အဗစ စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အဗစ စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (42 အာယာသ် — مكية). အဗစ နားထောင်, အဗစ ဘာသာပြန်, အဗစ mp3, အဗစ pdf.

အဗစ စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
عَبَسَ وَتَوَلَّىٰ ۝١
📖 ဘာသာပြန် အာယာသ် 1
ထို(နဗီတမန်တော်မြတ်)သည် မျက်မှောင်ကြုတ်ခဲ့သည့်ပြင် မျက်နှာလည်း လွှဲခဲ့လေသည်။ (မကြည်မသာ မျက်နှာသုန်မှုန်စွာဖြင့် မျက်နှာလွှဲ၍ နေခဲ့လေသည်။)
أَن جَاءَهُ الْأَعْمَىٰ ۝٢
📖 ဘာသာပြန် အာယာသ် 2
မိမိထံသို့ မျက်စိမမြင်သောသူ ဝင်ရောက်၍ လာခဲ့သောကြောင့်။
وَمَا يُدْرِيكَ لَعَلَّهُ يَزَّكَّىٰ ۝٣
📖 ဘာသာပြန် အာယာသ် 3
အသင် သိပါသလော၊ စင်စစ် မျက်စိမမြင်သောသူသည် စင်ကြယ်သန့်ရှင်းသူ ဖြစ်တန်ရာသည်။
أَوْ يَذَّكَّرُ فَتَنفَعَهُ الذِّكْرَىٰ ۝٤
📖 ဘာသာပြန် အာယာသ် 4
သို့တည်းမဟုတ် ထိုသူသည် တရားရသွားနိုင်ပေသည်။ (ဆင်ခြင်နိုင်ပေသည်)။ သို့ဖြစ်လျှင် ဆုံးမ ဩဝါဒပေးခြင်းသည် ထိုသူအား အကျိုးဖြစ်ထွန်းစေနိုင်မည်။
أَمَّا مَنِ اسْتَغْنَىٰ ۝٥
📖 ဘာသာပြန် အာယာသ် 5
မည်သို့ပင်ဖြစ်စေ အကြင်သူသည် အလေးမမူဂရုမစိုက်ခဲ့ချေ။
فَأَنتَ لَهُ تَصَدَّىٰ ۝٦
📖 ဘာသာပြန် အာယာသ် 6
သို့ပါလျက် အသင်သည် ထိုသူအား ဂရုစိုက်အရေးပေးသည်။
وَمَا عَلَيْكَ أَلَّا يَزَّكَّىٰ ۝٧
📖 ဘာသာပြန် အာယာသ် 7
စင်စစ်သော်ကား ထိုသူ မစင်ကြယ်သည့်အတွက် အသင့်အပေါ်၌ မည်သို့မျှ အပြစ်မရှိချေ။
وَأَمَّا مَن جَاءَكَ يَسْعَىٰ ۝٨
📖 ဘာသာပြန် အာယာသ် 8
သို့ရာတွင် မည်သို့ပင်ဖြစ်စေ၊ အကြင်သူသည် အသင့်ထံသို့ အပြေးအလွှားရောက်ရှိလာခဲ့လေသည်။
وَهُوَ يَخْشَىٰ ۝٩
📖 ဘာသာပြန် အာယာသ် 9
ထိုမှတစ်ပါး ထိုသူသည် (အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသူလည်း ဖြစ်ခဲ့ပေသည်။
فَأَنتَ عَنْهُ تَلَهَّىٰ ۝١٠
📖 ဘာသာပြန် အာယာသ် 10
သို့ပါလျက် အသင်သည် ထိုသူအား အရေးမပေး လျစ်လျူရှုခဲ့ပေသည်။
كَلَّا إِنَّهَا تَذْكِرَةٌ ۝١١
📖 ဘာသာပြန် အာယာသ် 11
(အို-နဗီတမန်တော်၊ အသင်သည်) ဤသို့ အလျင်းမပြုပါလေနှင့်။ ဤ(ကုရ်အာန်ကျမ်းတော်မြတ်)သည် ဆုံးမဩဝါဒပင်ဖြစ်ပေသည်။
فَمَن شَاءَ ذَكَرَهُ ۝١٢
📖 ဘာသာပြန် အာယာသ် 12
သို့ဖြစ်ပေရာ အလိုရှိသောသူသည် ယင်းဆုံးမဩဝါဒကို လေ့ကျက်မှတ်သားပေလိမ့်မည်။
فِي صُحُفٍ مُّكَرَّمَةٍ ۝١٣
📖 ဘာသာပြန် အာယာသ် 13
(ယင်းဆုံးမဩဝါဒသည်) ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော အရွက်များပေါ်၌ (ရေးသားပြီး)ဖြစ်၏။
