာပြင်သို့ ရုတ်တရက်ပင် ရှိလာကြအံ့သတည်း။
هَلْ أَتَاكَ حَدِيثُ مُوسَىٰ ١٥
📖 ဘာသာပြန်
အာယာသ် 15
(အို-နဗီတမန်တော်)အသင့်ထံ(နဗီတမန်တော်)မူစာ၏အကြောင်း အတ္တုပ္ပတ္တိသည် ရောက်လာခဲ့လေပြီလော။
إِذْ نَادَاهُ رَبُّهُ بِالْوَادِ الْمُقَدَّسِ طُوًى ١٦
📖 ဘာသာပြန်
အာယာသ် 16
တရံရောအခါဝယ် ထို(နဗီတမန်တော်)မူစာ၏အရှင်မြတ်သည် ထို(နဗီတမန်တော်)မူစာအား "တွုဝါ" အမည်ရှိ ထူးမြတ်သော တောင်ကြားအရပ်၌ ဟစ်ခေါ်တော်မူခဲ့၏။
اذْهَبْ إِلَىٰ فِرْعَوْنَ إِنَّهُ طَغَىٰ ١٧
📖 ဘာသာပြန်
အာယာသ် 17
အသင်သည် ဖစ်ရ်အောင်န်၏ထံသို့ သွားပါလေ။ ဧကန်မလွဲ ထိုဖစ်ရ်အောင်န်သည် လွန်စွာ ရက်စက်ကြမ်းကြုတ်လျက် ရှိနေလေပြီ။
فَقُلْ هَل لَّكَ إِلَىٰ أَن تَزَكَّىٰ ١٨
📖 ဘာသာပြန်
အာယာသ် 18
သို့ဖြစ်ပေရာ အသင်သည် (၎င်း၏ထံသို့ သွားရောက်ပြီးလျှင် ဤသို့)ပြောကြားပါလေ။ (အို-ဖစ်ရ်အောင်န်)အသင်၌ မိမိ စင်ကြယ်သန့်ရှင်း အပြစ်ကင်းရန်လည်းကောင်း။
وَأَهْدِيَكَ إِلَىٰ رَبِّكَ فَتَخْشَىٰ ١٩
📖 ဘာသာပြန်
အာယာသ် 19
ကျွန်ုပ်သည် အသင့်အား အသင်၏အရှင်မြတ်အထံတော်သို့ လမ်းညွှန်၍ပေးရန်လည်းကောင်း၊ ဆန္ဒ ရှိလေသလော။ သို့ဖြစ်လျှင် အသင်သည်(ထိုအရှင်မြတ်အား)ကြောက်ရွံ့ရိုသေသောသူ ဖြစ်လာပေမည်။
فَأَرَاهُ الْآيَةَ الْكُبْرَىٰ ٢٠
📖 ဘာသာပြန်
အာယာသ် 20
ထိုနောက် ထို(နဗီတမန်တော်)မူစာသည် ၎င်းဖစ်ရ်အောင်န်အား အကြီးကျယ်ဆုံးသော သက်သေ လက္ခဏာတန်ခိုးတော်ကို ပြသခဲ့လေသည်။
فَكَذَّبَ وَعَصَىٰ ٢١
📖 ဘာသာပြန်
အာယာသ် 21
သို့ပါလျက် ထိုဖစ်ရ်အောင်န်သည် (နဗီတမန်တော်မူစာအား) မဟုတ်မမှန်ဟူ၍ ငြင်းပယ်ခဲ့သည့်ပြင် (ထိုနဗီတမန်တော်မူစာ၏ ဟောကြားချက်များကိုလည်း) ဖီဆန်ခဲ့လေသည်။
ثُمَّ أَدْبَرَ يَسْعَىٰ ٢٢
📖 ဘာသာပြန်
အာယာသ် 22
ထို့နောက် ထိုဖစ်ရ်အောင်န်သည် (နဗီတမန်တော်မူစာအား) ကျောခိုင်း၍ (ကမ္ဘာမြေဝယ် ဆူပူ သောင်းကျန်းရန်) ကြိုးပမ်းလေတော့သည်။
فَحَشَرَ فَنَادَىٰ ٢٣
📖 ဘာသာပြန်