مَّرْفُوعَةٍ مُّطَهَّرَةٍ ۝١٤
📖 ဘာသာပြန် အာယာသ် 14
(ယင်းအရွက်များသည်) မြင့်မြတ်သော၊ စင်ကြယ်သန့်ရှင်းသော(အရွက်များ ဖြစ်သည်)။
بِأَيْدِي سَفَرَةٍ ۝١٥
📖 ဘာသာပြန် အာယာသ် 15
(ယင်းအရွက်များသည်) ရေးသားကြသော ကောင်းကင်တမန်တို့၏ လက်တွင်း၌ရှိ၏။
كِرَامٍ بَرَرَةٍ ۝١٦
📖 ဘာသာပြန် အာယာသ် 16
(ထိုကောင်းကင်တမန်များသည်) ဂုဏ်အင်ဒြပ်ထူးကဲကြသော၊ သူတော်စင်များဖြစ်ကြကုန်သော (ကောင်းကင်တမန်များ ဖြစ်ကြပေသတည်း)။
قُتِلَ الْإِنسَانُ مَا أَكْفَرَهُ ۝١٧
📖 ဘာသာပြန် အာယာသ် 17
မနူဿလူသားသည် ပျက်စီးပါစေ၊ (ပျက်စီးချိမ့်သတည်း)။ ၎င်းသည် အဘယ်မျှလောက် ကျေးဇူးကန်းဘိသနည်း။
مِنْ أَيِّ شَيْءٍ خَلَقَهُ ۝١٨
📖 ဘာသာပြန် အာယာသ် 18
ထိုအရှင်မြတ်သည် ၎င်းအား မည်သည့်အရာဖြင့် ဖန်ဆင်းတော်မူပါသနည်း။
مِن نُّطْفَةٍ خَلَقَهُ فَقَدَّرَهُ ۝١٩
📖 ဘာသာပြန် အာယာသ် 19
ထိုအရှင်မြတ်သည် ၎င်းအား ကလလရေကြည်တစ်စက်ဖြင့် ဖန်ဆင်းတော်မူ၏။ တစ်ဖန် ထိုအရှင် မြတ်သည် ၎င်းအား နှိုင်းချိန်တိုင်းဆခန့်မှန်း၍ ပြုလုပ်တော်မူ၏။
ثُمَّ السَّبِيلَ يَسَّرَهُ ۝٢٠
📖 ဘာသာပြန် အာယာသ် 20
ထို့နောက် ထိုအရှင်မြတ်သည် ၎င်း၏အဖို့ လမ်းကို လွယ်ကူစေတော်မူ၏။
ثُمَّ أَمَاتَهُ فَأَقْبَرَهُ ۝٢١
📖 ဘာသာပြန် အာယာသ် 21
ထို့နောက် ထိုအရှင်မြတ်သည် ၎င်းအား သေဆုံးစေတော်မူ၏။ တစ်ဖန် ထိုအရှင်မြတ်သည် ၎င်းအား သင်္ချိုင်းတွင်းသို့ မြှုပ်နှံစေတော်မူ၏။
ثُمَّ إِذَا شَاءَ أَنشَرَهُ ۝٢٢
📖 ဘာသာပြန် အာယာသ် 22
ထို့နောက်တဖန် ထိုအရှင်မြတ်သည် အလိုရှိတော်မူသောအခါ ၎င်းအား ရှင်ပြန်ထစေတော်မူမည်။
كَلَّا لَمَّا يَقْضِ مَا أَمَرَهُ ۝٢٣
📖 ဘာသာပြန် အာယာသ် 23
ထိုလူသားသည် ၎င်းအား ထိုအရှင်မြတ်က အမိန့်ပေးတော်မူသည်များကို ကျေပွန်အောင် ဆောင်ရွက်ခဲ့ခြင်း အလျင်း မရှိချေ။
فَلْيَنظُرِ الْإِنسَانُ إِلَىٰ طَعَامِهِ ۝٢٤
📖 ဘာသာပြန် အာယာသ် 24
ပြီးနောက် လူသားသည် မိမိ အစားအစာကို(ပြန်လည်)ကြည့်ရှု ဆင်ခြင်အပ်ပေသည်။
أَنَّا صَبَبْنَا الْمَاءَ صَبًّا ۝٢٥
📖 ဘာသာပြန် အာယာသ် 25
ဧကန်မလွဲ ငါအရှင်မြတ်သည် (မိုး)ရေကို (အံ့ဘွယ်သရဲ) ရွာသွန်းစေတော်မူ၏။
ثُمَّ شَقَقْنَا الْأَرْضَ شَقًّا ۝٢٦
📖 ဘာသာပြန် အာယာသ် 26
ထိုနောက် ငါအရှင်မြတ်သည် ပထဝီမြေကို (အံ့ဘွယ်သရဲ) ခွဲတော်မူ၏။
فَأَنبَتْنَا فِيهَا حَبًّا ۝٢٧
📖 ဘာသာပြန် အာယာသ် 27
တဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ ကောက်ပဲသီးနှံကို ပေါက်ရောက်စေတော်မူ၏။
وَعِنَبًا وَقَضْبًا ۝٢٨
📖 ဘာသာပြန် အာယာသ် 28