အာယာသ် 23
ထို့နောက် ထိုဖစ်ရ်အောင်န်သည် (ပဉ္စလက်ဆရာများကိုလည်းကောင်း၊ စစ်သည် ရဲမက်တို့ကို လည်းကောင်း၊) စုရုံးပြီးလျှင် (အသံကျယ်စွာ) ဟစ်အော်ခဲ့လေသည်။
فَقَالَ أَنَا رَبُّكُمُ الْأَعْلَىٰ ٢٤
📖 ဘာသာပြန်
အာယာသ် 24
ထို့နောက် ၎င်း(ဖစ်ရ်အောင်န်)က "ကျွန်ုပ်သည်ပင် အသင်တို့၏ မြင့်မြတ်ဆုံးသောအရှင် ဖြစ်သည်" ဟုပြောဆို(ကြေညာ)ခဲ့လေသည်။
فَأَخَذَهُ اللَّهُ نَكَالَ الْآخِرَةِ وَالْأُولَىٰ ٢٥
📖 ဘာသာပြန်
အာယာသ် 25
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် ထိုဖစ်ရ်အောင်န်အား အာခိရတ်တမလွန်ဘဝ၏ ပြစ်ဒဏ်၌လည်းကောင်း၊ လောကီဘဝ၏ပြစ်ဒဏ်၌လည်းကောင်း၊ ဖမ်းဆီး ကွပ်မျက်တော်မူခဲ့လေသည်။
إِنَّ فِي ذَٰلِكَ لَعِبْرَةً لِّمَن يَخْشَىٰ ٢٦
📖 ဘာသာပြန်
အာယာသ် 26
ဧကန်မလွဲ ထို(အကြောင်းအတ္တုပ္ပတ္တိ)၌(အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသောသူ အဖို့သတိပေး နှိုးဆော်ချက်သည် အမှန်ပင် ရှိပေသတည်း။
أَأَنتُمْ أَشَدُّ خَلْقًا أَمِ السَّمَاءُ ۚ بَنَاهَا ٢٧
📖 ဘာသာပြန်
အာယာသ် 27
အသို့ပါနည်း၊ အသင်တို့အား ဖန်ဆင်းတော်မူခြင်းသည် ပို၍ခဲယဉ်းလေသလော၊ သို့တည်းမဟုတ် မိုးကောင်းကင်ကို ဖန်ဆင်းတော်မူခြင်းသည် ပို၍ ခဲယဉ်းလေသလော။ ထိုအရှင်မြတ်သည် ယင်း မိုးကောင်းကင်ကိုပြုလုပ်(ဖန်ဆင်း)တော်မူခဲ့၏။
رَفَعَ سَمْكَهَا فَسَوَّاهَا ٢٨
📖 ဘာသာပြန်
အာယာသ် 28
ထိုအရှင်မြတ်သည် ယင်းမိုးကောင်းကင်၏ မျက်နှာကျက်ကို မြင့်စွင့်စွာပြုလုပ်တော်မူခဲ့၏။ တစ်ဖန် ယင်းမိုးကောင်းကင်ကို အပြစ်အနာ ကင်းရှင်းစွာ ပြုလုပ်တော်မူခဲ့၏။
وَأَغْطَشَ لَيْلَهَا وَأَخْرَجَ ضُحَاهَا ٢٩
📖 ဘာသာပြန်
အာယာသ် 29
၎င်းပြင် ထိုအရှင်မြတ်သည် ယင်း မိုးကောင်းကင်၏ ညဉ့်ကို မှောင်မိုက်စေတော်မူခဲ့၏။ ထို့ပြင် ယင်းမိုးကောင်းကင်၏ နေ့ကိုမူကား (လင်းဝင်း) ထင်ရှားစေတော်မူခဲ့၏။
وَالْأَرْضَ بَعْدَ ذَٰلِكَ دَحَاهَا ٣٠
📖 ဘာသာပြန်
အာယာသ် 30
၎င်းပြင် ထိုအရှင်မြတ်သည် ယင်း(မိုးကောင်းကင်ကို စနစ်တကျ ပြုပြင်တော်မူပြီးသည့်) နောက်တွင် ပထဝီမြေကို ဖြန့်ခင်းတော်မူခဲ့၏။
أَخْرَجَ مِنْهَا مَاءَهَا وَمَرْعَاهَا ٣١
📖 ဘာသာပြန်
အာယာသ် 31
ထိုအရှင်မြတ်သည် ထိုပထဝီမြေမှ ယင်းပထဝီမြေ၏ရေကိုလည်းကောင်း၊ ယင်းပထဝီမြေ၏မြက်၊ သစ်ပင်၊ ကောက်ပဲသီးနှံ၊ အစရှိသည်များကိုလည်းကောင်း၊ ထွက်စေတော်မူခဲ့၏။
وَالْجِبَالَ أَرْسَاهَا ٣٢
📖 ဘာသာပြန်
အာယာသ် 32
၎င်းပြင် ထိုအရှင်မြတ်သည် တောင်များကို(ယင်းပထဝီမြေ၌) ကျောက်ဆူး(အဖြစ်) ချထားတော်မူခဲ့၏။
مَتَاعًا لَّكُمْ وَلِأَنْعَامِكُمْ ٣٣
📖 ဘာသာပြန်
အာယာသ် 33
အသင်တို့၏အကျိုးငှာလည်းကောင်း၊ အသင်တို့၏ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်တို့၏အကျိုးငှာ လည်းကောင်း။
فَإِذَا جَاءَتِ الطَّامَّةُ الْكُبْرَىٰ ٣٤
📖 ဘာသာပြန်
အာယာသ် 34
အကြင်အခါဝယ် ထိုကြီးကျယ်လှစွာသော ဘေးဒုက္ခကြီးသည် ဆိုက်ရောက်လာခဲ့ပေမည်။
يَوْمَ يَتَذَكَّرُ الْإِنسَانُ مَا سَعَىٰ ٣٥
📖 ဘာသာပြန်
အာယာသ် 35
(ဝါ)အကြင်နေ့တွင် လူသားတို့သည် မိမိတို့ ကြိုးပမ်း ဆောင်ရွက်ခဲ့သမျှတို့ကို သတိရကြပေမည်။
وَبُرِّزَتِ الْجَحِيمُ لِمَن يَرَىٰ ٣٦
📖 ဘာသာပြန်
အာယာသ် 36
၎င်းပြင် "ဂျဟန္နမ်" ငရဲသည် ကြည့်ရှုသောသူတို့၏ရှေ့ဝယ် ထင်ရှားစွာ ပေါ်လာစေခြင်းကို ခံရပေမည်။
وَآثَرَ الْحَيَاةَ الدُّنْيَا ٣٨
📖 ဘာသာပြန်
အာယာသ် 38
၎င်းပြင် ထိုသူသည် လောကီဘဝကို ဦးစားပေးခဲ့လေသည်။
فَإِنَّ الْجَحِيمَ هِيَ الْمَأْوَىٰ ٣٩
📖 ဘာသာပြန်
အာယာသ် 39
သို့ဖြစ်လျှင် ဧကန်မလွဲ "ဂျဟန္နမ်" ငရဲသာ လျှင်(ထိုသူ၏)ခိုကိုးရာဌာန ဖြစ်ချိမ့်မည်။
وَأَمَّا مَنْ خَافَ مَقَامَ رَبِّهِ وَنَهَى النَّفْسَ عَنِ الْهَوَىٰ ٤٠
📖 ဘာသာပြန်
အာယာသ် 40
သို့ရာတွင် အကြင်သူသည် မိမိအား ဖန်ဆင်းတော်မူသောအရှင်မြတ်၏ ရှေ့တော်မှောက်ဝယ် မတ်တပ်ရပ်ရမည်ကို ကြောက်ရွံ့စိုးရိမ်ခဲ့လေသည်။ ၎င်းပြင် ထိုသူသည် စိတ်ကိုလည်း (မကောင်းသော) အလိုဆန္ဒများမှ တားမြစ်ခဲ့လေသည်။
فَإِنَّ الْجَنَّةَ هِيَ الْمَأْوَىٰ ٤١
📖 ဘာသာပြန်
အာယာသ် 41
သို့ဖြစ်လျှင် ဧကန်မလွဲ "ဂျန္နတ်" သုခဘုံသည်သာလျှင် (ထိုသူ၏)ခိုကိုးရာဖြစ်အံ့သတည်း၊
يَسْأَلُونَكَ عَنِ السَّاعَةِ أَيَّانَ مُرْسَاهَا ٤٢
📖 ဘာသာပြန်
အာယာသ် 42
(အို-နဗီတမန်တော်) ၎င်းတို့သည် အသင့်အား "ကိယာမတ်" ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့သည် မည်သည့် အချိန်အခါ၌ ဆိုက်ရောက်အံ့နည်းဟု မေးမြန်းကြကုန်၏။
فِيمَ أَنتَ مِن ذِكْرَاهَا ٤٣
📖 ဘာသာပြန်
အာယာသ် 43
ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့ (ဆိုက်ရောက်မည့်အကြောင်းကို) ထုတ်ဖော် ပြောပြခြင်းသည် အသင်နှင့် မည်သို့ ပတ်သက်ပါသနည်း။
إِلَىٰ رَبِّكَ مُنتَهَاهَا ٤٤
📖 ဘာသာပြန်
အာယာသ် 44
ယင်း "ကိယာမတ်" ရှင်ပြန်ထမည့်နေ့(နှင့်စပ်လျဉ်းသောအသိပညာ)၏ အဆုံးမှာ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အထံတော်၌သာ ဖြစ်ပေသည်။
إِنَّمَا أَنتَ مُنذِرُ مَن يَخْشَاهَا ٤٥
📖 ဘာသာပြန်
အာယာသ် 45
အသင်သည် ယင်း "ကိယာမသ်" ရှင်ပြန်ထမည့်နေ့ကို တွေ့မြင်ကြသောနေ့တွင် မိမိတို့မှ(ကမ္ဘာလောက လောကီဘဝ၌) တစ်ညနေချမ်းမျှ သို့မဟုတ် ထိုညနေချမ်း၏ တစ်နံနက်ခင်းမျှသာ နေထိုင်ခဲ့ဘိသကဲ့သို့ ထင်မှတ်ကြအံ့သတည်း။
كَأَنَّهُمْ يَوْمَ يَرَوْنَهَا لَمْ يَلْبَثُوا إِلَّا عَشِيَّةً أَوْ ضُحَاهَا ٤٦
📖 ဘာသာပြန်
အာယာသ် 46
၎င်းတို့သည် ယင်းကိယာမတ်ရှင်ပြန်ထမည့်နေ့ကို တွေ့မြင်ကြသောနေ့တွင် မိမိတို့မှ(ကမ္ဘာလောကလောကီဘဝ၌) တစ်ညနေချမ်းမျှ သို့မဟုတ် ထိုညနေချမ်း၏ တစ်နံနက်ခင်းမျှသာ နေထိုင်ခဲ့ဘိသကဲ့သို့ ထင်မှတ်ကြအံ့ သတည်း။
ဖတ်ရန် အန်-နာဇီအာ့ စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ
ကုရ်အာန်ကျမ်း
Tuesday, August 18, 2026
Don't forget us in your sincere prayers