စပျစ်ပင်ကိုလည်းကောင်း၊ စိမ်းစိုသော ဟင်းသီးဟင်းရွက်ကိုလည်းကောင်း။
وَزَيْتُونًا وَنَخْلًا ۝٢٩
📖 ဘာသာပြန် အာယာသ် 29
သံလွင်ပင်ကိုလည်းကောင်း၊ စွန်ပလွံပင်ကိုလည်းကောင်း။
وَحَدَائِقَ غُلْبًا ۝٣٠
📖 ဘာသာပြန် အာယာသ် 30
(သစ်ပင်ပန်းပင်များ)ထူထပ်သော ဥယျာဉ်များကိုလည်းကောင်း။
وَفَاكِهَةً وَأَبًّا ۝٣١
📖 ဘာသာပြန် အာယာသ် 31
သစ်သီးဝလံများကိုလည်းကောင်း၊ ကျွဲ၊ နွားတိရစ္ဆာန်အစာကိုလည်းကောင်း၊ (ပေါက်ရောက်စေတော်မူ၏)။
مَّتَاعًا لَّكُمْ وَلِأَنْعَامِكُمْ ۝٣٢
📖 ဘာသာပြန် အာယာသ် 32
အသင်တို့၏အကျိုးငှာလည်းကောင်း၊ အသင် တို့၏ကုလားအုတ်၊ ကျွဲ၊ နွားတိရစ္ဆာန်များ၏ အကျိုးငှာလည်းကောင်း၊
فَإِذَا جَاءَتِ الصَّاخَّةُ ۝٣٣
📖 ဘာသာပြန် အာယာသ် 33
တဖန် နားပင်းစေသောအသံသည် (ထွက် ပေါ်၍) လာသောအခါ။
يَوْمَ يَفِرُّ الْمَرْءُ مِنْ أَخِيهِ ۝٣٤
📖 ဘာသာပြန် အာယာသ် 34
အကြင်နေ့တွင် လူသည်ထွက်ပြေး (တိမ်းရှောင်)အံ့၊ မိမိညီအစ်ကို၏ထံမှလည်းကောင်း။
وَأُمِّهِ وَأَبِيهِ ۝٣٥
📖 ဘာသာပြန် အာယာသ် 35
မိမိအမိထံမှလည်းကောင်း၊ မိမိအဘထံမှ လည်းကောင်း။
وَصَاحِبَتِهِ وَبَنِيهِ ۝٣٦
📖 ဘာသာပြန် အာယာသ် 36
မိမိဇနီး ကြင်ယာ၏ထံမှလည်းကောင်း၊ မိမိသားသမီးထံမှလည်းကောင်း။
لِكُلِّ امْرِئٍ مِّنْهُمْ يَوْمَئِذٍ شَأْنٌ يُغْنِيهِ ۝٣٧
📖 ဘာသာပြန် အာယာသ် 37
ထိုနေ့တွင်ကား လူတိုင်းလူတိုင်း၌ (အခြား မည်သည့်တစုံတရာကိုမျှ) ဂရုမစိုက်ဘဲ လုံးပန်း၍ နေစေသော အရေးကိစ္စတခုစီ ရှိနေမည်ဖြစ်၏။
وُجُوهٌ يَوْمَئِذٍ مُّسْفِرَةٌ ۝٣٨
📖 ဘာသာပြန် အာယာသ် 38
ထိုနေ့တွင် မြောက်မြားစွာသောမျက်နှာတို့မှာ လင်းဝင်းတောက်ပလျက် ရှိကြပေမည်။
ضَاحِكَةٌ مُّسْتَبْشِرَةٌ ۝٣٩
📖 ဘာသာပြန် အာယာသ် 39
ရယ်မောရွှင်ပြလျက် (ရှိကြပေမည်)။
وَوُجُوهٌ يَوْمَئِذٍ عَلَيْهَا غَبَرَةٌ ۝٤٠
📖 ဘာသာပြန် အာယာသ် 40
ထိုမှတစ်ပါး မြောက်မြားစွာသော မျက်နှာတို့အပေါ်၌မူကား မြူမှုန်များသည် ရှိနေပေမည်။
تَرْهَقُهَا قَتَرَةٌ ۝٤١
📖 ဘာသာပြန် အာယာသ် 41
ထိုမျက်နှာများအပေါ်၌ အမှောင်သည် ဖုံးလွှမ်းလျက် ရှိပေမည်။
أُولَٰئِكَ هُمُ الْكَفَرَةُ الْفَجَرَةُ ۝٤٢
📖 ဘာသာပြန် အာယာသ် 42
ထိုသူတို့သည်သာလျှင် ကာဖိရ် သွေဖည်ငြင်းပယ်သူများ၊ ဆိုးသွမ်းသူများ ဖြစ်ကြကုန်သတည်း။
← 79 အဗစ (80/114) 81 →
ဖတ်ရန် အဗစ စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

80عبس 'Abasa 📚 42 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အဗစ စူရာ — 42 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers